+++++++++++++++++++++++++++++++++++++++
လောကမှာ အတို
+ အရှည်၊ အကြီး + အသေး၊ ကောင်းမှု + မကောင်းမှု၊ ကုသိုလ် + အကုသိုလ် စသည်ဖြင့် ဒွန်တွဲလျက်ရှိရာ
သာသနာတော်ကြီး အတွင်းမှာလည်း ရဟန်း အစစ်နှင့် အတုဆိုပြီး ကွဲပြားစွာ ရှိနေပြန်ပါတယ်။
ဘယ်ဟာကို သံဃာ အတု၊ ဘယ်ဟာသည် သံဃာ အစစ်ရယ်လို့ ပြင်ပ ဗဟိဒ္ဓကို ကြည့်ပြီး သိဖို့ရန်ကလည်း
ခဲ့ယဉ်းပါတယ်။
မည်သို့ပင်
ဆိုစေကာမူ သံဃာဟူသော အသိစိတ်လေးဖြင့်သာ မကိုးကွယ်ချင်နေပါ၊ မပြစ်မှားကြပါနှင့်လို့
အသိပေး တိုက်တွန်းချင်ပါသည်။
ရဟန်းဒုဿီလသည်
လူဒုဿီလထက် သာလွန်သော ဂုဏ် (၁၀)ပါး
၁။ ဘုရားကို
ရိုသေခြင်း။
၂။ တရားကို
ရိုသေခြင်း။
၃။ သံဃာတော်တို့ကို
ရိုသေခြင်း။
၎။ သီတင်းသုံးဖော်တို့၌
ရိုသေခြင်း။
၅။ ပါဠိအဋ္ဌကထာ
သင်ကြားရာ၌ လုံလပြု၍ ကြားနာမှု ရှိခြင်း။
၆။ ပရိသတ်သို့
ရောက်သောအခါ သီလဝန္တ ရဟန်းအသွင်အပြင် ရှိခြင်း။
၇။ ကဲ့ရဲ့ခြင်းမှ
ကြောက်သောကြောင့် ကိုယ် နှုတ် အမူအရာကို ထိမ်းသိမ်းစောင့်ရှောက်ခြင်း။
၈။ ကမ္မဋ္ဌာန်းတရား
အားထုတ်ခြင်း။
၉။ ရဟန်းအရေအတွက်
သာမညသို့ရောက်ခြင်း။
၁၀။ မကောင်းမှုပြုသောအခါ
ဖုံးဝှက်စွာ ပြုခြင်း။
အထက်ပါ အကြောင်းအရာ
(၁၀) ပါးတို့သည် ပါရာဇိက ကျပြီးသော ရဟန်းပုဂ္ဂိုလ်တို့ အထံ၌ ရနိုင်သောကြောင့် လူတို့၏
ရှိခိုးခြင်းကို ခံယူထိုက်ပါကြောင်း (ဝါ) ခံယူနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။ အရှင်ဇောတိ
(နံ့သာနီ)
0 Comments