ကြာချည်ငင်ဖို့အတွက်
အရိုးရှည်တဲ့ ကြာတစ်မျိုးက အရိုးကို ခူးယူရပါတယ်.. အဲ့ဒီ ကြာကတော့ ပဒုမ္မာကြာ Lotus
ဖြစ်တယ်လို့ သိရပါတယ်.. အဲ့ ဒီကြာကလဲ နေရာတိုင်းမှာ စိုက်ပျိုးလို့ မရဘူးလို့
ပြောတာ မှတ်သားဖူးပါတယ်.. အဲ့ဒီကြာရိုးတွေကို ခူးယူပြီးရင် ဆေးကြောရပါတယ်..
ကြာရိုးတွေကို
ကြာချည်ထုတ်တော့မယ်ဆိုရင် အရိုးတွေ ခြောက်မသွားအောင် ချည်ထုတ်နေတဲ့ အချိန်
အတောအတွင်းမှာ အ၀တ်ဆိုနဲ့ ပါတ်ထားရပါတယ်..
ကြာရိုးတွေကို
ချည်ထုတ်တော့မယ်ဆိုရင် ကြာရိုး (၂)ချောင်း (၃)ချောင်းကို ပူးပြီးတော့ ဓါးနဲ့
အပိုင်းလေးတွေ ပိုင်းဖြတ်ပြီး ဆွဲလိုက်ပါတယ်..
အဲ့ဒီအချိန်မှာ
ကြာမျှင်တွေ ထွက်လာပြီး စားပွဲပေါ်မှာ လက်နဲ့ လှိမ့်ပြီး လိမ်ကျစ်ယူရပါတယ်..
တစ်ခါဖြတ်ရင် ကြာချည်မျှင် ၄ လက်မလောက် ရပါတယ်.. အဲ့ဒီ ၄ လက်မ ၄ လက်မလောက်တွေကနေ
ချည်မျှည်ရှည်ဖြစ်အောင် စုပြီး ချည်လုံးလုပ်ယူရပါတယ်..
အဲ့ဒါပြီးရင်တော့
အတော်အသင့် ရှည်လျှားတဲ့ ချည်လုံးတွေ ရလာပြီး ယစ်ဘီးနဲ့ ချည်ငင်ယူပါတယ်..
ယက်ကန်းမှာ တင်ယက်နိုင်ဖို့ အတွက်ဖြစ်ပါတယ်.. အဲ့ဒီလို ချည်တစ်ချောင်းရဖို့အတွက်
ကြာရိုးပေါင်းများစွာကို အသုံးပြုရပါတယ်.. တော်တော်လေး စိတ်ရှည်စွာနဲ့ လုပ်ယူရတဲ့
နည်းပညာပါပဲ.. ကျွန်တော်လဲ အစက ထင်မိတာကတော့ ကြာရိုးက်ု အခြောက်ခံပြီးရတဲ့
ကြာရိုးခြောက်တွေကနေ အမျှင်ထုတ်ပြီး ယက်တာ အောက့်မေ့တာ.. ကိုယ်တိုင် ကြာအဆီးအမျှင်ကနေ
ထုတ်မှန်း သိရတော့မှ အံ့အားသင့်မိပါတယ်..
ကြာချည်ကို
ယက်ဖို့ ယက်ကန်းကလဲ သီးသန့် Design နဲ့ လုပ်ထားရပါတယ်.. ရိုးရိုး
ချည်ယက်ကန်းတွေကတော့ အရွယ်အစား ကြီးကြပါတယ်.. ကြာယက်ကန်းကတော့
ခပ်သေးသေးပဲဖြစ်ပါတယ်.. အဲ့ဒီ ယက်ကန်းမှာ ကြာချည်တွေကို တင်ပြီးတော့
လက်ရယ်ခြေထောက်ရယ်ကိုသုံးပြီး ချည်ပြင်ဖြစ်အောင် ယက်ယူရပါတယ်.. ကြာအမျှင်တွေက
ရေကနေဖြစ်တာမို့ ချည်ယက်တဲ့နေရာမှာ ပြော့အောင်လို့ ရေစွတ်ပြီးတော့မှ ယက်ရပါတယ်..
ပုံမှာလဲ ရစွတ်ထားလို့ စိုနေတာကို တွေ့ရမှာ ဖြစ်ပါတယ်.. အဲ့ဒီလို ရေမစွတ်ပေးရင်
ချည်တွေ ကျိုးပြတ်ကုန်မှာ ဖြစ်ပါတယ်..
အဲ့ဒီလိုမျိုး
ကြာချည်တွေကို ကြာယက်ကန်းမှာ တင်ပြီး ယက်လိုက်မယ်ဆိုရင်တော့ အဖိုးတန်တဲ့
ကြာသင်္ကန်းကို ရရှိမှာ ဖြစ်ပါတယ်.. ကြာရိုးကနေရာတဲ့ ချည်က လုပ်ထားတဲ့အတွက်
ကြာအထည်ဟာ ရိုးရိုးချည်သားတွေထက် အေးအေးမြမြလေး ရှိပါတယ်.. ၀တ်ဆင်တဲ့သူအတွက်
ရာသီဥတု ဒါန်ခံနိုင်ရည် ရှိစေပါတယ်.. အဲ့ဒါကြောင့် အေးမြတဲ့ ဆောင်းကာလမှာ
ဘုရားရှင်တွေကို ရည်ဆူးပြီး ကြာသင်္ကန်းတွေ ကပ်လှူပူဇော်ကြတာ ဖြစ်ပါတယ်..
ကြာသင်္ကန်းဟာ အဖိုးထိုက်တန်ပြီး
ရှားပါတာကြောင့် ကိုယ်ယုံသင်္ကန်းအရွယ် ရဖို့ ခက်ခဲပါတယ်.. အဲ့ဒါကြောင့်ပဲ သင်္ကန်းစ
ခပ်သေးသေး အရွယ်အစားတွေကို ပြုလုပ်လှူကြတာ ဖြစ်ပါတယ်.. လှပ်ရတာ အလွန်ပဲ လက်ဝင်ပြီး
ခပ်ခပ်ခဲခဲ စိတ်ရှည်ရှည်နဲ့ လုပ်ထားရတာမို့ လက်ကိုက်ပုဝါအရွယ် ကြာချည်ထည်ဟာ ၃၀၀၀၀၊
၄၀၀၀၀ တန်ပါတယ်.. အင်းလေးကို ရောက်ရင်တော့ အိမ်ကဘုရားမှာ ကပ်လှူဖို့ အတွက်
ကြာသင်္ကန်းစတွေကို အမြတ်တနိုး ၀ယ်ယူကြပါတယ်..စ သင်္ကန်းတစ်စုံစာဆိုလျှင် မြန်မာငွေ ကျပ် ၁၆ သိန်းခန့် ပေးဝယ်ရလောက်အောင် တန်ဖိုးကြီးမားပါတယ်..။ ရှားပါးလို့သာ တန်ဖိုးရှိတာပါ..။ ဝတ်ရုံရာတွင်တော့ ကြမ်းတမ်းလွန်းသည့်အတွက် မည်သည့် ဆရာတော်မှ ဝတ်ရုံခြင်း မရှိကြတာကို တွေ့ရပါတယ်..။ ကြာသင်္ကန်းကတော့
တကယ့်ကို ရှားပါးပြီး အဖိုးတန်တဲ့
ကြာသင်္ကန်းပဲ ဖြစ်ပါတယ်..။
0 Comments