မေတ္တသုတ်
၁။ယဿာနုဘာဝတော ယက္ခာ၊ နေဝ
ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
၁/ မေတ္တသုတ်၏ အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးတို့သည် ကြောက်မက်ဖွယ်ကောင်းအောင်
ရုပ်အဆင်းကို ဖန်ဆင်း၍ လူတို့အား မပြဝံ့ကြကုန်။ မေတ္တသုတ်တော်ကို
ညဥ့်အခါ၌၎င်း၊ နေ့အခါ၌၎င်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသောသူသည် -

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၂/ အိပ်သောအခါ ချမ်းသာစွာ အိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း
အိပ်မက်ဆိုးကို
မမြင်မက်နိုင်။ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော မေတ္တသုတ် ပရိတ်တော်ကို ကျွန်ုပ်တို့
စုပေါင်း ရွတ်ဆိုကြပါကုန်စို့။

၃။ကရဏီယာ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။
၃/ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်စွာသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့်
သက်ဝင်ခြင်းကို ပြုရာသည်။ ပြုနိုင်စွမ်း ရှိသူလည်း ဖြစ်ရာ၏။ ကောင်းစွာဖြောင့်မတ်ရာ၏။
ပညာရှိတို့ ဆိုလွယ် ဆုံးမလွယ်သူလည်း ဖြစ်ရာ၏။ နူးညံ့ သိမ်မွေ့ရာ၏။ မာန်မာန မထားရာ။

၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
၎/ ရောင့်ရဲလွယ်ရာ၏။
သူတပါးတို့က
ပြုစုလွယ်၊
မွေးမြူလွယ်သူမျိုး
ဖြစ်ရာ၏။
ကိစ္စနည်းစေရာ၏။
အသက်မွေးမှု ပေါ့ပါးခြင်း ရှိရာ၏။ မျက်စိ စသော ဣနြေ္ဒ တည်ငြိမ်မှု ရှိရာ၏။ အမူအရာ
မကြမ်းတမ်းစေရာ။ ဒါယကာများ ဆွေမျိုးများ၌ သံယောဇဉ် ညှိတွယ်လွန်းခြင်း မဖြစ်စေရာ။
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊ သဗ္ဗတတ္တာ ဘ၀န္တု သုခိတတ္တာ။

၅/ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော
မကောင်းမှု
တစုံတခုကို
အနည်းငယ်မျှပင်
မပြုမကျင့်ရာ။
သတ္တဝါခပ်သိမ်း ချမ်းသာကြပါစေ။ ဘေးမရှိပါစေနှင့်။ ကိုယ်၏ချမ်းသာခြင်း၊
စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၆/ အသက်ရှူရှိက်သော သတ္တဝါအားလုံး၊ ထိတ်လန့်လွယ်သော သတ္တဝါအားလုံး၊
တည်ကြည်သော သတ္တဝါအားလုံး၊ ကိုယ်ခန္ဓာရှည်သော သတ္တဝါအားလုံး ၊ ကြီးသော
သတ္တဝါအားလုံး၊ မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တဝါ၊ ပုသော တိုသော
သတ္တဝါ၊ ပိန်သော ကြုံသော သတ္တဝါ ၊ ဆူသော ဖြိုးသော သတ္တဝါ။

၇။ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
၇/ မျက်စိဖြင့်မြင်နိုင်သော
သတ္တဝါ၊
မျက်စိဖြင့်
မမြင်နိုင်သော
သတ္တဝါ၊
အဝေးမှာရှိသော
သတ္တဝါ၊
မနီးမဝေးမှာရှိသော သတ္တဝါ၊ ဖြစ်ပြီးသော သတ္တဝါ၊ နောင်ဖြစ်လတ္တံသော သတ္တဝါ၊ ဆိုခဲ့ပါ
သတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။
၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုတ္ခ မိစ္ဆေယျ။

၈/ တယောက်နှင့် တယောက် အမျက်ဒေါသ မထွက်ရာ၊ အလုပ်ကိစ္စ တခုခုနှင့် စပ်လျဉ်း၍
တယောက်ယောက်ကို ချုပ်ချယ်သောစကား မပြောရာ၊ မုန်းတီးသောစိတ်ဖြင့် အမှတ်မထားရာ၊
အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း တယောက်နှင့်တယောက် ဆင်းရဲဒုက္ခကို
အလို မရှိသင့်ပေ။

၉။မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၉/ အမိသည် မိမိဝမ်း၌လွယ်၍ မွေးရသော တဦးတည်းသောသားကို
အသက်လောက်
ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့် ရှောက်သည့်နည်းတူ သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းမသိ
ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။

၁၀/ အထက်အောက် ဘေးဘီ အရပ်မျက်နှာအားလုံး
အကျဉ်းအမြောင်းမရှိ၊
အတွင်းရန်
အပြင်ရန်မရှိ၊ အတိုင်းမသိ မြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများစေရာ၏။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနောယာဝတာဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာတု။
၁၁/ အိပ်ငိုက်သောအခါမှတပါး
မတ်တပ်ရပ်စဉ်ဖြစ်စေ၊
လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊
ထိုင်နေစဉ် ဖြစ်စေ၊ လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ်သတိချပ်လျက် မေတ္တာပို့နေရာ၏။
ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို “မြတ်သောနေခြင်း”ဟူ၍ ဤဂေါတမဘုရား သာသနာတော်၌ ဆိုကြလေပြီ။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
၁၂/ မှားသောအယူဝါဒကို
လက်မခံဘဲ
ကိုယ်ကျင့်သီလ
ရှိစေရာ၏။
မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံစေရာ၏။ ကိလေသာအာရုံ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းကို
ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌ တဖန် ပဋိသန္ဓေ မနေရတော့ပေ။ ဝဋ်ဘဝ
ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ။
မေတ္တသုတ္တံ နိဋ္ဌိတံ။

အနက်ပြီး၏။
။
0 Comments