Advertisement

Responsive Advertisement

ငမိုးရိပ်မိချောင်း နှင့် ရေကင်းသူ မရွှေပွင့်

 

  ငမိုးရိပ်နှင့် ရေကင်းသူ မရွှေပွင့် ရာဇဝင်သမိုင်း
======================
{အစအဆုံး}

ဥက္ကလာပပြည်ကြီးကို အထောက်အကူပြုထားသည့် ကုန်းပေါင်း၉၉ကုန်းတို့တွင် ကုန်း၏အရှင်များ ဖြစ်ကြသည့် ဝိဇ္ဇာ ဇော်ဂျီ တပဿီနှင့် လောကီဈာန်ရကြကုန်သော ရသေ့များစွာတို့သည် ထိုကုန်းတို့၏ အညွန့်အထိပ်ဖြစ်သော သိင်္ဂုတ္တရကုန်းနှင့်တကွ အသီးသီးသော ကုန်းတို့တွင် ပျော်မွေ့ကြည်ရွှင်စွာဖြင့် နေထိုင်လျက် ရှိကြကုန်သည်။

ထိုသို့ရှိကြကုန်သော ရသေ့များအနက်မှ တစ်ဦးသော ရသေ့သည် ဆွမ်းခံကြွရာမှအပြန် မြစ်ကမ်းအနီးတွင် ပေါက်နေသည့် လမုပင်ကြီးတစ်ပင်မှ ကြီးမားလှပသော လမုအဖူးကြီးကို မြင်ရ၍ "လမုအဖူးကြီးလှတယ်" ဟုအံသြသော စိတ်ဖြင့် မိမိသီတင်းသုံးနေထိုင်ရာ ကျောင်းသင်္ခမ်းသို့ ချိုးယူလာခဲ့၏။

ထိုသို့ချိုးယူခဲ့ပြီး မကြာမီရက်အနည်းငယ်အတွင်းမှာပင် လမုဖူးကြီးထဲမှ မိန်းမငယ်လေးတစ်ဦးကို မြင်ရလျှင် ရသေ့ကြီး အံသြသွားရလေတော့သည်။ လှလိုက်တဲ့ မိန်းကလေးနှယ် လူမကနတ်တမျှပါကလား။ ဒီကလေးကို ကံအလျှောက်သံသေဒဇ မွေးဖွားလာခြင်း ဖြစ်တဲ့အတွက် သူ့မှာအတိတ်ကံထူး ပါလာပါလိမ့်မယ်။ ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်ရတော့မှာပဲဟု စိတ်ကူးလျက် လမုဖူးထဲမှ ကလေးကိုထုတ်ယူလိုက် ကာ သမီးအမှတ်ဖြင့် ကျွေးမွေးစောင့်ရှောက် လာခဲ့လေသည်။ အမည်ပေးမည်ဟု စိတ်ကူးလျက် "လမုဖူးထဲမှ ရလာသည်" ဟု ထွေထွေရာရာ စဉ်းစားမှုမပြုတော့ဘဲ "မယ်လမု" ဟုသာ လွယ်ကူစွာ ခေါ်လာခဲ့၏။

ဥက္ကလာပတိုင်းသည် မွန်လူမျိုး အများဆုံးနေထိုင်ရာဒေသဖြစ်သောကြောင့် မွန်ဘာသာဖြင့်လည်း မယ်လမုကို "မယ်ကမု" ဟုခေါ်သူများလည်းရှိသည်။

မယ်လမုသည် အရွယ်ရောက်လာသည်နှင့် ဖခင်ရသေ့ကြီးအတွက် သစ်သီးများကို တောထဲလှည့်လည်ရှာဖွေကာ ခူးယူ၍ကျွေးမွေးခဲ့သည်။ သို့ဖြင့် မယ်လမုလည်း တောထဲလှည့်လည်ရင်းဖြင့် ချစ်သူတွေ့လာသည်။ သူ့မှာ ချစ်ခင်တွယ်တာရသူ ရှိနေပါပြီဟု ဖခင်ရသေ့ကြီးအား အသိပေးသောအခါ ရသေ့ကြီးက မယ်လမု၏ ချစ်သူအား တွေ့လိုသည်ဟု ဆိုသည်။

ချစ်သူ ရောက်ရှိလာသောအခါ မယ်လမုသည် ဖခက်ရသေ့ကြီး ရှေ့သို့ခေါ်ယူကာ ဖခင်ကြီးအား အတူထိုင်၍ ကန်တော့ကြလျှင် ဖခင်ကြီးသည် မယ်လမု၏ ချစ်သူအား မြင်သည်နှင့် သိကြားမင်းဖြစ်နေသည်ဟု သိကာဆုံးမစကား ပြောလေ၏။ ချစ်ချစ်ခင်ခင် ပေါင်းသင်းရန်နှင့် သမီး မယ်လမုအားစိတ်နှလုံး ချမ်းမြေ့အောင် စောင့်ရှောက်ပါဟု ပြော၏။ ဤသို့ ရသေ့ကြီးထံမှ ခွင့်ပြုစကား ကြားရလျှင် သိကြားမင်းသည် မယ်လမုအား မှာကြားသည်။

သူခဏ ပြန်ဦးမည်။ မကြာမီပြန်လာမည်။ စိတ်ချမ်းသာစွာ နေပါဟုဆို၍ ပြန်သွားလေသည်။ သို့သော် မကြာမီပြန်လာမည် ဆိုသည့်အတိုင်း ပြန်မလာ၍ မယ်လမုသည် ကြေကွဲလွမ်းဆွတ်စွာဖြင့် တငိုငိုဖြစ်နေရာမှ ဖခင်ရသေ့ကြီးအား ......

"မောင်တော် သိကြားမင်းကို လွမ်းလှပါပြီ"

"သမီး ဘာမှမပူနဲ့ ၊ဖခင်ကြံစည်မယ်"

ဟုဆို၍ သက်ငယ်မြစ်ကို တူးယူကာ သစ္စာပြုလိုက်လျှင် သက်ငယ်မြစ်သည် ကျေးသား (ကြက်တူရွေး) ဖြစ်သွားလေ၏။

ထို့နောက် ရသေ့ကြီးသည် စာခွေရေးကာ ကြက်တူရွေး၏ လည်မှာစွပ်၍ တာဝတိံသာ သိကြားမင်းထံသို့ လွှတ်လိုက်သည်။ သိကြားမင်းသည် စာခွေကိုဖတ်၍ အကြောင်းစုံသိရလျှင် မယ်လမု သုံးဆောင်ရန်အတွက် နတ်ရေစင်ကို မြကျည်တောက်သုံးလုံးနှင့် ထည့်၍ ကြက်တူရွေး၏ လည်ပင်းမှာ ပြန်လည်၍ စွပ်ကာ ရသေ့ကြီးထံ လွှတ်လိုက်လေသည်။

ထူးဆန်းသော ကျေးသားလေး ရောက်လာသည်မှစ၍ သိကြားမင်းဗျာများ နေသည်ကို မိဖုရားလေးပါး ဖြစ်ကြသည့် သုဇိတာ၊ သုမာလာ၊ သုနန္ဒာ၊ သုစိတ္တာ တို့သည် ချောင်းမြောင်းကြည့်နေ ကြသောကြောင့် သိကြားမင်းလုပ်သမျှ အားလုံးကို သိရှိကာ ......

"ငါတို့ သိကြားမင်း မိဖုရားလေးပါး ရှိနေပါလျက် လူ့ပြည်မှ လူသားမယားအား ဤမျှ အလေးထားရလေသလား"

ဟု မခံချင်ဖြစ်ကြကာ မိဖုရားလေးပါးလုံးသည် စွန်ငှက်ယောင်ဆောင်၍ ကြက်တူရွေးပျံသန်းရာ နောက်သို့လိုက်ကာ နတ်ရေစင်ထည့်ပေးလိုက်သည့် မြကျည်တောက် သုံးလုံးကို ကျေးသားလည်ပင်းမှ ပြုတ်ကျအောင် အတင်းလိုက်လံ ထိုးဆိတ်ကြလေ၏။

ထို့ကြောင့် မြကျည်တောက် နှစ်လုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေရာ တစ်လုံးမှနတ်ရေစင်သည် ဟိမဝန္တာတော မှာနေသည့် ဆင်မတစ်ကောင် သောက်သုံးလိုက်ရသောကြောင့် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသည့် ဆဒ္ဒန်ဆင်ပျံကို ဖွားလေသည်။ မြကျည်တောက် တစ်လုံးသည်ကား သမုဒ္ဒရာထဲသို့ကျကာ မိကျောင်းမတစ်ကောင် သောက်လိုက်ရသောကြောင့် #ငမိုးရိပ်# ဟူသော နတ်မိကျောင်းကို ဖွားလေသည်။ မယ်လမုထံ ရောက်လာသော မြကျည်တောက် တစ်လုံးမှရေကို မယ်လမု သောက်လျှင် ရွှေတိဂုံစေတီတော် တည်သည့် ဥက္ကလာပမင်း ကိုဖွားလေသည်။

****                    ****                          ****

မြို့တော်၏ အနောက်တောင်ထောင့်မှာက မှော်ဘီ တွံတေးနှင့် ချောင်းမြောင်းငယ်များစွာတို့သည် ဒေါပုံ ချောင်းသို့ဝင်ရန် အားယူနေကြသည့်မြင်ကွင်း။ ပေါများလှသော ရေစီးရေလာ ချောင်းကလေးများ။

ဤအချိန်တွင်......

ရေလာကောင်းသော ချောင်းကမ်းပါးတစ်နေရာတွင် အဝတ်များလျှော်ဖွပ်နေသည့် ခဝါသည် အဖိုးအို ဇနီးမောင်နှံတို့သည် အဝတ်လျှော်နေကြရင်း ...

"အဘိုးကြီးရေ ဒီမှာကြည့်ပါဦး။ ဘာဥကြီးလဲမသိဘးူ"

ဟု ပြောရင်း အဘိုးကြီးကို ပေးသည်။

"ဟဲ့.... အဲဒါ မိကျောင်းဥ ဖြစ်လိမ့်မယ်။ ဒီချောင်းထဲ မိကျောင်းတစ်ကောင် သွားလာနေတာကို ငါ ခဏခဏ သတိပြုမိတယ်။ ဒီဥကို အိမ်ယူသွားပြီး တို့မွေးရတာပေါ့"

"ကောင်းပါ့တော်ရေ... ကျုပ်တို့မှာလည်း သားသမီးမရှိတာနဲ့ အတော်ပဲ အဖိုးကြီးရေ"

ဒီလိုနဲ့ နှစ်လလောက်အကြာမှာတော့ ဥထဲမှ မိကျောင်းကလေး ပေါက်ထွက်လာတော့သည်။

ဒီလိုနဲ့ ဥခွံထဲမှ ထွက်ခါစမိကျောင်းပေါက်ကလေးကို စဉ့်အင်တုံထဲတွင် ရေအပြည့်ထည့်ကာ ထားလိုက်သည်။ ဒီလိုနှင့် သူ့ကိုအင်တုံထဲသို့ ထမင်းလုံးများချကာ ကျွေးသည်။ ထို့နောက် ငါးနုတ်ငါးသန်လေးများကို ကျွေးရင်းဖြင့် ဆယ်လနီးပါးခန့်ရှိလာလျှင် အကောင်အထည် ကြီးမားလာသည်။ ကိုယ်အလျား ရှည်လာသည်ဖြစ်၍ ရေအင်တုံနှင့်မဆံ့တော့။ ထိုအခါ အဘိုးကြီးက ......

"အဘွားကြီးရေ... တို့သားကြီး ထွားလာပြီကွ။ သူ့အတွက် ရေကန်တူးပေးရရင် မကောင်းဘူးလား"

"ကန်တူးတာက ဟုတ်ပါပြီ။ သူ့ကို နာမည်မပေးတော့ ဘူးလား"

"အေးး ဟုတ်တယ်။ သူ့ကို နာမည်ဘယ်လို ပေးရပါ့မလိမ့်။ သြော်... သိပြီ မိန်းမရေ။ မင်းသူ့ကို ယူလာတဲ့အချိန်က မိုးတွေအုံ့နေတယ် မဟုတ်လား။ မိုးရိပ်တွေကျနေလို့ အဲဒီနေ့က အဝတ်တွေတောင် မခြောက်ဘူးလေ"

"ဟုတ်ပြီ... သားကြီးနာမည်ကို မိုးရိပ် လို့မှည့်ရမယ်။ မိုးရိပ်.. ငါ့သားကြီး ငမိုးရိပ်"

အဘိုးအိုလင်မယားသည် သူ့သား ငမိုးရိပ်အတွက် ကန်ကို မှော်ဘီချောင်းစပ်နှင့် နီးသောနေရာတွင် ချောင်းရေလည်းဝင်သာအောင် မြောင်းကိုသွယ်ပြီးမှ ကန်ကိုတူးလေသည်။ ကန်ထဲမှနေ၍ မှော်ဘီချောင်းထဲသို့ ငမိုးရိပ် ကူးမသွားနိုင်ရန် ဝါးလုံးပေါင်းတစ်ရာ တို့ဖြင့် လုံနေအောင် ကန်ပတ်လည်ကိုကာထားသည်။

သားသမီး တစ်ယောက်မျှ မရှိဘူးသည့် အဘိုးအိုဇနီး မောင်နှံတို့သည် ငမိုးရိပ်ကို အရိပ်တကဲကဲကြည့်ကာ ကျေနပ်မဆုံးရှိကြလေသည်။

"သားကြီးရေ ငမိုးရိပ်" ဟုခေါ်သံကြားလိုက်သည်နှင့် ရေကို "ဗွမ်းဗွမ်း" မြည်သွားအောင် အသံပေးရင်း တအားကူးကာ ကမ်းသို့ပြေးလာသည်။ ကမ်းပေါ်သို့ ရောက်လျှင် ငါးအသေးအမွှားများကိုထမင်းနှင့် နယ်ထားသည့် ငမိုးရိပ်အတွက် အစာခွက်ကို ချပေးလိုက်သည်နှင့် ငမိုးရိပ်စားတော့သည်။ ရေမှာနေသော သတ္တဝါဖြစ်၍ ငမိုးရိပ် တနေ့တခြားကြီးထွားလာသည်။

အစာကလည်း များလာသည်။ သဘာဝက အသားစား သတ္တဝါဖြစ်၍ ငါး ပုဇွန်စားရရုံဖြင့် မကျေနပ်။ ထိုအခါ အဘိုးအို ဇနီးမောင်နှံမှာ ငမိုးရိပ်အတွက် အစာကို ရွာစဉ်လှည့်ရှာ ရတော့သည်။ သို့ဖြင့် ငမိုးရိပ်အသက် သုံးနှစ်ရှိလာသည်။ ကိုယ်အလျားကလည်း သုံးပေကျော်ကျော်လောက်ရှိလာပြီဖြစ်၍ ရုတ်တရက်မြင်ရသူအဖို့ လန့်စရာကြောက်စရာပင်။

အဖေက ဖြစ်စေ၊ အမေက ဖြစ်စေ "သားကြီးရေ" ဟု အသံပေးလိုက်လျှင် ကြားသည့်နေရာမှစ၍ ရေကို ဖွားဖွားထသွားအောင် အမြီးနှင့် ပုတ်ကစားရင်း အားနှင့်ပြေးလာတတ်သည်။ ထိုအခါမျိုးတွင် အဘိုးအို ဇနီးမောင်နှံအဖို့ ကြည်နူး၍ မဆုံးအောင် ပီတိခံစားရသည်။ တဲနီးချင်းများက "သူတို့မို့ ကြံကြံဖန်ဖန် မိကျောင်းမွေးရတယ်လို့" ဟု အံ့သြကြသည်။ မိကျောင်း ဆိုတာ အိမ်မွေးသတ္တဝါ မဟုတ်သည့်အပြင် ကြမ်းကြုတ်သောသတ္တဝါ ဖြစ်သောကြောင့် မည်သူကမျှ ငမိုးရိပ်ကို အရောတဝင် မနေဝံ့ကြ။

ရေနက်ထဲသို့ဆင်း၍ အစာကျွေးရသော တာဝန်ကို လင်မယားနှစ်ယောက် တစ်လှည့်စီ ယူလာရင်းဖြင့် ငမိုးရိပ် အသက်ငါးနှစ် ရှိလာသည်။ ကိုယ်အလျားက လည်း ခြောက်ပေလောက်ရှိလာလေပြီ။ ထိုနေ့မှာပဲ အဘွားကြီးလည်း ဥပုသ်နေ့ဈေးပိတ်၍ ငါးမရနိုင်၍်ငါးရှာဖွေရင်း ငမိုးရိပ် အစာကျွေးချိန် နောက်ကျခဲ့လေသည်။

"သားကြီးရေ.... လာ...လာ"

ပေါ်မလာ။ ရေပွက်ထလာသည် ကိုပင်မမြင်ရ။ ထို့ကြောင့် လေသံကိုမြှင့်၍ နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။

"သားကြီးရေ.. ငမိုးရိပ်... လာ..လာ.. ငါးလာစား"

ဟော... ငမိုးရိပ် ပေါ်လာပြီ။ ဦးခေါင်းကိုမော့၍ အသံမပေးဘဲ ဖြည်းဖြည်းလာနေသည်။ ခါတိုင်းကဲ့သို့ အသံကိုကြားသည်နှင့် ဝမ်းသာစွာဖြင့် ရေကိုအမြီးနှင့် ပုတ်ခတ်ကာ ရွှင်မြူးစွာကူးလာသည့် ဟန်မျိုးလုံးဝမဟုတ်။

"သားကြီး... အစာဆာလု့ိစိတ်ကောက်နေပြီလား။ ရော့ .. ဒီမှာ သားအတွက် ငါးပါလာတယ်။ လာ..လာ"

ငမိုးရိပ် ရှေ့လုံးဝမတိုးလျှင် ရေအနက်သုံးပေရှိသော နေရာမှနေ၍ ရှေ့သို့တိုးကာ သူ့ခါးလောက်အထိ နက်သောနေရာသို့ဆင်း၍ ငမိုးရိပ်ကို လက်ထဲမှငါးကို ကမ်းပေးရင်းမှ...

"သားကြီး ငမိုး ရော့လေ၊ ငါး လာယူလေကွယ်"

ဟုချော့မြှူလိုက်စဉ် ငမိုးရိပ်သည် ရေအောက်သို့ တစ်ဖန်ငုပ်လျှိုးဆင်းသွားကာ ခြေနှစ်ဖက်ကို ရေထဲသို့ ဆွဲခေါ်သွားခြင်းကို  နာကျင်စွာဖြင့် ထိတ်လန့်စွာ အော်ဟစ်မိလိုက်လေတော့သည်။

"အားးး. ... အမလေးးးး"

အိမ်၌ကျန်ခဲ့သော အဘိုးကြီးလည်း အချိန်အတန်ကြာ သည်အထိ အဘွားကြီးပြန်မလာ၍ အစာကျွေးရာသို့ လိုက်သွားလေသည်။

အစာကျွေးသောနေရာသို့ရောက်လျှင် အဘွားကြီးကို မတွေ့ရသောအခါ စိုးရိမ်လျက်ရေထဲသို့ ဆင်းသည်နှင့် တစ်ပြိုင်နက် ငမိုးရိပ်သည် ခါးလယ်အထိ ကိုက်မျိုလျက်ရှိနေပြီကို ခံစားရလိုက်သောအခါ အဘိုးကြီးသည် ရုတ်တရက်အသိဝင်လာကာ ဝမ်းနည်းလှိုက်လှဲစွာဖြင့် သေအံ့မူးမူးအချိန်မှာ သစ္စာစကား ဆိုလိုက်ရှာ၏။

"ငမိုးရိပ်၊ မင်းကိုငါ သားအရင်းလို မေတ္တာထားပြီး ကျွေးမွေးခဲ့ပါတယ်။ မှန်ကန်သော ဤသစ္စာစကားကြောင့် ဖြစ်လေရာဘဝမှာ မင်းကို ငါ့လက်နဲ့သတ်ပြီး လက်စားချေရပါလို၏"

သွေးတို့သည် ဝါးတစ်ရာကန်အတွင်း၌ ပင်လယ်ငယ် တစ်ခုကဲ့သို့ ပြည့်လျှံဆူပွက်လျက် ရက်အတန်ကြာ ရှိနေသည်ကို မှော်ဘီချောင်းကမ်းမှာ နေထိုင်ကြသည့် တဲအိမ်ကလေးများမှ လူများအားလုံးမြင်ကြရသည်။

နောင်နှစ်ပေါင်းကြာလျှင် ထိုနေရာ၌ "ဝါးတစ်ရွာ" ဟူသော ရွာကလေးတစ်ရွာပေါ်လာသည်။

ငမိုးရိပ်သည် ဥက္ကလာပပြည်ကို ဝိုင်းရံထားသည့် များစွာသော ချောင်းငယ်မြောင်းငယ်များမှတစ်ဆင့် ပင်လယ်အထိ ဝင်ရောက်ကာ ကျက်စားတော့၏။ အများနှင့်မတူ ရှည်လျားထွားကျိုင်းသော ခန္ဓာနှင့် ဦးခေါင်းရှည်မျိုးဖြစ်သည့် မိကျောင်းကြီးတစ်ကောင် ပေါက္ခရဝတီမြစ်၊ တရိဟကုမ္ဘာမြစ်တို့မှာ သောင်းကျန်း နေသည်။ လှေသမ္ဗာန်များအား မှောက်သည်။ ပါလာသည့် အဖိုးတန်ပစ္စည်းများအား ယူသည်ဟူသော သတင်းသည် တစ်နေ့တခြားကျော်လာသည်။ ထို့ကြောင့် ရေလမ်းခရီးသွားနေသူများသည် ဤမိကျောင်းရန်ကို ကြောက်သောကြောင့် လှေသမ္ဗာန်များကို အစုအဝေးနှင့်မှ သွားကြသည်။ အားကောင်း မောင်းသန် ယောကျ်ားများကလည်း အချင်းချင်းစုပေါင်းကာ ဤမိကျောင်းရန်ကို ကာကွယ်နိုင်ရန် လက်နက်များကိုပါ ယူဆောင်လာကြကုန်လေသည်။

*****************########**********

ငမိုးရိပ်သည် ဝါးတစ်ရာ မှော်ဘီချောင်းမှနေ၍ သမုဒ္ဒရာရှိ နတ်မိကျောင်းအုပ်ကြီး၏ နယ်ပိုင်နက်အတွင်းကား အခစားမဝင် လွတ်လပ်စွာဖြင့်သာ မြစ်ချောင်းအင်းအိုင်မှန်သမျှသို့ ခြေဆန့်ကာ သောင်းကျန်းလျက်ရှိသည်။ သို့သော် ဥက္ကလာပမင်းပိုင် ဖြစ်သည့် တရိဟကုမ္ဘမြစ်ကြီး၏ ဝန်းကျင်တို့အား လုံးဝပင်ခြေမဆန့်။ ဥက္ကလာပမင်းမှာ လူသူလက်နက် ပြည့်စုံသည်။ အစောင့်အကြပ် ထူပြောသည်။ မြစ်ချောင်း အသွယ်သွယ်တို့သည် ဥက္ကလာပတိုင်း၏ တံတိုင်းသဖွယ် လုံခြုံစိတ်ချရသည်။ ဤသတင်းများ ကျော်စောမှုတို့ကြောင့် ငမိုးရိပ်သည် ဥက္ကလာပတစ်ခွင်အား ဝေးဝေးကရှောင်သည်။

ငမိုးရိပ်သည် နတ်ကပေးသော နတ်မိကျောင်းမျိုး ဖြစ်၍ သာမညမိကျောင်းများထက် ခွန်အားဗလ ကြီးမားသည်။ ပြေးလွှားနိုင်သော လျင်မြန်မှုတို့ကလည်း မည်သည့်မိကျောင်းနှင့်မျှ မယှဉ်နိုင်။ သူ့မှာကား ကမ္မဇိဒ္ဓိတန်ခိုးများ အပြည့်။ လူသားတို့ စကားကိုနားလည်သည်။ လူတစ်ယောက် အသွင်ကဲ့သို့လည်း သူဖန်တီးနိုင်သည်။ ဘဝကံကောင်းလှသည်ဟု ငမိုးရိပ်သည် သူ့ဘဝကို များစွာကျေနပ်ခဲ့သည်။

မြစ်ရိုးတစ်လျှောက် ငမိုးရိပ်ဟူသော မိကျောင်းဆိုးကြီး တစ်ကောင် ကျက်စားကာ အလွန်သောင်းကျန်းနေ သည်ဟူသော သတင်းကို မှူးမတ်များထံမှ ဥက္ကလာပမင်း ကြားသိရလေသည်။

*************##########************

"ကျုပ်နာမည်လား ....

ပေါက်သိုင်းလေ။

လူသူမနီးတဲ့ တောနက်ကြီးထဲမှာ တစ်ပင်ထီးတည်း ပေါက်နေတဲ့ ပေါက်ပင်ကြီးကနေ သိုင်းနှင့်တကွ "ဥပပတ်ပဋိသန္ဓေ" တည်ကာ ကိုယ်ထင်ရှား ဘွားခနဲ    ဖြစ်ပေါ်လာသောကြောင့် သူသည် လူလားမြောက်သောဘဝနှင့် ဆင်ခြင်ကြည့်လိုက်လျှင် အတိတ်ဘဝက ဆိုခဲ့သောသစ္စာစကားကြောင့် ရန်သူဖြစ်ခဲ့သည့် ငမိုးရိပ်မိကျောင်းအား အနယ်နယ်သို့ လှည့်ကာရှာဖွေခဲ့၏။

ဤသို့ရှာဖွေရင်းဖြင့် ပေါက်သိုင်းသည် ဥက္ကလာပမင်း၏ အမိန့်တော် မောင်းခတ်သံကို ကြားရသည်။

"တိုင်းသူပြည်သား လူအများတို့လေးးးးးးး

ငမိုးရိပ် မိကျောင်းအား ဖမ်းဆီးပေးပါက ယောကျာ်း ဖြစ်လျှင်အိမ်ရှေ့မင်း မိန်းမဖြစ်လျှင် တောင်စမုခ်က အသပြာထောင်ထုပ်ဖြင့် ချီးမြှင့်မည်"

ဟု အမိန့်တော်ထုတ်ထားကြောင်းကို သိရလျှင် သူ့အား ရှေ့တော်ကိုသွင်းပါ။ သူသည် ငမိုးရိပ် မိကျောင်း ကိုအရှင်ဖမ်းပေးပါမည်။ ရှေ့တော်သို့အရောက် ငမိုးရိပ်ကို ဆက်သွင်း ပါမည်ဟု လျှောက်သည်။

ရေပြင်ကို သိုင်းနှင့်ရိုက်၍ ပေါက်သိုင်း ငမိုးရိပ် ကိုခေါ်၍ အတိတ်ဘဝ ရန်ဘက်ကို လက်စားချေလေပြီ။ ငမိုးရိပ် ရန်နှိမ်နင်းနိုင်၍ ဥက္ကလာပမင်း၏ သမီးတော်ရူပစန္ဒာနှင့် လက်ဆက်၍ ဥက္ကလာပနန်း၌ အုပ်ချုပ်မင်းလုပ်လေတေ့ာသည်။

ဘုရင်ပေါက်သိုင်း နန်းတက်ချိန်မှစ၍ ငမိုးရိပ် အားတစ်နှစ်တစ်ခေါက ်အခစားဝင်ခိုင်းသည်။ ထိုမှတစ်ဆင့် တိုး၍ ခြောက်လတစ်ခါ တစ်လတစ်ခါ တစ်ရက်တစ်ခါ အခစားဝင်ခိုင်း၏။

ငမိုးရိပ် ဘုရင်ပေါက်သိုင်း ရန်ကြောက်လှ သောကြောင့် ပြေးမိပြေးရာ ပြေးရင်း မယ်ဇလီရေကျော် ဆိုသော အရပ်ကိုရောက် လာသည်။

"အော်.. .. ငါပြေးမိပြေးရာ ပြေးရင်း မယ်ဇလီရေကျော်ကို ရောက်လာပါပေါ့လား။ ငါပြေးနိုင်ပေမဲ့ ဘုရင်ပေါက်သိုင်းရဲ့ ရန်စနက်ဒဏ်က ငါမလွတ်နိုင်ဘူး။ ရေကလည်း တိမ်လာပြီ။ ဒီလိုနေလို့ မဖြစ်ချေဘးူ။ ဝမ်းထဲက ကျောက်သံပတ္တမြားတွေထုတ် လူယောင်ဆောင်ပြီး ကျောက်ကုန်သည် လုပ်နေမှ"

ငမိုးရိပ် လည်းလူယောင်ဆောင်၍ ကုန်းပေါ်တက်ကာ  ကျောက်ကုန်သည် မောင်မိုး လုပ်လေ၏။ မောင်မိုးသည် လမ်းတွြင်ကုံဆုံနေသူများအား မေးမြန်းစုံစမ်း ရင်းဖြင့် ရေကင်းရွာကြီး၏ ကမ်းနား မိန်းကလေးများ ရေအိုးကိုယ်စီဖြင့် ရေခပ်ဆင်းချိန် ညနေစောင်းတွင် မြစ်ကမ်းနားသို့ ရောက်သွားသည်။

မြစ်ကမ်းပါးတွင် ရေခပ်သူ မိန်းကလေးများ အနည်းငယ်ရှင်းသွား၍ မိန်းကလေး တစ်ယောက်သာ ကျန်တော့သည့်အချိန်၌ မောင်မိုးသည် ထိုမိန်းကလေး အနားသို့သွားကာ မေးလေသည်။

"နှမရယ်.. သူကြီးအိမ် ဘယ်နားမှာရှိလဲ လမ်းညွှန်ပါ"

"သြော် .. ဟုတ်ကဲ့ ၊ ကမ်းပေါ်ကို ဒီကတည့်တည့်သွား ပြီး ညာဘက်လျှောက်လိုက်ပါ။ မဝေးပါဘူး။ ကျွန်မ ဦးကြီးအိမ်ပဲ"

မောင်မိုး ဝမ်းသာသွားသည်။ ဆိုက်ဆိုက်မြိုက်မြိုက် ပါပဲလား။ မိန်းကလေးကို အပြုံးနှင့် နှုတ်ဆက်ကာ မြစ်ဆိပ်မှ ထွက်လာခဲ့၏။ သူကြီးနှင့် အဆင်သင့်ပင် တွေရသည်။ သူကြီးက ဖော်ရွေသည်။ မောင်မိုးက အပြောကောင်းသည်။ ထို့ကြောင့် အချိန်တိုအတွင်း သူတို့ရင်းနှီးသွားကြ၏။

"ကျွန်တော်က တစ်ကောင်ကြွက်ပါ။ မိဘနှစ်ပါးလုံး ကျွန်တော် ကလေးဘဝမှာကတည်းက ကွယ်လွန်သွားကြလို့ ဆွေမျိုးတွေရဲ့လက်ထဲမှာ ကြီးပြင်းလာရတာပါ ဦးကြီးရယ်။ ကျွန်တော်ကို တူလိုသားလို သဘောထားပါ"

မောင်မိုးသည် မြစ်ဆိပ်မှာ တွေ့ခဲ့သောမိန်းကလေးက သူကြီးနှင့်ဦးကြီးတော်စပ် သည်ဟုဆိုလိုက်၍ သူကလည်း သူကြီးကို  ရင်းနှီးအောင် ဦးကြီးဟုခေါ်ကာ ဆက်ဆံလိုက်ရင်း သူ့စကားကိုဆက်သည်။

"ကျွန်တော်က ကျောက်တွေကို နယ်လှည့်ရောင်းနေတဲ့ ကျောက်ကုန်သည်ပါ။ ကျွန်တော်က ကျောက်တွေကို ရောင်းဈေးနှုန်းကို သူများတွေရဲ့ ရောင်းဈေးထက် နှိမ့်ထားပေးပါတယ်။ ဝယ်သူကို စေတနာထား ရောင်းတော့ အကျိုးပေးပါတယ်။ ကျောက်ကုန်သည်ဆိုရင် မောင်မိုးမှ မောင်မိုးပဲ။ ဘယ်ကုန်သည်မှ ကျွန်တော်လောက် ရောင်းကွက်မရှိဘူး"

"အင်းး အင်း ဟုတ်ပါပြီ။ အခု မောင်မိုးက ဦးကြီးဆီ ဦးတြည်ပီး လာတဲ့ဧည့်သည်ဆိုတော့ ပွင့်ပွင့်လင်းလင်း မေးရဦးမယ်။ မောင်ရင်ဒီကိုလာတာ ဦးကြီးကို ကျောက်ရောင်းချင်လို့လား။ ဦးကြီးက သူကြီးဆိုပေမယ့် ဆင်းရဲသားကွယ့် မဝယ်နိုင်ဘူး ဟား ဟား"

"အို.. အို ဒီလိုမဟုတ်ပါဘူး။ ဦးကြီးက သူကြီးဆိုတော့ ကျွန်တော့်ဘဝ လုံခြုံတယ်လေ။ ကျွန်တော်ဆီက ကျောက်ကို ဦးကြီးမဝယ်ရပါဘူး။ ကျွန်တော် လက်ဆောင်ပေးမှာပါ"

"မောင်မိုး စကားကြွယ်လှချည့််။ ကျောက်ကုန်သည် ပီသပါပေရဲ့။ မောင်မိုး ဒီမှာ တည်းခိုချင်လည်း တည်းခိုပါ။ ရေကင်းမှာက ဦးကြီးက ပြီးဆိုပြီးကြတာပဲ"

ဟု ဆိုနေခိုက် မိန်းကလေး တစ်ယောက် အိမ်ပေါ်တက်လာသည်။ မိန်းကလေးသည် မောင်မိုး မြင်လျှင် မျက်နှာကလေး ဝင်းသွားသည်။

"သြော်.. မောင်ကြီးက ရောက်နေပြီကိုး။ ကျွန်မက ရှာလို့မှတွေ့ပါ့မလားဆိုပြီး စိတ်ပူလို့လိုက်လာတာ"

ဟု ပြောရင်း သူကြီးဘက်သို့ လှည့်ကာ...

"ဦးကြီးရဲ့ မြစ်ဆိပ်မှာ ဒီမောင်ကြီးက သူကြီးအိမ် ဘယ်မှာလဲ မေးလို့ ကျွန်မပဲ ညွှန်လိုက်တယ်လေ"

ဟု သွက်လက်စွာပြောလိုက်လျှင် မောင်မိုးမှာ စိတ်ထဲ၌ ကြည်နူးသွားကာ မိန်းကလေးနှယ် ချစ်စရာကောင်းလိုက်တာဟု တွေးမိလိုက်သည်။

သူကြီးကလည်း မိန်းကလေး၏ စကားဆုံးသွားသည်နှင့် ....

"သြော် ... မြစ်ဆိပ်မှာ မရွှေပွင့်နဲ့ ဆုံခဲ့တာကိုး" ဟု ပြောရာမှ...

"မောင်မိုးရေ ဟောဒါ ဦးကြီးရဲ့ တူမလေးကွယ့်။ မိဘတွေ မရှိကတည်းက ဦးကြီးကပဲ စောင့်ရှောက်လာတာ။ မရွှေပွင့် လို့ခေါ်တယ်။ မောင်နှမ လိုသဘောထားကွယ့်။ အားနာစရာ ဘာမှမရှိဘူး။ ခိုင်းစရာရှိ ခိုင်းပေါ့"

ဟု ပြောရင်း မိတ်ဆက်ပေးသည်။

မကြာမီ သူကြီးအိမ်က ကျောက်ကုန်သည် မောင်မိုး၏ သတင်းသည် ရေကင်းရွာတစ်ရွာလုံး၌ ပျံ့နှံ့သွားသည်။ မောင်မိုးထံမှ ကျောက်များကို ဝယ်ယူသူများ ပေါများသည်။


သူကြီးကလည်း မောင်မိုးကို အလွန်ရိုးသားသော သူငယ် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်ပါလျက် မာန်မာန ကင်းသည်မှာလည်း သဘောကျဖွယ်ဖြစ်၍ တူမကလေး မရွှေပွင့်နှင့် နေရာချပေးချင်သည်။ ထို့ကြောင့် ရေကင်းဌာနရှိ အပေါင်းအသင်းများကိုလည်း ညှိနှိုင်းသည်။ မရွှေပွင့်ကလေးအတွက် အားကိုးရမည့် အိမ်ထောင်ဖက်ကောင်း ဖြစ်နိုင်ပါလိမ့်မည်ဟုဆိုသည်။

ထို့ကြောင့် မရွှေပွင့် သဘောကိုမေးသည်။ ထိုအခါ မရွှေပွင့်က ...

"လူကြီးတွေက ကောင်းတယ်လို့ စီစဉ်တာကို ကျွန်မ ငြင်းလို့ မတော်ပါဘူး။ ကောင်းသလိုသာ စီစဉ်ကြပါ"

ဟု အလိမ္မာစကားကိုသုံးသည်။

ဤသို့ဖြင့် မောင်မိုးနှင့် မရွှေပွင့် ဖူးစာဆုံသည်။ ချစ်ရသည်မှာလည်း ပြောလို့ရယ်တဲ့ မကုန် မကုန် ဟူသကဲ့သု့ိ ကြုံနေရသည်။

သိပ်လိမ္မာတဲ့ မရွှေပွင့် ၊ လင်ကို သိပ်ချစ်တဲ့ ၊ သိပ်ရိုသေတဲ့ ၊ အလိုက်သိ တတ်တဲ့မရွှေပွင့်၊ ရေကင်းသူ ကလေးဟု မောင်မိုး ငုံထားမတတ်ချစ်ခဲ့ရသည်။

ဤသု့ိ တာရင်း ခရာရင်း ချစ်မဝရှုမဝဖြစ်ကြရင်း မရွှေပွင့်တွင် သန္ဓေတွယ်ငြိလာသည်။ မောင်မိုးမှာတော့ ဤသတင်းကောင်းကို ကြားလိုက်ရ၍ ပီတိဖြစ်လို့မဆုံး ဝမ်းသာလို့မဆုံး။ သူ့မှာ ထိုင်ရမလို ထရမလိုနှင့် နေမတတ်ထိုင်မတတ် ဖြစ်နေရသည်။

ဤလိုနှင့် မရွှေပွင့် သားလေးကို ဖွားလေပြီ။ သားက ဖွံ့ဖွံ့ထွားထွား ချစ်စရာကြီးဖြစ်၍ ကလေးကို မြင်ရသူတိုင်းက "မောင်မိုး ကံကောင်းတယ်ဟေ့" ဟု ကောင်းချီးစကား ပြောကြားသွားကြသည်။

"မရွှေပွင့် နေကောင်းတယ်နော်။ ဘာဖြစ်သေးလဲဟင်။ ကိုမိုးဖြင့်လေ အခန်းအပြင်ကနေပြီး မရွှေပွင့် ညည်းညူးနေသံတွေကို နားထောင်ရင်း မရွှေပွင့်ကို သနားလိုက်တာကွယ်၊ လူချင်းလဲလို့ရရင် လဲလိုက်ပါရဲ့ကွယ်။ မရွှေပွင့်ကို တကယ်သနားတယ်"

မောင်မိုးမှာ တကယ်ပင် မရွှေပွင့်ကို ချစ်ခင်သနားသော စိတ်ဖြင့် နေမထိထိုင်မသာအောင် ခံစားနေသည်။ ခုနှစ်ရက်ပြည့်လျှင် မရွှေပွင့် မီးထွက်တော့သည်။ မီးနေခန်းမှ ထွက်လာသော မိန်းမသား တစ်ဦး၏ အလှကား တစ်သားမွေး တစ်သွေးလှဆိုသကဲ့သို့ မရွှေပွင့်မျက်နှာလေးသည် နုဖတ်ရွှန်းစိုလျက် လှပတင့်တယ်လျက် ရှိလေသည်။

ဒီညမှာတော့ သားကလေးနှင့်အတူ သူအိပ်ခွင့်ရတော့မည်။ မရွှေပွင့်ခမျာ မီးတွင်းထဲ ပင်ပန်းခဲ့ရှာသည်။ ခုည အိပ်ရေးဝဝ သူအိပ်ပါစေ။ သားကိုရော မယားကိုရော တစ်သက်လုံး သူစောင့်ရှောက်မည်။

ယောကျာ်းဆိုတာ မိန်းမ မီးနေခန်းထဲ ခုနှစ်ရက်လုံးလုံးမဝင်ရဘူး။ ဘုန်းနိမ့်တတ်တယ် ဟူသော အယူအဆကြီးကြောင့် မရွှေပွင့်ကို ခုနှစ်ရက်တိတိ ခွဲခဲ့ရသည်ဟု မောင်မိုးမှာ မကျေနပ်ခဲ့။ ခုတော့ ပြုစုယုယခွင့် ရလေပြီ။

*********#############*********

"မင်းကြီးများးးး"

"ဘုရား"

"ငမိုးရိပ် မိကျောင်း အခစားမဝင်ဘဲ ပျက်ကွက်နေတာ အတော်ကြာပါပေါ့လား"

"မှန်လှပါဘုရား"

"ဒင်း ဒီလိုလုပ်လို့ရရိုးလား။ ဥက္ကလာပနန်းရင်ပြင်က သိုင်းရိုက်ကာခေါ်လိုက်မယ်။ ခုမကြာရောက်..."

ရိုက်ချက်ပြင်းထန်လွန်း၍ မောင်မိုးသည် အိပ်ရာပေါ်မှ လိမ့်ကျကာ ကျောကော့လျက် ရှိနေစဉ်..

"ဘာဖြစ်တာလဲ၊ ငါ ဘာဖြစ်သွားတာလဲ၊ နာလိုက်တာ"

ဟု တွေးနေစဉ် မရွှေပွင့် အိပ်ရာထဲမှ လူးလဲထကာ မောင်မိုး လဲနေရာသို့ရောက်လာပြီး ငိုမလို မျက်နှာနှင့် ...

"ကိုမိုးရယ် ၊ မောင်ကြီးရယ် ဘယ်လိုဖြစ်တာလဲဟင်။ အိပ်ရာပေါ်က လိမ့်ကျတာလား။ ပြောစမ်းပါဦး။ မရွှေပွင့် မထိတ်သာ မလန့်သာ ရှိပါဘိ"

"ဘာမှမဖြစ်ပါဘူး။ အိပ်ရာပေါ်က ယောင်ပြီးလိမ့်ကျသွားတာ သွား.... သွား.. သွားအိပ်။ တော်ကြာ အိပ်ရေးမဝလို့ ခေါင်းကိုက်နေအုံးမယ်ကွယ်"

ဟု ကြိုးစားပြောရင်း လဲကျနေရာမှထကာ အိပ်ရာသို့ သွားသည်။ မောင်မိုး အိပ်ချင်ဟန်ပြုကာ ငြိမ်နေရင်းမှ စဉ်းစားသည်။ ဘာဖြစ်သွားတာလဲ သူမသိလိုက်။

ဥက္ကလာပနန်းရြင်ပင်ကို လာခဲ့စမ်းတဲ့။ ဘုရင်ပေါက်သိုင်း သိုင်းရိုက်ကာခေါ်နေပြီဟု သူသိလိုက်သည်။ ဒုက္ခတော့ တွေ့ကြပြီထင်ပါရဲ့ မရွှေပွင့်ရယ် ဟု ပင့်သက်ချမိလိုက်လေသည်။

မကြာလိုက်ပါ။

သူ့ကိုယ်ပေါ်သို့ ပြင်းထန်သော ရိုက်ချက်ကြီးက နောက်ထပ်ကျလာပြန်သည်။

"အမလေးးး အမလေးးး နာလှချည်ရဲ့လေး"

ဟု အော်လိုက်မိကာ အိပ်ရာပေါ်မှ ကျွမ်းပြန်ကျသွား ပြန်သည်။ ပြန်မထနိုင်တေ့ာပါ။ သွေးတို့သည် သူ့ကျောမှာရော ရင်ခွင်ထဲမှာပါ ရေလိုစီးကျလာလေသည်။

"ဟဲ့ .. ငမိုးရိပ်၊ ငါလေ ပေါက်သိုင်းလေ။ မင်းကို လာခဲ့လို့ခေါ်နေတာ မကြားဘူးလား။ ဥက္ကလာပ နန်းရင်ပြင်ကို အခုလာခဲ့။ ရှောင်နေပုန်းနေလို့ မင်းလွတ်မယ် ထင်သလား။ ငါ့သိုင်းက မင်းကို အသေသတ်ဖို့ခေါ်နေပြီ။ ခုချက်ချင်း လာခဲ့စမ်း"

ကြောက်စရာ အသံနက်ကြီးက သူ့နားဝပေါ် လာပြန်ပြီ။

"သြော့် ကြမ္မာဆိုးက ဝင်လာပြီထင်ပါရဲ့ မရွှေပွင့်ရယ်။ မင်းတို့သားအမိကို ငါထားခဲ့ရတော့မယ် ထင်ပါရဲ့ကွယ်"

သူ မချိမဆံ့ ညည်းညူလိုက်မိစဉ် မရွှေပွင့် အိပ်ရာပေါ်မှ ပြေးဆင်းကာ မောင်မိုးကို ပွေ့သည်။ ထူမ ကြည့်သည်။

"အမလေးးးး မလှုပ်တော့ပါလား မောင်ကြီးရဲ့။ မောင်ကြီး သေသွားပြီလားဟင်။ မောင်ကြီးသေရင် ရွှေပွင့်ပါ လိုက်သေမှာ။ ရွှေပွင့်ကို မထားခဲ့ပါနဲ့ မောင်ကြီးရယ်။ ရွှေပွင့်ကို မျက်လုံးလေး ဖွင့်ကြည့်ပါဦး မောင်ကြီးရဲ့"

မောင်မိုး မျက်လုံးပွင့်လာသည်။ မရွှေပွင့်ဟု တိုးတိုးခေါ်ပြီးမှ့

"မရွှေပွင့်ရေ့ မောင်ကြီးတို့ ခွဲကြရတော့မယ် ထင်ပါရဲ့ကွယ်။ ဒီအနားကိုလာ။ မောင်ကြီး ပါးစပ်နားကို ကပ်ပြီးသေချာနားထောင်နော်။ မောင်ကြီးလေ သူ့အပေါ်ကို ဆိုးခဲ့မိတယ်။ ကိုယ့်ကို ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ကျေးဇူးရှင် မိခင်နဲ့ ဖခင်ကြီးရဲ့ မွေးကျေးဇူးကိုစော်ကားပြီး အာခေါင်မှာတင်ပြီးတော့ ဝါးခဲ့တယ်။ အဲဒီဝဋ်ကြွေးတွေက အခုတော့ မောင်ကြီးကို ဒဏ်ခတ်လိုက်ပြီ။ ဟိုးးး ဥက္ကလာပနန်းရင်ပြင်ကို ခုချက်ချင်း လာခဲ့ရမယ်လို့ ခေါ်နေပြီ မရွှေပွင့်ရဲ့။

သားလေးကို ဂရုစိုက်ပါနော်။ မရိုက်ပါနဲ့။ မဆူမဆဲနဲ့နော်။ မရွှေပွင့်ရေ့ မောင်ကြီးရဲ့ အလောင်းကို မြင်ရအောင် ဥက္ကလာပနန်းကို လိုက်ခဲ့ပေတော့။ ပြီးတော့ မောင်ကြီးရဲ့ရင်ကိုခွဲ ဝမ်းထဲကကျောက်သံပတ္တမြားတွေထုတ်ပြီး မရွှေပွင့်တို့ ချမ်းချမ်းသာသာ နေရစ်ခဲ့ကြပေတော့။ သွားမယ် မရွှေပွင့်ရေ့ သွားတော့မယ်ကွယ့် ကံဆိုးမလေးရဲ့"

မောင်မိုးသည် လဲနေရာမှ ဖြုန်းခနဲထ၍ မဝေးလှသည့် ရေကင်းမြစ်ဆိပ်သို့ ပြေးကာ မြစ်ထဲသို့ ခုန်ချလိုက်လျှင် ငမိုးရိပ်မိကျောင်းကြီး အဖြစ်နှင့် ရေအောက်သို့ ငုပ်လျှိုးသွားလေတော့ သည်။

******                      *****                    ******

ငမိုးရိပ် ဥက္ကလာပနန်းရင်ပြင်သို့ မရောက်နိုင်တော့ပါ။ ဝါးတစ်ရာမှော်ဘီကွေ့ ကမ်းနဖူးတွင် ထွန့်ထွန့်လူး နေပြီ။ သူ့မှာရှေ့ဆက်ရန် အင်အားမရှိတော့။ အကြည့်များကလည်း ဝေဝါးလာသည်။ ထိုအခိုက် သူ ထိန့်လန့်ကြောက်ရွံ့လှသည့် အသံကြီးပေါ်လာ သည်။

"လာ့ ရောက်အောင်လာ ငမိုးရိပ်"

ဟူသော အသံကြီးနှင့်အတူ သူ့ကျောပေါ်သို့ ကျရောက်လာသည့် ပြင်းထန်လှသော ဝေဒနာတစ်ခု။ သူခံနိုင်ရည် မရှိတော့ပါကလား။

"ငါခေါ်နေတာ သုံးကြိမ်ရှိသွားပြီနော် ငမိုးရိပ်"

ဝေဒနာများစွာနှင့်အတူ သူသည် အတတ်နိုင်ဆုံး အားတင်းလျက် မြစ်ကမ်းနဖူးမှတစ်ဆင့် တရွေ့ပြီး တရွေ့လှမ်းကာ ကမ်းပေါ်သို့တက်လာလျှင် အသံတို့သည် ဆူညံစွာဖြင့် သူ့ဝန်းကျင်၌ အော်ဟစ်ခုန်ပေါက်ကာ ဝိုင်းအုံလာကြသည် ထင်၏။

"မိကျောင်းကြီးတစ်ကောင်ဟေ့ လာကြည့်ကြပါဦး။ တစ်ကိုယ်လုံး သွေးတွေနဲ့။ အနားကပ် မသွားကြနဲ့ဟေ့။ အမြီးနဲ့ လှမ်းပုတ်လို့ ဒုက္ခရောက် နေဦးမယ်။ နေကြဦးဟဲ့။ ငမိုးရိပ်မိကျောင်း ဆိုတာလား မသိဘူး။ ဘုရင်ပေါက်သိုင်းက သိုင်းနဲ့ရိုက်ခေါ်နေတာ နှစ်ကြိမ်ဆိုလား သုံးကြိမ်ဆိုလား ရှိပြီတဲ့"

"သိုင်းနဲ့ရိုက်ခေါ်တယ်။ ဘယ်လိုရိုက်ပြီး ခေါ်တာလဲ"

"ဘုရင်ပေါက်သိုင်းက သိုင်းနဲ့နန်းရင်ပြင်ကနေ ရိုက်ပြီး အမိန့်တော်နဲ့ ခေါ်တာတဲ့။ မနေ့ကတည်းက ခေါ်နေတာလေ။ နန်းရင်ပြင်မှာ လူတွေအုံခဲနေတာပဲ"

အသံမျိုးစုံတို့သည် ငမိုးရိပ်နားထဲသို့ အားလုံးဝင်လာသည်။ သြော့် ငမိုးရိပ် ဘုန်းကံကြီးတုန်းက မိကျောင်းဖြစ်လိုက် လူဖြစ်လိုက်နှင့် ဖြစ်သည့်ဘဝတိုင်းမှာ ပျော်ခဲ့သည်။ သိကြားမင်းရဲ့နတ်ရေစင်ကို သောက်လာရတဲ့ ဘဝပေကိုး။ ငမိုးရိပ် ပျော်နိုင်ခဲ့သည်ပေါ့။ အားလုံးကို အနိုင်ယူခဲ့သည်ပေါ့။

ခုတော့ ခုတော့ မရွှေပွင့်ရေ့ မောင်ကြီးဒုက္ခတွေကို ကြည့်လှည့်ပါဦး။

မရွှေပွင့်နဲ့ သားလေးမျက်နှာ မြင်ယောင်နေခိုက် ဝေဒနာများစွာတို့ကို မေ့ပျောက်သွားသလို ခံစားလိုက်ရသော်လည်း ကျေးဇူးရှင် မိခင် ဖခင်တို့၏ "သားကြီးရေ့ ငမိုးရိပ်" ဟူသော အသံကို ပြန်လည် ကြားယောင်မိ လိုက်သောအခါမှာ ငမိုးရိပ် မျက်ရည် ဖြိုင်ဖြိုင်ကျတော့သည်။

"ခွင့်လွှတ်ပါ အမေနဲ့ အဖေရယ့် ခွင့်လွှတ်ပါ"

တောင်းပန်ရင်းမှ ငမိုးရိပ် ဝိဉာည်ချုပ်သွား သောအခါမှာ သူ့အလောင်းနားသို့ မိန်းကလေး တစ်ယောက်ရောက်လာသည်။

သူကား မရွှေပွင့်။

ရေကင်းရွာမှ လိုက်လာသော မရွှေပွင့်။ သူ့ရင်ခွင်ထဲမှာ  လူမမည် လသားကလေး ငမိုးရိပ်ရဲ့ ရင်သွေး။

အသက်မဲ့သွားပြီဖြစ်၍ မလှုပ်မယှက် ငြိမ်သက်နေ ရှိနေရှာသော ငမိုးရိပ်အနားတွင်ကား ဥက္ကလာပ မင်းမြတ် ဘုရင်ပေါက်သိုင်းကိုယ်တော်တိုင် လာရောက်ရှုစားသည်ဖြစ်၍ မှူးမတ်တို့နှင့်တကွ လူသူပရိတ်သတ် စည်ကားနေသည်။

ဘုရင်ပေါက်သိုင်း့ ပေါက်သိုင်းကား ကျေနပ်လေပြီတည်း။ နှုတ်မှထုတ်မပြောသော်လည်း သူ့မျက်နှာနှင့် ဟန်ပန်တို့ကား ထည်ဝါဝင့်ကြွားမှု အရိပ်များ ပြေးလွှားလျက့် သူ့ရင်တွင်း၌လည်း့

"ငမိုးရိပ်ရယ့် သူ့အလှည့် ကိုယ့်အလှည့်ဆိုတာကို မင်းကောင်းကောင်း နားလည်သွားလောက်ပါရဲ့"

ဟု ကြုံးဝါးနေတော့သည်။

"ဟဲ့ ဟိုမိန်းကလေး မိကျောင်း အသေကောင်နား ကပ်လှချည်လား။ ရင်ခွင်ထဲမှာလည်း ကလေးပေါက်စနဲ့။ ဘာကိစ္စရှိလို့လဲ"

သက်တော်ရှည် အမတ်ကြီး၏အသံ။ ဒီတော့မှ မရွှေပွင့်သည် မျက်ရည်များ အိုင်ထွန်းနေသည့် မျက်နှာကလေးနဲ့ မော့ကာ

"ဘိုးဘိုးရယ့် သူဟာ လူကြီးမိဘများက ထိမ်းမြားလပ်ထပ်ပေးခဲ့တဲ့ သမီးရဲ့ယောကျာ်း။ ဟောဒီ သမီးရင်ခွင်ထဲက သားလေးရဲ့ ဖခင်ပါ"

"အို့ ဘုရား ဘုရား ထူးဆန်းလှပါလားကွယ်။ ဟဲ့ သူငယ်မ မင်းဘယ်သူလဲ။ ဘယ်က လာတာလဲ။ မိကျောင်းနဲ့လူ ထိမ်းမြားရတယ်လို့ မကြားဘူးပေါင်ဟယ်။ မိန်းကလေး စိတ်မှကောင်းသေးရဲ့လား"

"ဘိုးဘိုးရယ် သမီးလူကောင်းပါ။ စိတ်ကောင်းပါတယ်။ သူနဲ့ သမီးထိမ်းမြားကြစဉ်က သူဟာလူသားတစ်ဦးပါ။ ကျောပ်ကုန်သည် မောင်မိုး ဆိုပြီး သမီးဇာတိ ရေကင်းကို ရောက်လာတာပါ"

မရွှေပွင့်သည် ဖြစ်ခဲ့သမျှသော အကြောင်းချင်းရာ အစုံက်ု သက်တော်ရှည် အမတ်ကြီးအား ပြောပြသောအခါ ငမိုးရိပ်၏အလောင်းကို သင်္ဂြိုလ် ခွင့်ပြုပါရန်နှင့် ငမိုးရိပ်၏အရိုးကို ဌာပနာကာ သားကိုးကွယ်ရန်အတွက် အရိုးစေတီတစ်ဆူ တည်ခွင့်ပြုပါရန် ခွင့်တောင်းလိုက်သည်။

"အေးး အေးးး ခွင့်ပြုတယ် မိန်းကလေး။ မင်းဆန္ဒရှိတဲ့အတိုင်း ပြုလုပ်စေ"

******                   *****                    ******

မရွှေပွင့် တည်ခဲ့သော အရိုးအိုးစေတီသည် အထက်ပိုင်းကို အုတ် ကျောက်တို့ဖြင့် တည်ဆောက်ကာ စေတီ၏အောက်ပိုင်း ဖိနပ်တော် ပတ်လည်ကိုကား ငမိုးရိပ်ခန္ခာမှ ခွာထုတ်၍ရသော အကြေးခွံများနှင့် မွမ်းမံလျက် မြစ်ကမ်းနှင့် မဝေးသည့် ကုန်းကမူပေါ်တွင် တည်လေသည်။

ကာလအတန်ကြာလျှင် မိကျောင်း အကြေးခွံများသည် ကျောက်ဖြစ်သွားသောကြောင့် နှောင်းလူတို့သည် ထိုအရိုးအိုးစေတီကို "ကျောက်ဝိုင်းစေတီ" ကျောက်နှင့် ဝိုင်းသောစေတီဟူသော အမှတ်ဖြင့် ဘွဲ့အမည်တွင်ခဲ့၏။

ထို့ကြောင့် နှောင်းလူများအတွက် ငမိုးရိပ်နှင့် ရေကင်းသူ မရွှေပွင့်၏ ဇာတ်ကြောင်း ထူးဆန်းပုံနှင့်တကွ ရွှေတိဂုံစေတီသမိုင်းနှင့်ပါ ဆက်စပ်နေသည့် ငမိုးရိပ်အမျိုးအနွယ် အတ္ထုပ္ပတ္တိကိုပါ သိကြစေရန် ဖော်ပြလိုက်ရပါသည်။

Credit to Min Naun

 

zawgyi

 

ငမိုးရိပ္ႏွင့့္ ေရကင္းသူ မေရႊပြင့္ ရာဇဝင္သမိုင္း

======================
{အစအဆံုး}
ဥကၠလာပျပည္ႀကီးကို အေထာက္အကူျပဳထားသည့္ ကုန္းေပါင္း၉၉ကုန္းတို႔တြင္ ကုန္း၏အ႐ွင္မ်ား ျဖစ္ၾကသည့္ ဝိဇၨာ ေဇာ္ဂ်ီ တပႆီႏွင့္ ေလာကီစ်ာန္ရၾကကုန္ေသာ ရေသ့မ်ားစြာတို႔သည္ ထိုကုန္းတို႔၏ အၫြန္႔အထိပ္ျဖစ္ေသာ သိဂၤဳတၱရကုန္းႏွင့္တကြ အသီးသီးေသာ ကုန္းတို႔တြင္ ေပ်ာ္ေမြ႕ၾကည္ရႊင္စြာျဖင့္ ေနထိုင္လ်က္ ႐ွိၾကကုန္သည္။
ထိုသို႔႐ွိၾကကုန္ေသာ ရေသ့မ်ားအနက္မွ တစ္ဦးေသာ ရေသ့သည္ ဆြမ္းခံႂကြရာမွအျပန္ ျမစ္ကမ္းအနီးတြင္ ေပါက္ေနသည့္ လမုပင္ႀကီးတစ္ပင္မွ ႀကီးမားလွပေသာ လမုအဖူးႀကီးကို ျမင္ရ၍ "လမုအဖူးႀကီးလွတယ္" ဟုအံျသေသာ စိတ္ျဖင့္ မိမိသီတင္းသံုးေနထိုင္ရာ ေက်ာင္းသခၤမ္းသို႔ ခ်ိဳးယူလာခဲ့၏။
ထိုသို႔ခ်ိဳးယူခဲ့ၿပီး မၾကာမီရက္အနည္းငယ္အတြင္းမွာပင္ လမုဖူးႀကီးထဲမွ မိန္းမငယ္ေလးတစ္ဦးကို ျမင္ရလ်ွင္ ရေသ့ႀကီး အံႁသသြားရေလေတာ့သည္။ လွလိုက္တဲ့ မိန္းကေလးႏွွယ္ လူမကနတ္တမ်ွပါကလား။ ဒီကေလးကို ကံအေလ်ွာက္သံေသဒဇ ေမြးဖြားလာျခင္း ျဖစ္တဲ့အတြက္ သူ႔မွာအတိတ္ကံထူး ပါလာပါလိမ့္မယ္။ ေကာင္းေကာင္းမြန္မြန္ ေကြၽးေမြးေစာင့္ေ႐ွာက္ရေတာ့မွာပဲဟု စိတ္ကူးလ်က္ လမုဖူးထဲမွ ကေလးကိုထုတ္ယူလိုက္ ကာ သမီးအမွတ္ျဖင့္ ေကြၽးေမြးေစာင့္ေ႐ွာက္ လာခဲ့ေလသည္။ အမည္ေပးမည္ဟု စိတ္ကူးလ်က္ "လမုဖူးထဲမွ ရလာသည္" ဟု ေထြေထြရာရာ စဥ္းစားမႈမျပဳေတာ့ဘဲ "မယ္လမု" ဟုသာ လြယ္ကူစြာ ေခၚလာခဲ့၏။
ဥကၠလာပတိုင္းသည္ မြန္လူမ်ိဳး အမ်ားဆံုးေနထိုင္ရာေဒသျဖစ္ေသာေၾကာင့္ မြန္ဘာသာျဖင့္လည္း မယ္လမုကို "မယ္ကမု" ဟုေခၚသူမ်ားလည္း႐ွိသည္။
မယ္လမုသည္ အရြယ္ေရာက္လာသည္ႏွင့္ ဖခင္ရေသ့ႀကီးအတြက္ သစ္သီးမ်ားကို ေတာထဲလွည့္လည္႐ွာေဖြကာ ခူးယူ၍ေကြၽးေမြးခဲ့သည္။ သို႔ျဖင့္ မယ္လမုလည္း ေတာထဲလွည့္လည္ရင္းျဖင့္ ခ်စ္သူေတြ႕လာသည္။ သူ႔မွာ ခ်စ္ခင္တြယ္တာရသူ ႐ွိေနပါၿပီဟု ဖခင္ရေသ့ႀကီးအား အသိေပးေသာအခါ ရေသ့ႀကီးက မယ္လမု၏ ခ်စ္သူအား ေတြ႕လိုသည္ဟု ဆိုသည္။
ခ်စ္သူ ေရာက္႐ွိလာေသာအခါ မယ္လမုသည္ ဖခက္ရေသ့ႀကီး ေ႐ွ႕သို႔ေခၚယူကာ ဖခင္ႀကီးအား အတူထိုင္၍ ကန္ေတာ့ၾကလ်ွင္ ဖခင္ႀကီးသည္ မယ္လမု၏ ခ်စ္သူအား ျမင္သည္ႏွင့္ သိၾကားမင္းျဖစ္ေနသည္ဟု သိကာဆံုးမစကား ေျပာေလ၏။ ခ်စ္ခ်စ္ခင္ခင္ ေပါင္းသင္းရန္ႏွင့္ သမီး မယ္လမုအားစိတ္ႏွလံုး ခ်မ္းေျမ့ေအာင္ ေစာင့္ေ႐ွာက္ပါဟု ေျပာ၏။ ဤသို႔ ရေသ့ႀကီးထံမွ ခြင့္ျပဳစကား ၾကားရလ်ွင္ သိၾကားမင္းသည္ မယ္လမုအား မွာၾကားသည္။
သူခဏ ျပန္ဦးမည္။ မၾကာမီျပန္လာမည္။ စိတ္ခ်မ္းသာစြာ ေနပါဟုဆို၍ ျပန္သြားေလသည္။ သို႔ေသာ္ မၾကာမီျပန္လာမည္ ဆိုသည့္အတိုင္း ျပန္မလာ၍ မယ္လမုသည္ ေၾကကြဲလြမ္းဆြတ္စြာျဖင့္ တငိုငိုျဖစ္ေနရာမွ ဖခင္ရေသ့ႀကီးအား ......
"ေမာင္ေတာ္ သိၾကားမင္းကို လြမ္းလွပါၿပီ"
"သမီး ဘာမွမပူနဲ႔ ၊ဖခင္ၾကံစည္မယ္"
ဟုဆို၍ သက္ငယ္ျမစ္ကို တူးယူကာ သစၥာျပဳလိုက္လ်ွင္ သက္ငယ္ျမစ္သည္ ေက်းသား (ၾကက္တူေရြး) ျဖစ္သြားေလ၏။
ထို႔ေနာက္ ရေသ့ႀကီးသည္ စာေခြေရးကာ ျကက္တူေရြး၏ လည္မွာစြပ္၍ တာဝတိံသာ သိၾကားမင္းထံသို႔ လႊတ္လိုက္သည္။ သိၾကားမင္းသည္ စာေခြကိုဖတ္၍ အေၾကာင္းစံုသိရလ်ွင္ မယ္လမု သံုးေဆာင္ရန္အတြက္ နတ္ေရစင္ကို ျမက်ည္ေတာက္သံုးလံုးႏွင့္ ထည့္၍ ၾကက္တူေရြး၏ လည္ပင္းမွာ ျပန္လည္၍ စြပ္ကာ ရေသ့ႀကီးထံ လႊတ္လိုက္ေလသည္။
ထူးဆန္းေသာ ေက်းသားေလး ေရာက္လာသည္မွစ၍ သိၾကားမင္းဗ်ာမ်ား ေနသည္ကို မိဖုရားေလးပါး ျဖစ္ၾကသည့္ သုဇိတာ၊ သုမာလာ၊ သုနႏၵာ၊ သုစိတၱာ တို႔သည္ ေခ်ာင္းေျမာင္းၾကည့္ေန ၾကေသာေၾကာင့္ သိၾကားမင္းလုပ္သမ်ွ အားလံုးကို သိ႐ွိကာ ......
"ငါတို႔ သိၾကားမင္း မိဖုရားေလးပါး ႐ွိေနပါလ်က္ လူ႔ျပည္မွ လူသားမယားအား ဤမ်ွ အေလးထားရေလသလား"
ဟု မခံခ်င္ျဖစ္ၾကကာ မိဖုရားေလးပါးလံုးသည္ စြန္ငွက္ေယာင္ေဆာင္၍ ၾကက္တူေရြးပ်ံသန္းရာ ေနာက္သို႔လိုက္ကာ နတ္ေရစင္ထည့္ေပးလိုက္သည့္ ျမက်ည္ေတာက္ သံုးလံုးကို ေက်းသားလည္ပင္းမွ ျပဳတ္က်ေအာင္ အတင္းလိုက္လံ ထိုးဆိတ္ၾကေလ၏။
ထို႔ေၾကာင့္ ျမက်ည္ေတာက္ ႏွစ္လံုးသည္ ေျမျပင္ေပၚသို႔ ျပဳတ္က်သြားေလရာ တစ္လံုးမွနတ္ေရစင္သည္ ဟိမဝႏၱာေတာ မွာေနသည့္ ဆင္မတစ္ေကာင္ ေသာက္သံုးလိုက္ရေသာေၾကာင့္ တစ္ကိုယ္လံုး ဆြတ္ဆြတ္ျဖဴသည့္ ဆဒၵန္ဆင္ပ်ံကို ဖြားေလသည္။ ျမက်ည္ေတာက္ တစ္လံုးသည္ကား သမုဒၵရာထဲသို႔က်ကာ မိေက်ာင္းမတစ္ေကာင္ ေသာက္လိုက္ရေသာေၾကာင့္ #ငမိုးရိပ္# ဟူေသာ နတ္မိေက်ာင္းကို ဖြားေလသည္။ မယ္လမုထံ ေရာက္လာေသာ ျမက်ည္ေတာက္ တစ္လံုးမွေရကို မယ္လမု ေသာက္လ်ွင္ ေရႊတိဂံုေစတီေတာ္ တည္သည့္ ဥကၠလာပမင္း ကိုဖြားေလသည္။
****                    ****                          ****
ၿမိဳ႕ေတာ္၏ အေနာက္ေတာင္ေထာင့္မွာက ေမွာ္ဘီ တြံေတးႏွင့္ ေခ်ာငး္ေျမာင္းငယ္မ်ားစြာတို႔သည္ ေဒါပံု ေခ်ာင္းသို႔ဝင္ရန္ အားယူေနၾကသည့္ျမင္ကြင္း။ ေပါမ်ားလွေသာ ေရစီးေရလာ ေခ်ာင္းကေလးမ်ား။
ဤအခ်ိန္တြင္......
ေရလာေကာင္းေသာ ေခ်ာင္းကမ္းပါးတစ္ေနရာတြင္ အဝတ္မ်ားေလ်ွာ္ဖြပ္ေနသည့္ ခဝါသည္ အဖိုးအို ဇနီးေမာင္ႏွံတို႔သည္ အဝတ္ေလ်ွာ္ေနၾကရင္း ...
"အဘိုးႀကီးေရ ဒီမွာၾကည့္ပါဦး။ ဘာဥျကီးလဲမသိဘးူ"
ဟု ေျပာရင္း အဘိုးႀကီးကို ေပးသည္။
"ဟဲ့.... အဲဒါ မိေက်ာင္းဥ ျဖစ္လိမ့္မယ္။ ဒီေခ်ာင္းထဲ မိေက်ာင္းတစ္ေကာင္ သြားလာေနတာကို ငါ ခဏခဏ သတိျပဳမိတယ္။ ဒီဥကို အိမ္ယူသြားၿပီး တို႔ေမြးရတာေပါ့"
"ေကာင္းပါ့ေတာ္ေရ... က်ဳပ္တို႔မွာလည္း သားသမီးမ႐ွိတာနဲ႔ အေတာ္ပဲ အဖိုးႀကီးေရ"
ဒီလိုနဲ႔ ႏွစ္လေလာက္အျကာမွာေတာ့ ဥထဲမွ မိေက်ာင္းကေလး ေပါက္ထြက္လာေတာ့သည္။
ဒီလိုနဲ႔ ဥခြံထဲမွ ထြက္ခါစမိေက်ာင္းေပါက္ကေလးကို စဥ့္အင္တံုထဲတြင္ ေရအျပည့္ထည့္ကာ ထားလိုက္သည္။ ဒီလိုႏွင့္ သူ႔ကိုအင္တံုထဲသို႔ ထမင္းလံုးမ်ားခ်ကာ ေကြၽးသည္။ ထို႔ေနာက္ ငါးႏုတ္ငါးသန္ေလးမ်ားကို ေကြၽးရင္းျဖင့္ ဆယ္လနီးပါးခန္႔႐ွိလာလ်ွင္ အေကာင္အထည္ ႀကီးမားလာသည္။ ကိုယ္အလ်ား ႐ွည္လာသည္ျဖစ္၍ ေရအင္တံုႏွင့္မဆံ့ေတာ့။ ထိုအခါ အဘိုးႀကီးက ......
"အဘြားႀကီးေရ... တို႔သားႀကီး ထြားလာၿပီကြ။ သူ႔အတြက္ ေရကန္တူးေပးရရင္ မေကာင္းဘူးလား"
"ကန္တူးတာက ဟုတ္ပါၿပီ။ သူ႔ကို နာမည္မေပးေတာ့ ဘူးလား"
"ေအးး ဟုတ္တယ္။ သူ႔ကို နာမည္ဘယ္လို ေပးရပါ့မလိမ့္။ ေျသာ္... သိၿပီ မိန္းမေရ။ မင္းသူ႔ကို ယူလာတဲ့အခ်ိန္က မိုးေတြအံု႔ေနတယ္ မဟုတ္လား။ မိုးရိပ္ေတြက်ေနလို႔ အဲဒီေန႔က အဝတ္ေတြေတာင္ မေျခာက္ဘူးေလ"
"ဟုတ္ၿပီ... သားႀကီးနာမည္ကို မိုးရိပ္ လို႔မွည့္ရမယ္။ မိုးရိပ္.. ငါ့သားႀကီး ငမိုးရိပ္"
အဘိုးအိုလင္မယားသည္ သူ႔သား ငမိုးရိပ္အတြက္ ကန္ကို ေမွာ္ဘီေခ်ာင္းစပ္ႏွင့္ နီးေသာေနရာတြင္ ေခ်ာင္းေရလည္းဝင္သာေအာင္ ေျမာင္းကိုသြယ္ၿပီးမွ ကန္ကိုတူးေလသည္။ ကန္ထဲမွေန၍ ေမွာ္ဘီေခ်ာင္းထဲသို႔ ငမိုးရိပ္ ကူးမသြားႏိုင္ရန္ ဝါးလံုးေပါင္းတစ္ရာ တို႔ျဖင့္ လံုေနေအာင္ ကန္ပတ္လည္ကိုကာထားသည္။
သားသမီး တစ္ေယာက္မ်ွ မ႐ွိဘူးသည့္ အဘိုးအိုဇနီး ေမာင္ႏွံတို႔သည္ ငမိုးရိပ္ကို အရိပ္တကဲကဲၾကည့္ကာ ေက်နပ္မဆံုး႐ွိၾကေလသည္။
"သားႀကီးေရ ငမိုးရိပ္" ဟုေခၚသံၾကားလိုက္သည္ႏွင့္ ေရကို "ဗြမ္းဗြမ္း" ျမည္သြားေအာင္ အသံေပးရင္း တအားကူးကာ ကမ္းသို႔ေျပးလာသည္။ ကမ္းေပၚသို႔ ေရာက္လ်ွင္ ငါးအေသးအမႊားမ်ားကိုထမင္းႏွင့္ နယ္ထားသည့္ ငမိုးရိပ္အတြက္ အစာခြက္ကို ခ်ေပးလိုက္သည္ႏွင့္ ငမိုးရိပ္စားေတာ့သည္။ ေရမွာေနေသာ သတၱဝါျဖစ္၍ ငမိုးရိပ္ တေန႔တျခားႀကီးထြားလာသည္။
အစာကလည္း မ်ားလာသည္။ သဘာဝက အသားစား သတၱဝါျဖစ္၍ ငါး ပုဇြန္စားရရံုျဖင့္ မေက်နပ္။ ထိုအခါ အဘိုးအို ဇနီးေမာင္ႏွံမွာ ငမိုးရိပ္အတြက္ အစာကို ရြာစဥ္လွည့္႐ွာ ရေတာ့သည္။ သို႔ျဖင့္ ငမိုးရိပ္အသက္ သံုးႏွစ္႐ွိလာသည္။ ကိုယ္အလ်ားကလည္း သံုးေပေက်ာ္ေက်ာ္ေလာက္႐ွိလာၿပီျဖစ္၍ ႐ုတ္တရက္ျမင္ရသူအဖို႔ လန္႔စရာေၾကာက္စရာပင္။
အေဖက ျဖစ္ေစ၊ အေမက ျဖစ္ေစ "သားႀကီးေရ" ဟု အသံေပးလိုက္လ်ွင္ ၾကားသည့္ေနရာမွစ၍ ေရကို ဖြားဖြားထသြားေအာင္ အၿမီးႏွင့္ ပုတ္ကစားရင္း အားႏွင့္ေျပးလာတတ္သည္။ ထိုအခါမ်ိဳးတြင္ အဘိုးအို ဇနီးေမာင္ႏွံအဖို႔ ၾကည္ႏူး၍ မဆံုးေအာင္ ပီတိခံစားရသည္။ တဲနီးခ်င္းမ်ားက "သူတို႔မို႔ ၾကံၾကံဖန္ဖန္ မိေက်ာင္းေမြးရတယ္လို႔" ဟု အံ့ျသၾကသည္။ မိေက်ာင္း ဆိုတာ အိမ္ေမြးသတၱဝါ မဟုတ္သည့္အျပင္ ၾကမ္းၾကဳတ္ေသာသတၱဝါ ျဖစ္ေသာေၾကာင့္ မည္သူကမ်ွ ငမိုးရိပ္ကို အေရာတဝင္ မေနဝံ့ၾက။
ေရနက္ထဲသို႔ဆင္း၍ အစာေကြၽးရေသာ တာဝန္ကို လင္မယားႏွစ္ေယာက္ တစ္လွည့္စီ ယူလာရင္းျဖင့္ ငမိုးရိပ္ အသက္ငါးႏွစ္ ႐ွိလာသည္။ ကိုယ္အလ်ားက လည္း ေျခာက္ေပေလာက္႐ွိလာေလၿပီ။ ထိုေန႔မွာပဲ အဘြားႀကီးလည္း ဥပုသ္ေန႔ေစ်းပိတ္၍ ငါးမရႏုိင္၍္ငါး႐ွာေဖြရင္း ငမိုးရိပ္ အစာေကြၽးခ်ိန္ ေနာက္က်ခဲ့ေလသည္။
"သားႀကီးေရ.... လာ...လာ"
ေပၚမလာ။ ေရပြက္ထလာသည္ ကိုပင္မျမင္ရ။ ထို႔ေၾကာင့္ ေလသံကိုျမႇင့္၍ ေနာက္တစ္ႀကိမ္ ထပ္ေခၚလိုက္သည္။
"သားႀကီးေရ.. ငမိုးရိပ္... လာ..လာ.. ငါးလာစား"
ေဟာ... ငမိုးရိပ္ ေပၚလာၿပီ။ ဦးေခါင္းကိုေမာ့၍ အသံမေပးဘဲ ျဖည္းျဖည္းလာေနသည္။ ခါတိုင္းကဲ့သို႔ အသံကိုၾကားသည္ႏွင့္ ဝမ္းသာစြာျဖင့္ ေရကိုအၿမီးႏွင့္ ပုတ္ခတ္ကာ ရႊင္ျမဴးစြာကူးလာသည့္ ဟန္မ်ိဳးလံုးဝမဟုတ္။
"သားႀကီး... အစာဆာလု႔ိစိတ္ေကာက္ေနၿပီလား။ ေရာ့ .. ဒီမွာ သားအတြက္ ငါးပါလာတယ္။ လာ..လာ"
ငမိုးရိပ္ ေ႐ွ႕လံုးဝမတိုးလ်ွင္ ေရအနက္သံုးေပ႐ွိေသာ ေနရာမွေန၍ ေ႐ွ႕သို႔တိုးကာ သူ႔ခါးေလာက္အထိ နက္ေသာေနရာသို႔ဆင္း၍ ငမိုးရိပ္ကို လက္ထဲမွငါးကို ကမ္းေပးရင္းမွ...
"သားႀကီး ငမိုး ေရာ့ေလ၊ ငါး လာယူေလကြယ္"
ဟုေခ်ာ့ျမႇဴလိုက္စဥ္ ငမိုးရိပ္သည္ ေရေအာက္သို႔ တစ္ဖန္ငုပ္လ်ိႈးဆင္းသြားကာ ေျခႏွစ္ဖက္ကို ေရထဲသို႔ ဆြဲေခၚသြားျခင္းကို  နာက်င္စြာျဖင့္ ထိတ္လန္႔စြာ ေအာ္ဟစ္မိလုိက္ေလေတာ့သည္။
"အားးး. ... အမေလးးးး"
အိမ္၌က်န္ခဲ့ေသာ အဘိုးႀကီးလည္း အခ်ိန္အတန္ၾကာ သည္အထိ အဘြားႀကီးျပန္မလာ၍ အစာေကြၽးရာသို႔ လိုက္သြားေလသည္။
အစာေကြၽးေသာေနရာသို႔ေရာက္လ်ွင္ အဘြားႀကီးကို မေတြ႕ရေသာအခါ စိုးရိမ္လ်က္ေရထဲသို႔ ဆင္းသည္ႏွင့္ တစ္ၿပိဳင္နက္ ငမိုးရိပ္သည္ ခါးလယ္အထိ ကိုက္မ်ိဳလ်က္႐ွိေနၿပီကို ခံစားရလိုက္ေသာအခါ အဘိုးႀကီးသည္ ႐ုတ္တရက္အသိဝင္လာကာ ဝမ္းနည္းလႈိက္လွဲစြာျဖင့္ ေသအံ့မူးမူးအခ်ိန္မွာ သစၥာစကား ဆိုလိုက္႐ွာ၏။
"ငမိုးရိပ္၊ မင္းကိုငါ သားအရင္းလို ေမတၱာထားၿပီး ေကြၽးေမြးခဲ့ပါတယ္။ မွန္ကန္ေသာ ဤသစၥာစကားေၾကာင့္ ျဖစ္ေလရာဘဝမွာ မင္းကို ငါ့လက္နဲ႔သတ္ၿပီး လက္စားေခ်ရပါလို၏"
ေသြးတို႔သည္ ဝါးတစ္ရာကန္အတြင္း၌ ပင္လယ္ငယ္ တစ္ခုကဲ့သို႔ ျပည့္လ်ွံဆူပြက္လ်က္ ရက္အတန္ၾကာ ႐ွိေနသည္ကို ေမွာ္ဘီေခ်ာင္းကမ္းမွာ ေနထိုင္ၾကသည့့္ တဲအိမ္ကေလးမ်ားမွ လူမ်ားအားလံုးျမင္ၾကရသည္။
ေနာင္ႏွစ္ေပါင္းၾကာလ်ွင္ ထိုေနရာ၌ "ဝါးတစ္ရြာ" ဟူေသာ ရြာကေလးတစ္ရြာေပၚလာသည္။
ငမိုးရိပ္သည္ ဥကၠလာပျပည္ကို ဝိုင္းရံထားသည့္ မ်ားစြာေသာ ေခ်ာင္းငယ္ေျမာင္းငယ္မ်ားမွတစ္ဆင့္ ပင္လယ္အထိ ဝင္ေရာက္ကာ က်က္စားေတာ့၏။ အမ်ားႏွင့္မတူ ႐ွည္လ်ားထြားက်ိဳင္းေသာ ခႏၶာႏွင့္ ဦးေခါင္း႐ွည္မ်ိဳးျဖစ္သည့္ မိေက်ာင္းႀကီးတစ္ေကာင္ ေပါကၡရဝတီျမစ္၊ တရိဟကုမၻာျမစ္တို႔မွာ ေသာင္းက်န္း ေနသည္။ ေလွသမၺာန္မ်ားအား ေမွာက္သည္။ ပါလာသည့္ အဖိုးတန္ပစၥည္းမ်ားအား ယူသည္ဟူေသာ သတင္းသည္ တစ္ေန႔တျခားေက်ာ္လာသည္။ ထို႔ေၾကာင့္ ေရလမ္းခရီးသြားေနသူမ်ားသည္ ဤမိေက်ာင္းရန္ကို ေၾကာက္ေသာေၾကာင့္ ေလွသမၺာန္မ်ားကို အစုအေဝးႏွင့္မွ သြားၾကသည္။ အားေကာင္း ေမာင္းသန္ ေယာက်္ားမ်ားကလည္း အခ်င္းခ်င္းစုေပါင္းကာ ဤမိေက်ာင္းရန္ကို ကာကြယ္ႏိုင္ရန္ လက္နက္မ်ားကိုပါ ယူေဆာင္လာၾကကုန္ေလသည္။
*****************########**********
ငမိုးရိပ္သည္ ဝါးတစ္ရာ ေမွာ္ဘီေခ်ာင္းမွေန၍ သမုဒၵရာ႐ွိ နတ္မိေက်ာင္းအုပ္ႀကီး၏ နယ္ပိုင္နက္အတြင္းကား အခစားမဝင္ လြတ္လပ္စြာျဖင့္သာ ျမစ္ေခ်ာင္းအင္းအိုင္မွန္သမ်ွသို႔ ေျခဆန္႔ကာ ေသာင္းက်န္းလ်က္႐ွိသည္။ သို႔ေသာ္ ဥကၠလာပမင္းပိုင္ ျဖစ္သည့္ တရိဟကုမၻျမစ္ႀကီး၏ ဝန္းက်င္တို႔အား လံုးဝပင္ေျခမဆန္႔။ ဥကၠလာပမင္းမွာ လူသူလက္နက္ ျပည့္စံုသည္။ အေစာင့္အၾကပ္ ထူေျပာသည္။ ျမစ္ေခ်ာင္း အသြယ္သြယ္တို႔သည္ ဥကၠလာပတိုင္း၏ တံတိုင္းသဖြယ္ လံုျခံဳစိတ္ခ်ရသည္။ ဤသတင္းမ်ား ေက်ာ္ေစာမႈတို႔ေၾကာင့္ ငမိုးရိပ္သည္ ဥကၠလာပတစ္ခြင္အား ေဝးေဝးကေ႐ွာင္သည္။
ငမိုးရိပ္သည္ နတ္ကေပးေသာ နတ္မိေက်ာင္းမ်ိဳး ျဖစ္၍ သာမညမိေက်ာင္းမ်ားထက္ ခြန္အားဗလ ႀကီးမားသည္။ ေျပးလႊားႏိုင္ေသာ လ်င္ျမန္မႈတို႔ကလည္း မည္သည့္မိေက်ာင္းႏွင့္မ်ွ မယွဥ္ႏိုင္။ သူ႔မွာကား ကမၼဇိဒၶိတန္ခိုးမ်ား အျပည့္။ လူသားတို႔ စကားကိုနားလည္သည္။ လူတစ္ေယာက္ အသြင္ကဲ့သို႔လည္း သူဖန္တီးႏိုင္သည္။ ဘဝကံေကာင္းလွသည္ဟု ငမိုးရိပ္သည္ သူ႔ဘဝကို မ်ားစြာေက်နပ္ခဲ့သည္။
ျမစ္႐ိုးတစ္ေလ်ွာက္ ငမိုးရိပ္ဟူေသာ မိေက်ာင္းဆိုးႀကီး တစ္ေကာင္ က်က္စားကာ အလြန္ေသာင္းက်န္းေန သည္ဟူေသာ သတင္းကို မႉးမတ္မ်ားထံမွ ဥကၠလာပမင္း ၾကားသိရေလသည္။
*************##########************
"က်ဳပ္နာမည္လား .... 
ေပါက္သိုင္းေလ။
လူသူမနီးတဲ့ ေတာနက္ႀကီးထဲမွာ တစ္ပင္ထီးတည္း ေပါက္ေနတဲ့ ေပါက္ပင္ႀကီးကေန သိုင္းႏွင့္တကြ "ဥပပတ္ပဋိသေႏၶ" တည္ကာ ကိ္ုယ္ထင္႐ွား ဘြားခနဲ    ျဖစ္ေပၚလာေသာေၾကာင့္ သူသည္ လူလားေျမာက္ေသာဘဝႏွင့္ ဆင္ျခင္ၾကည့္လိုက္လ်ွင္ အတိတ္ဘဝက ဆိုခဲ့ေသာသစၥာစကားေၾကာင့္ ရန္သူျဖစ္ခဲ့သည့္ ငမိုးရိပ္မိေက်ာင္းအား အနယ္နယ္သို႔ လွည့္ကာ႐ွာေဖြခဲ့၏။
ဤသုိ႔႐ွာေဖြရင္းျဖင့္ ေပါက္သိုင္းသည္ ဥကၠလာပမင္း၏ အမိန္႔ေတာ္ ေမာင္းခတ္သံကုိ ၾကားရသည္။
"တိုင္းသူျပည္သား လူအမ်ားတို႔ေလးးးးးးး
ငမိုးရိပ္ မိေက်ာင္းအား ဖမ္းဆီးေပးပါက ေယာက်ာ္း ျဖစ္လ်ွင္အိမ္ေ႐ွ႕မင္း မိန္းမျဖစ္လ်ွင္ ေတာင္စမုခ္က အသျပာေထာင္ထုပ္ျဖင့္ ခ်ီးျမႇင့္မည္"
ဟု အမိန္႔ေတာ္ထုတ္ထားေၾကာင္းကုိ သိရလ်ွင္ သူ႔အား ေ႐ွ႕ေတာ္ကိုသြင္းပါ။ သူသည္ ငမိုးရ္ိပ္ မိေက်ာင္း ကိုအ႐ွင္ဖမ္းေပးပါမည္။ ေ႐ွ႕ေတာ္သို႔အေရာက္ ငမိုးရိပ္ကို ဆက္သြင္း ပါမည္ဟု ေလ်ွာက္သည္။
ေရျပင္ကို သုိင္းႏွင့္႐ိုက္၍ ေပါက္သိုင္း ငမိုးရိပ္ ကိုေခၚ၍ အတိတ္ဘဝ ရန္ဘက္ကို လက္စားေခ်ေလၿပီ။ ငမိုးရိပ္ ရန္ႏွိမ္နင္းႏိ္ုင္၍ ဥကၠလာပမင္း၏ သမီးေတာ္႐ူပစႏၵာႏွင့္ လက္ဆက္၍ ဥကၠလာပနန္း၌ အုပ္ခ်ဳပ္မင္းလုပ္ေလေတ့ာသည္။
ဘုရင္ေပါက္သုိင္း နန္းတက္ခ်ိန္မွစ၍ ငမိုးရိပ္ အားတစ္ႏွစ္တစ္ေခါက ္အခစားဝင္ခိုင္းသည္။ ထိုမွတစ္ဆင့္ တိုး၍ ေျခာက္လတစ္ခါ တစ္လတစ္ခါ တစ္ရက္တစ္ခါ အခစားဝင္ခိ္ုင္း၏။
ငမိုးရိပ္ ဘုရင္ေပါက္သို္င္း ရန္ေၾကာက္လွ ေသာေၾကာင့္ ေျပးမိေျပးရာ ေျပးရင္း မယ္ဇလီေရေက်ာ္ ဆိုေသာ အရပ္ကုိေရာက္ လာသည္။
"ေအာ္.. .. ငါေျပးမိေျပးရာ ေျပးရင္း မယ္ဇလီေရေက်ာ္ကုိ ေရာက္လာပါေပါ့လား။ ငါေျပးႏိုင္ေပမဲ့ ဘုရင္ေပါက္သို္င္းရဲ႕ ရန္စနက္ဒဏ္က ငါမလြတ္ႏိုင္ဘူး။ ေရကလညး္ တိမ္လာၿပီ။ ဒီလိုေနလို႔ မျဖစ္ေခ်ဘးူ။ ဝမ္းထဲက ေက်ာက္သံပတၱျမားေတြထုတ္ လူေယာင္ေဆာင္ျပီး ေက်ာက္ကုန္သည္ လုပ္ေနမွ"
ငမိုးရိပ္ လည္းလူေယာင္ေဆာင္၍ ကုန္းေပၚတက္ကာ  ေက်ာက္ကုန္သည္ ေမာင္မုိး လုပ္ေလ၏။ ေမာင္မိုးသည္ လမ္းတြငျ္ကံုဆံုေနသူမ်ားအား ေမးျမန္းစံုစမ္း ရင္းျဖင့္ ေရကင္းရြာႀကီး၏ ကမ္းနား မ္ိန္းကေလးမ်ား ေရအိုးကို္ယ္စီျဖင့္ ေရခပ္ဆင္းခ်ိန္ ညေနေစာင္းတြင္ ျမစ္ကမ္းနားသို႔ ေရာက္သြားသည္။
ျမစ္ကမ္းပါးတြင္ ေရခပ္သူ မိန္းကေလးမ်ား အနည္းငယ္႐ွင္းသြား၍ မိိန္းကေလး တစ္ေယာက္သာ က်န္ေတာ့သည့္အခ်ိန္၌ ေမာင္မိုးသည္ ထုိမိန္းကေလး အနားသို႔သြားကာ ေမးေလသည္။
"ႏွမရယ္.. သူႀကီးအိမ္ ဘယ္နားမွာ႐ွိလဲ လမ္းၫႊန္ပါ"
"ေျသာ္ .. ဟုတ္ကဲ့ ၊ ကမ္းေပၚကုိ ဒီကတည့္တည့္သြား ၿပီး ညာဘက္ေလ်ွာက္လိုက္ပါ။ မေဝးပါဘူး။ ကြၽန္မ ဦးႀကီးအိမ္ပဲ"
ေမာင္မိုး ဝမ္းသာသြားသည္။ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ပါပဲလား။ မိန္းကေလးကို အျပံဳးႏွင့္ ႏႈတ္ဆက္ကာ ျမစ္ဆိပ္မွ ထြက္လာခဲ့၏။ သူႀကီးႏွင့္ အဆင္သင့္ပင္ ေတြရသည္။ သူႀကီးက ေဖာ္ေရြသည္။ ေမာင္မိုးက အေျပာေကာင္းသည္။ ထို႔ေၾကာင့္ အခ်ိန္တိုအတြင္း သူတို႔ရင္းႏွီးသြားၾက၏။
"ကြၽန္ေတာ္က တစ္ေကာင္ႂကြက္ပါ။ မိဘႏွစ္ပါးလံုး ကြၽန္ေတာ္ ကေလးဘဝမွာကတည္းက ကြယ္လြန္သြားၾကလို႔ ေဆြမ်ိဳးေတြရဲ႕လက္ထဲမွာ ႀကီးျပင္းလာရတာပါ ဦးႀကီးရယ္။ ကြၽန္ေတာ္ကို တူလိုသားလို သေဘာထားပါ"
ေမာင္မိုးသည္ ျမစ္ဆိ္ပ္မွာ ေတြ႔ခဲ့ေသာမိန္းကေလးက သူႀကီးႏွင့္ဦးႀကီးေတာ္စပ္ သည္ဟုဆိုလိုက္၍ သူကလည္း သူႀကီးကို  ရင္းႏွီးေအာင္ ဦးႀကီးဟုေခၚကာ ဆက္ဆံလိုက္ရင္း သူ႔စကားကုိဆက္သည္။
"ကြၽန္ေတာ္က ေက်ာက္ေတြကုိ နယ္လွည့္ေရာင္းေနတဲ့ ေက်ာက္ကုန္သည္ပါ။ ကြၽန္ေတာ္က ေက်ာက္ေတြကို ေရာင္းေစ်းႏႈန္းကို သူမ်ားေတြရဲ႕ ေရာင္းေစ်းထက္ ႏွိမ့္ထားေပးပါတယ္။ ဝယ္သူကို ေစတနာထား ေရာင္းေတာ့ အက်ိဳးေပးပါတယ္။ ေက်ာက္ကုန္သည္ဆိုရင္ ေမာင္မိုးမွ ေမာင္မိုးပဲ။ ဘယ္ကုန္သည္မွ ကြၽန္ေတာ္ေလာက္ ေရာင္းကြက္မ႐ွိဘူး"
"အင္းး အင္း ဟုတ္ပါၿပီ။ အခု ေမာင္မိုးက ဦးျကီးဆီ ဦးတညျ္ပီး လာတဲ့ဧည့္သည္ဆိုေတာ့ ပြင့္ပြင့္လင္းလင္း ေမးရဦးမယ္။ ေမာင္ရင္ဒီကိုလာတာ ဦးႀကီးကို ေက်ာက္ေရာင္းခ်င္လို႔လား။ ဦးႀကီးက သူႀကီးဆိုေပမယ့္ ဆင္းရဲသားကြယ့္ မဝယ္ႏိုင္ဘူး ဟား ဟား"
"အို.. အို ဒီလိုမဟုတ္ပါဘူး။ ဦးႀကီးက သူႀကီးဆိုေတာ့ ကြၽန္ေတာ့္ဘဝ လံုျခံဳတယ္ေလ။ ကြၽန္ေတာ္ဆီက ေက်ာက္ကို ဦးႀကီးမဝယ္ရပါဘူး။ ကြၽန္ေတာ္ လက္ေဆာင္ေပးမွာပါ"
"ေမာင္မိုး စကားႂကြယ္လွခ်ည့္္။ ေက်ာက္ကုန္သည္ ပီသပါေပရဲ႕။ ေမာင္မိုး ဒီမွာ တည္းခိုခ်င္လည္း တညး္ခိုပါ။ ေရကင္းမွာက ဦးႀကီးက ၿပီးဆုိၿပီးၾကတာပဲ"
ဟု ဆိုေနခိုက္ မိန္းကေလး တစ္ေယာက္ အိမ္ေပၚတက္လာသည္။ မိန္းကေလးသည္ ေမာင္မိုး ျမင္လ်ွင္ မ်က္ႏွာကေလး ဝင္းသြားသည္။
"ေျသာ္.. ေမာင္ႀကီးက ေရာက္ေနၿပီကိုး။ ကြၽန္မက ႐ွာလို႔မွေတြ႕ပါ့မလားဆိုၿပီး စိတ္ပူလို႔လိုက္လာတာ"
ဟု ေျပာရင္း သူႀကီးဘက္သို႔ လွည့္ကာ...
"ဦးႀကီးရဲ႕ ျမစ္ဆိပ္မွာ ဒီေမာင္ႀကီးက သူႀကီးအိမ္ ဘယ္မွာလဲ ေမးလို႔ ကြၽန္မပဲ ၫႊန္လိုက္တယ္ေလ"
ဟု သြက္လက္စြာေျပာလိုက္လ်ွင္ ေမာင္မိုးမွာ စိတ္ထဲ၌ ၾကည္ႏူးသြားကာ မိန္းကေလးႏွယ္ ခ်စ္စရာေကာင္းလိုက္တာဟု ေတြးမိလိုက္သည္။
သူႀကီးကလည္း မိန္းကေလး၏ စကားဆံုးသြားသည္ႏွင့္ ....
"ေျသာ္ ... ျမစ္ဆိပ္မွာ မေရႊပြင့္နဲ႔ ဆံုခဲ့တာကိုး" ဟု ေျပာရာမွ...
"ေမာင္မိုးေရ ေဟာဒါ ဦးႀကီးရဲ႕ တူမေလးကြယ့္။ မိဘေတြ မ႐ွိကတည္းက ဦးႀကီးကပဲ ေစာင့္ေ႐ွာက္လာတာ။ မေရႊပြင့္ လို႔ေခၚတယ္။ ေမာင္ႏွမ လိုသေဘာထားကြယ့္။ အားနာစရာ ဘာမွမ႐ွိဘူး။ ခိ္ုင္းစရာ႐ွိ ခုိင္းေပါ့"
ဟု ေျပာရင္း မိတ္ဆက္ေပးသည္။
မၾကာမီ သူႀကီးအိမ္က ေက်ာက္ကုန္သည္ ေမာင္မိုး၏ သတင္းသည္ ေရကင္းရြာတစ္ရြာလံုး၌ ပ်ံ႕ႏွံ ့သြားသည္။ ေမာင္မိုးထံမွ ေက်ာက္မ်ားကို ဝယ္ယူသူမ်ား ေပါမ်ားသည္။

သူႀကီးကလည္း ေမာင္မိုးကုိ အလြန္႐ိုးသားေသာ သူငယ္ ဥစၥာပစၥည္းႂကြယ္ဝသူျဖစ္ပါလ်က္ မာန္မာန ကင္းသည္မွာလည္း သေဘာက်ဖြယ္ျဖစ္၍ တူမကေလး မေရႊပြင့္ႏွင့္ ေနရာခ်ေပးခ်င္သည္။ ထို႔ေၾကာင့္ ေရကင္းဌာန႐ွိ အေပါင္းအသင္းမ်ားကိုလည္း ညႇိႏႈိင္းသည္။ မေရႊပြင့္ကေလးအတြက္ အားကိုးရမည့္ အိမ္ေထာင္ဖက္ေကာင္း ျဖစ္ႏိုင္ပါလိမ့္မည္ဟုဆိုသည္။
ထို႔ေၾကာင့္ မေရႊပြင့္ သေဘာကိုေမးသည္။ ထိုအခါ မေရႊပြင့္က ...
"လူႀကီးေတြက ေကာင္းတယ္လို႔ စီစဥ္တာကို ကြၽန္မ ျငင္းလို႔ မေတာ္ပါဘူး။ ေကာင္းသလိုသာ စီစဥ္ၾကပါ"
ဟု အလိမၼာစကားကိုသံုးသည္။
ဤသုိ႔ျဖင့္ ေမာင္မိုးႏွင့္ မေရႊပြင့္ ဖူးစာဆံုသည္။ ခ်စ္ရသည္မွာလည္း ေျပာလို႔ရယ္တဲ့ မကုန္ မကုန္ ဟူသကဲ့သု့ိ ၾကံဳေနရသည္။
သိပ္လိမၼာတဲ့ မေရႊပြင့္ ၊ လင္ကို သိပ္ခ်စ္တဲ့ ၊ သိပ္႐ိုေသတဲ့ ၊ အလိုက္သိ တတ္တဲ့မေရႊပြင့္၊ ေရကင္းသူ ကေလးဟု ေမာင္မိုး ငံုထားမတတ္ခ်စ္ခဲ့ရသည္။
ဤသု့ိ တာရင္း ခရာရင္း ခ်စ္မဝ႐ႈမဝျဖစ္ၾကရင္း မေရႊပြင့္တြင္ သေႏၶတြယ္ၿငိလာသည္။ ေမာင္မိုးမွာေတာ့ ဤသတင္းေကာင္းကို ၾကားလိုက္ရ၍ ပီတိျဖစ္လို႔မဆံုး ဝမ္းသာလို႔မဆံုး။ သူ႔မွာ ထိုင္ရမလို ထရမလိုႏွင့္ ေနမတတ္ထိုင္မတတ္ ျဖစ္ေနရသည္။
ဤလိုႏွင့္ မေရႊပြင့္ သားေလးကို ဖြားေလၿပီ။ သားက ဖြံ႔ဖြံ႔ထြားထြား ခ်စ္စရာႀကီးျဖစ္၍ ကေလးကို ျမင္ရသူတိုင္းက "ေမာင္မိုး ကံေကာင္းတယ္ေဟ့" ဟု ေကာင္းခ်ီးစကား ေျပာၾကားသြားျကသည္။
"မေရႊပြင့္ ေနေကာင္းတယ္ေနာ္။ ဘာျဖစ္ေသးလဲဟင္။ ကိုမိုးျဖင့္ေလ အခန္းအျပင္ကေနၿပီး မေရႊပြင့္ ညည္းညဴးေနသံေတြကို နားေထာင္ရင္း မေရႊပြင့္ကို သနားလိုက္တာကြယ္၊ လူခ်င္းလဲလို႔ရရင္ လဲလိုက္ပါရဲ႕ကြယ္။ မေရႊပြင့္ကို တကယ္သနားတယ္"
ေမာင္မိုးမွာ တကယ္ပင္ မေရႊပြင့္ကို ခ်စ္ခင္သနားေသာ စိတ္ျဖင့္ ေနမထိထိုင္မသာေအာင္ ခံစားေနသည္။ ခုႏွစ္ရက္ျပည့္လ်ွင္ မေရႊပြင့္ မီးထြက္ေတာ့သည္။ မီးေနခန္းမွ ထြက္လာေသာ မိန္းမသား တစ္ဦး၏ အလွကား တစ္သားေမြး တစ္ေသြးလွဆိုသကဲ့သို႔ မေရႊပြင့္မ်က္ႏွာေလးသည္ ႏုဖတ္ရႊန္းစိုလ်က္ လွပတင့္တယ္လ်က္ ႐ွိေလသည္။
ဒီညမွာေတာ့ သားကေလးႏွင့္အတူ သူအိပ္ခြင့္ရေတာ့မည္။ မေရႊပြင့္ခမ်ာ မီးတြင္းထဲ ပင္ပန္းခဲ့႐ွာသည္။ ခုည အိပ္ေရးဝဝ သူအိပ္ပါေစ။ သားကိုေရာ မယားကိုေရာ တစ္သက္လံုး သူေစာင့္ေ႐ွာက္မည္။
ေယာက်ာ္းဆိုတာ မိန္းမ မီးေနခန္းထဲ ခုႏွစ္ရက္လံုးလံုးမဝင္ရဘူး။ ဘုန္းနိမ့္တတ္တယ္ ဟူေသာ အယူအဆႀကီးေၾကာင့္ မေရႊပြင့္ကို ခုႏွစ္ရက္တိတိ ခြဲခဲ့ရသည္ဟု ေမာင္မိုးမွာ မေက်နပ္ခဲ့။ ခုေတာ့ ျပဳစုယုယခြင့္ ရေလၿပီ။
*********#############*********
"မင္းႀကီးမ်ားးးး"
"ဘုရား"
"ငမိုးရိပ္ မိေက်ာင္း အခစားမဝင္ဘဲ ပ်က္ကြက္ေနတာ အေတာ္ၾကာပါေပါ့လား"
"မွန္လွပါဘုရား"
"ဒင္း ဒီလိုလုပ္လို႔ရ႐ိုးလား။ ဥကၠလာပနန္းရင္ျပင္က သိုင္း႐ိုက္ကာေခၚလိုက္မယ္။ ခုမၾကာေရာက္..."
႐ိုက္ခ်က္ျပင္းထန္လြန္း၍ ေမာင္မိုးသည္ အိပ္ရာေပၚမွ လိမ့္က်ကာ ေက်ာေကာ့လ်က္ ႐ွိေနစဥ္..
"ဘာျဖစ္တာလဲ၊ ငါ ဘာျဖစ္သြားတာလဲ၊ နာလိုက္တာ"
ဟု ေတြးေနစဥ္ မေရႊပြင့္ အိပ္ရာထဲမွ လူးလဲထကာ ေမာင္မိုး လဲေနရာသို႔ေရာက္လာၿပီး ငိုမလို မ်က္ႏွာႏွင့္ ...
"ကိုမိုးရယ္ ၊ ေမာင္ႀကီးရယ္ ဘယ္လိုျဖစ္တာလဲဟင္။ အိပ္ရာေပၚက လိမ့္က်တာလား။ ေျပာစမ္းပါဦး။ မေရႊပြင့္ မထိတ္သာ မလန္႔သာ ႐ွိပါဘိ"
"ဘာမွမျဖစ္ပါဘူး။ အိပ္ရာေပၚက ေယာင္ၿပီးလိမ့္က်သြားတာ သြား.... သြား.. သြားအိပ္။ ေတာ္ၾကာ အိပ္ေရးမဝလို႔ ေခါင္းကိုက္ေနအံုးမယ္ကြယ္"
ဟု ႀကိဳးစားေျပာရင္း လဲက်ေနရာမွထကာ အိပ္ရာသို႔ သြားသည္။ ေမာင္မိုး အိပ္ခ်င္ဟန္ျပဳကာ ျငိမ္ေနရင္းမွ စဥ္းစားသည္။ ဘာျဖစ္သြားတာလဲ သူမသိလိုက္။
ဥကၠလာပနန္းရငျ္ပင္္ကို လာခဲ့စမ္းတဲ့။ ဘုရင္ေပါက္သိုင္း သိုင္း႐ိုက္ကာေခၚေနၿပီဟု သူသိလိ္ုက္သည္။ ဒုကၡေတာ့ ေတြ႕ၾကၿပီထင္ပါရဲ႕ မေရႊပြင့္ရယ္ ဟု ပင့္သက္ခ်မိလိုက္ေလသည္။
မၾကာလိုက္ပါ။
သူ႔ကုိယ္ေပၚသို႔ ျပင္းထန္ေသာ ႐ို္က္ခ်က္ႀကီးက ေနာက္ထပ္က်လာျပန္သည္။
"အမေလးးး အမေလးးး နာလွခ်ည္ရဲ႕ေလး"
ဟု ေအာ္လိုက္မိကာ အိပ္ရာေပၚမွ ကြၽမ္းျပန္က်သြား ျပန္သည္။ ျပန္မထႏိုင္ေတ့ာပါ။ ေသြးတို႔သည္ သူ႔ေက်ာမွာေရာ ရင္ခြင္ထဲမွာပါ ေရလိုစီးက်လာေလသည္။
"ဟဲ့ .. ငမိုးရိပ္၊ ငါေလ ေပါက္သိုင္းေလ။ မင္းကို လာခဲ့လို႔ေခၚေနတာ မျကားဘူးလား။ ဥကၠလာပ နန္းရင္ျပင္ကို အခုလာခဲ့။ ေရွာင္ေနပုန္းေနလို့ မင္းလြတ္မယ္ ထင္သလား။ ငါ့သိုင္းက မင္းကို အေသသတ္ဖို႔ေခၚေနျပီ။ ခုခ်က္ခ်င္း လာခဲ့စမ္း"
ေၾကာက္စရာ အသံနက္ႀကီးက သူ႔နားဝေပၚ လာျပန္ၿပီ။
"ေၾသာ္႕႕ ၾကမၼာဆိုးက ဝင္လာၿပီထင္ပါရဲ႕ မေရႊပြင့္ရယ္။ မင္းတို႔သားအမိကို ငါထားခဲ့ရေတာ့မယ္ ထင္ပါရဲ႕ကြယ္"
သူ မခ်ိမဆံ့ ညည္းညဴလိုက္မိစဥ္ မေရႊပြင့္ အိပ္ရာေပၚမွ ေျပးဆင္းကာ ေမာင္မိုးကို ေပြ႔သည္။ ထူမ ၾကည့္သည္။
"အမေလးးးး မလႈပ္ေတာ့ပါလား ေမာင္ႀကီးရဲ႕။ ေမာင္ႀကီး ေသသြားၿပီလားဟင္။ ေမာင္ႀကီးေသရင္ ေရႊပြင့္ပါ လိုက္ေသမွာ။ ေရႊပြင့္ကို မထားခဲ့ပါနဲ႔ ေမာင္ႀကီးရယ္။ ေရႊပြင့္ကို မ်က္လံုးေလး ဖြင့္ၾကည့္ပါဦး ေမာင္ႀကီးရဲ႕"
ေမာင္မိုး မ်က္လံုးပြင့္လာသည္။ မေရႊပြင့္ဟု တိုးတိုးေခၚၿပီးမွ ႕႕႕႕
"မေရႊပြင့္ေရ ႕႕ ေမာင္ႀကီးတို႔ ခြဲၾကရေတာ့မယ္ ထင္ပါရဲ႕ကြယ္။ ဒီအနားကိုလာ။ ေမာင္ႀကီး ပါးစပ္နားကို ကပ္ၿပီးေသခ်ာနားေထာင္ေနာ္။ ေမာင္ႀကီးေလ သူ႔အေပၚကို ဆိုးခဲ့မိတယ္။ ကိုယ့္ကို ေက်ြးေမြးေစာင့္ေရွာက္လာခဲ့တဲ့ ေက်းဇူးရွင္ မိခင္နဲ႔ ဖခင္ႀကီးရဲ႕ ေမြးေက်းဇူးကိုေစာ္ကားၿပီး အာေခါင္မွာတင္ၿပီးေတာ့ ဝါးခဲ့တယ္။ အဲဒီဝဋ္ေၾကြးေတြက အခုေတာ့ ေမာင္ႀကီးကို ဒဏ္ခတ္လိုက္ၿပီ။ ဟိုးးး ဥကၠလာပနန္းရင္ျပင္ကို ခုခ်က္ခ်င္း လာခဲ့ရမယ္လို႔ ေခၚေနၿပီ မေရႊပြင့္ရဲ႕။
သားေလးကို ဂရုစိုက္ပါေနာ္။ မရိုက္ပါနဲ႔။ မဆူမဆဲနဲ႔ေနာ္။ မေရႊပြင့္ေရ ႕႕ ေမာင္ႀကီးရဲ႕ အေလာင္းကို ျမင္ရေအာင္ ဥကၠလာပနန္းကို လိုက္ခဲ့ေပေတာ့။ ၿပီးေတာ့ ေမာင္ႀကီးရဲ႕ရင္ကိုခြဲ ဝမ္းထဲကေက်ာက္သံပတၱျမားေတြထုတ္ၿပီး မေရႊပြင့္တို႔ ခ်မ္းခ်မ္းသာသာ ေနရစ္ခဲ့ၾကေပေတာ့။ သြားမယ္ မေရႊပြင့္ေရ ႕႕ သြားေတာ့မယ္ကြယ့္ ကံဆိုးမေလးရဲ႕"
ေမာင္မိုးသည္ လဲေနရာမွ ျဖဳန္းခနဲထ၍ မေဝးလွသည့္ ေရကင္းျမစ္ဆိပ္သို႔ ေျပးကာ ျမစ္ထဲသို႔ ခုန္ခ်လိုက္လ်ွင္ ငမိုးရိပ္မိေက်ာင္းၾကီး အျဖစ္နွင့္ ေရေအာက္သို႔ ငုပ္လ်ွိဳးသြားေလေတာ့ သည္။
******                      *****                    ******
ငမိုးရိပ္ ဥကၠလာပနန္းရင္ျပင္သို႔ မေရာက္နိုင္ေတာ့ပါ။ ဝါးတစ္ရာေမွာ္ဘီေကြ႔ ကမ္းနဖူးတြင္ ထြန္႔ထြန္႔လူး ေနၿပီ။ သူ႔မွာေရွ႕ဆက္ရန္ အင္အားမရွိေတာ့။ အၾကည့္မ်ားကလည္း ေဝဝါးလာသည္။ ထိုအခိုက္ သူ ထိန္႔လန္႔ေၾကာက္ရြံ႕လွသည့္ အသံႀကီးေပၚလာ သည္။
"လာ ႕႕ ေရာက္ေအာင္လာ ငမိုးရိပ္"
ဟူေသာ အသံႀကီးနွင့္အတူ သူ႔ေက်ာေပၚသို႔ က်ေရာက္လာသည့္ ျပင္းထန္လွေသာ ေဝဒနာတစ္ခု။ သူခံႏိုင္ရည္ မရွိေတာ့ပါကလား။
"ငါေခၚေနတာ သံုးႀကိမ္ရွိသြားၿပီေနာ္ ငမိုးရိပ္"
ေဝဒနာမ်ားစြာနွင့္အတူ သူသည္ အတတ္နိုင္ဆံုး အားတင္းလ်က္ ျမစ္ကမ္းနဖူးမွတစ္ဆင့္ တေရြ႕ၿပီး တေရြ႕လွမ္းကာ ကမ္းေပၚသို႔တက္လာလ်ွင္ အသံတို႔သည္ ဆူညံစြာျဖင့္ သူ႔ဝန္းက်င္၌ ေအာ္ဟစ္ခုန္ေပါက္ကာ ဝိုင္းအံုလာၾကသည္ ထင္၏။
"မိေက်ာင္းႀကီးတစ္ေကာင္ေဟ့ ႕႕ လာၾကည့္ၾကပါဦး။ တစ္ကိုယ္လံုး ေသြးေတြနဲ႔။ အနားကပ္ မသြားၾကနဲ႔ေဟ့။ အၿမီးနဲ႔ လွမ္းပုတ္လို႔ ဒုကၡေရာက္ ေနဦးမယ္။ ေနၾကဦးဟဲ့။ ငမိုးရိပ္မိေက်ာင္း ဆိုတာလား မသိဘူး။ ဘုရင္ေပါက္သိုင္းက သိုင္းနဲ႔ရိုက္ေခၚေနတာ နွစ္ႀကိမ္ဆိုလား သံုးႀကိမ္ဆိုလား ရွိၿပီတဲ့"
"သိုင္းနဲ႔ရိုက္ေခၚတယ္။ ဘယ္လိုရိုက္ၿပီး ေခၚတာလဲ"
"ဘုရင္ေပါက္သိုင္းက သိုင္းနဲ႔နန္းရင္ျပင္ကေန ရိုက္ၿပီး အမိန္႔ေတာ္နဲ႔ ေခၚတာတဲ့။ မေန႔ကတည္းက ေခၚေနတာေလ။ နန္းရင္ျပင္မွာ လူေတြအံုခဲေနတာပဲ"
အသံမ်ိဳးစံုတို႔သည္ ငမိုးရိပ္နားထဲသို႔ အားလံုးဝင္လာသည္။ ေၾသာ္ ႕႕ ငမိုးရိပ္ ဘုန္းကံႀကီးတုန္းက မိေက်ာင္းျဖစ္လိုက္ လူျဖစ္လိုက္နွင့္ ျဖစ္သည့္ဘဝတိုင္းမွာ ေပ်ာ္ခဲ့သည္။ သိၾကားမင္းရဲ႕နတ္ေရစင္ကို ေသာက္လာရတဲ႔ ဘဝေပကိုး။ ငမိုးရိပ္ ေပ်ာ္နိုင္ခဲ့သည္ေပါ့။ အားလံုးကို အနိုင္ယူခဲ့သည္ေပါ့။
ခုေတာ့ ႕႕႕ ခုေတာ့ မေရႊပြင့္ေရ ႕႕႕ ေမာင္ႀကီးဒုကၡေတြကို ၾကည့္လွည့္ပါဦး။
မေရႊပြင့္နဲ႔ သားေလးမ်က္နွာ ျမင္ေယာင္ေနခိုက္ ေဝဒနာမ်ားစြာတို႔ကို ေမ့ေပ်ာက္သြားသလို ခံစားလိုက္ရေသာ္လည္း ေက်းဇူးရွင္ မိခင္ ဖခင္တို႔၏ "သားႀကီးေရ ႕႕ ငမိုးရိပ္" ဟူေသာ အသံကို ျပန္လည္ ၾကားေယာင္မိ လိုက္ေသာအခါမွာ ငမိုးရိပ္ မ်က္ရည္ ၿဖိဳင္ၿဖိဳင္က်ေတာ့သည္။
"ခြင့္လႊတ္ပါ အေမနဲ႔ အေဖရယ္ ႕႕ ခြင့္လႊတ္ပါ"
ေတာင္းပန္ရင္းမွ ငမိုးရိပ္ ဝိဥာည္ခ်ဳပ္သြား ေသာအခါမွာ သူ႔အေလာင္းနားသို႔ မိန္းကေလး တစ္ေယာက္ေရာက္လာသည္။
သူကား မေရႊပြင့္။
ေရကင္းရြာမွ လိုက္လာေသာ မေရႊပြင့္။ သူ႔ရင္ခြင္ထဲမွာ  လူမမည္ လသားကေလး ငမိုးရိပ္ရဲ႕ ရင္ေသြး။
အသက္မဲ့သြားၿပီျဖစ္၍ မလႈပ္မယွက္ ျငိမ္သက္ေန ရွိေနရွာေသာ ငမိုးရိပ္အနားတြင္ကား ဥကၠလာပ မင္းျမတ္ ဘုရင္ေပါက္သိုင္းကိုယ္ေတာ္တိုင္ လာေရာက္ရႈစားသည္ျဖစ္၍ မွဴးမတ္တို႔ႏွင့္တကြ လူသူပရိတ္သတ္ စည္ကားေနသည္။
ဘုရင္ေပါက္သိုင္း ႕႕႕႕ ေပါက္သိုင္းကား ေက်နပ္ေလၿပီတည္း။ ႏႈတ္မွထုတ္မေျပာေသာ္လည္း သူ႔မ်က္နွာနွင့္ ဟန္ပန္တို႔ကား ထည္ဝါဝင့္ၾကြားမႈ အရိပ္မ်ား ေျပးလႊားလ်က္ ႕႕႕ သူ႔ရင္တြင္း၌လည္း ႕႕႕
"ငမိုးရိပ္ရယ္ ႕႕႕ သူ႔အလွည့္ ကိုယ့္အလွည့္ဆိုတာကို မင္းေကာင္းေကာင္း နားလည္သြားေလာက္ပါရဲ႕"
ဟု ႀကံဳးဝါးေနေတာ့သည္။
"ဟဲ႔ ႕႕႕ ဟိုမိန္းကေလး မိေက်ာင္း အေသေကာင္နား ကပ္လွခ်ည္လား။ ရင္ခြင္ထဲမွာလည္း ကေလးေပါက္စနဲ႔။ ဘာကိစၥရွိလို႔လဲ"
သက္ေတာ္ရွည္ အမတ္ႀကီး၏အသံ။ ဒီေတာ့မွ မေရႊပြင့္သည္ မ်က္ရည္မ်ား အိုင္ထြန္းေနသည့္ မ်က္နွာကေလးနဲ႔ ေမာ့ကာ
"ဘိုးဘိုးရယ္ ႕႕႕ သူဟာ လူႀကီးမိဘမ်ားက ထိမ္းျမားလပ္ထပ္ေပးခဲ့တဲ့ သမီးရဲ႕ေယာက်ာ္း။ ေဟာဒီ သမီးရင္ခြင္ထဲက သားေလးရဲ႕ ဖခင္ပါ"
"အို ႕႕ ဘုရား ဘုရား ထူးဆန္းလွပါလားကြယ္။ ဟဲ့ ႕႕ သူငယ္မ မင္းဘယ္သူလဲ။ ဘယ္က လာတာလဲ။ မိေက်ာင္းနဲ႔လူ ထိမ္းျမားရတယ္လို႔ မၿကားဘူးေပါင္ဟယ္။ မိန္းကေလး စိတ္မွေကာင္းေသးရဲ႕လား"
"ဘိုးဘိုးရယ္ သမီးလူေကာင္းပါ။ စိတ္ေကာင္းပါတယ္။ သူနဲ႔ သမီးထိမ္းျမားၾကစဥ္က သူဟာလူသားတစ္ဦးပါ။ ေက်ာပ္ကုန္သည္ ေမာင္မိုး ဆိုၿပီး သမီးဇာတိ ေရကင္းကို ေရာက္လာတာပါ"
မေရႊပြင့္သည္ ျဖစ္ခဲ့သမ်ွေသာ အေၾကာင္းခ်င္းရာ အစံုက္ု သက္ေတာ္ရွည္ အမတ္ႀကီးအား ေျပာျပေသာအခါ ငမိုးရိပ္၏အေလာင္းကို သၿဂၤိဳလ္ ခြင့္ျပဳပါရန္နွင့္ ငမိုးရိပ္၏အရိုးကို ဌာပနာကာ သားကိုးကြယ္ရန္အတြက္ အရိုးေစတီတစ္ဆူ တည္ခြင့္ျပဳပါရန္ ခြင့္ေတာင္းလိုက္သည္။
"ေအးး ေအးးး ခြင့္ျပဳတယ္ မိန္းကေလး။ မင္းဆႏၵရွိတဲ့အတိုင္း ျပဳလုပ္ေစ"
******                   *****                    ******
မေရႊပြင့္ တည္ခဲ့ေသာ အရိုးအိုးေစတီသည္ အထက္ပိုင္းကို အုတ္ ေက်ာက္တို႔ျဖင့္ တည္ေဆာက္ကာ ေစတီ၏ေအာက္ပိုင္း ဖိနပ္ေတာ္ ပတ္လည္ကိုကား ငမိုးရိပ္ခႏၡာမွ ခြာထုတ္၍ရေသာ အေၾကးခြံမ်ားနွင့္ မြမ္းမံလ်က္ ျမစ္ကမ္းနွင့္ မေဝးသည့္ ကုန္းကမူေပၚတြင္ တည္ေလသည္။
ကာလအတန္ၾကာလ်ွင္ မိေက်ာင္း အေၾကးခြံမ်ားသည္ ေက်ာက္ျဖစ္သြားေသာေၾကာင့္ ေနွာင္းလူတို႔သည္ ထိုအရိုးအိုးေစတီကို "ေက်ာက္ဝိုင္းေစတီ" ေက်ာက္နွင့္ ဝိုင္းေသာေစတီဟူေသာ အမွတ္ျဖင့္ ဘြဲ႔အမည္တြင္ခဲ့၏။
ထို႔ေၾကာင့္ ေနွာင္းလူမ်ားအတြက္ ငမိုးရိပ္နွင့္ ေရကင္းသူ မေရႊပြင့္၏ ဇာတ္ေၾကာင္း ထူးဆန္းပံုနွင့္တကြ ေရႊတိဂံုေစတီသမိုင္းနွင့္ပါ ဆက္စပ္ေနသည့္ ငမိုးရိပ္အမ်ိုးအႏြယ္ အတၳဳပၸတၱိကိုပါ သိၾကေစရန္ ေဖာ္ျပလိုက္ရပါသည္။
Credit to Min Naun

Post a Comment

0 Comments