ဝဋ္ဋသုတ်
၁။ ပုရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ၀ိဝဇ္ဇယိ။
ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ၀ိဝဇ္ဇယိ။
၁/ သဗ္ဗညုတ ညဏ်တော်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြစ်ကျင့်သော
ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေ၏။ ဘုရားအလောင်း ငုံးငယ်ကို
ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။

၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေနိ ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
၂/ ဤပရိတ်တော်ကို ရှင်သာရိပုတ္တရာ
မဟာထေရ်မြတ်အား မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ ဤပရိတ်တော်သည်
ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလည်း လွန်စွာကြီး၏။ ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့
စုပေါင်းရွတ်ဆိုကြပါစို့။၂/ ဤပရိတ်တော်ကို ရှင်သာရိပုတ္တရာ

စုပေါင်းရွတ်ဆိုကြပါစို့။

၃။အတ္ထိလောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။
.
၃/ လောက၌ သီလ၏ ဂုဏ်ကျေးဇူးသည် ရှိပေ၏။ မှန်ကန်သောသစ္စာသည်ရှိပေ၏။
ကိုယ်ရေး၊ နှုတ်ရေး၊ စိတ်ရေး လုံးဝ စင်ကြယ်ခြင်းသည် ရှိပေ၏။ သတ္တဝါတို့အား
ကြင်နာသနားခြင်းသည် ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အလွန်ကောင်းမြတ်သော
သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။

၎။အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မ၀ဿာယ၊ သစ္စကိရိယ မကာသဟံ။
၎/ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး
ရှေးရှေးသော
ဘုရားရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။
၅။ သန္တိ ပက္ခာ အ ပတန၊ သန္တိပါဒါ အ၀ဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။

၅/ အို…တောမီး။ ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ။ ငါ့မှာခြေတို့ ရှိပါသော်လည်း
မသွားတတ်သေးပါ။ ငါ၏ မိဘတို့သည်လည်း (ငါ့ကိုထား၍) ထွက်သွားကြလေပြီ။ အို…တောမီး။
ငါ့ကို ဖဲကြဉ်ပါလော့။

၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသ ကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။
၆/ ချစ်သား… သာရိပုတ္တရာ။ ဤကဲ့သို့ ငါဘုရားလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ
သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည် ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့သို့ ငါ့ကို
ဖဲကြဉ်လေ၏။ အရှိန်အလျှံ ကြီးမားလှသော တောမီးသည် မင်းပယ် (၁၆)ပယ်ခန့်မျှ ကွင်းလေ၏။
.
ချစ်သား သာရိပုတ္တရာ။ ငါ၏သစ္စာစကားနှင့် တူသောတရား မည်သည် မရှိချေ။ ဤပါရမီကား ငါဘုရား၏ သစ္စာပါရမီပင် ဖြစ်တော့သည်။
ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။

ဝဋ္ဋသုတ်အနက်
ပြီး၏။
0 Comments