ဆဋ္ဌသံဂါယနာမူ ပရိတ်ကြီး ပါဠိတော်
သမန္တာ စက္ကဝါဠေသု၊ အတြာဂစန္တု ဒေဝတာ၊
သဒ္ဓမ္မံ မုနိ ရာဇဿ၊ သုဏန္တု သဂ္ဂ မောက္ခဒံ။
၁။ လူတို့ နေထိုင်လျက်ရှိသော ဤစကြဝဠာနှင့်အတူ တွဲဘက်တည်ရှိသော ပတ်ဝန်းကျင်
စကြဝဠာ တသောင်းမှ သောင်းလောကဓါတ် နတ်မြတ်အပေါင်းတို့ - ရဟန်းတို့၏
မင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ နတ်ရွာနိဗ္ဗာန် ချမ်းသာမှန်ကို ပေးစွမ်းနိုင်သော
သူတော်ကောင်းတရား (ပရိတ်တရား)ကို နာကြားအံ့သောငှာ ဤနေရာ ဤဒေသသို့
လာရောက်ကြပါကုန်လော့။ လာရောက်၍ ရိုသေစွာ နာယူကြပါကုန်လော့ ။

ဓမ္မဿဝန ကာလော အယံ ဘဒ္ဒန္တာ (သုံးခေါက်)
၂။
အို…. သောင်းလောကဓာတ် နတ်မြတ်အပေါင်းတို့
ယခုအခါသည်ကား
မြတ်စွာ
ဘုရား၏ တရားတော်ကို နာကြားရမည့် မင်္ဂလာ အခါတော် ဖြစ်လေသည်။

ယေ သန္တာ သန္တစိတ္တာ တိသရဏ သရဏာ၊
ဧတ္ထ လောကန္တရေ ဝါ။ ဘုမ္မာ ဘုမ္မာ စ ဒေဝါ၊
ဂုဏ ဂဏ ဂဟဏ
ဗျာဝဋာ သဗ္ဗကာလံ။
ဧတေအာယံတု ဒေဝါ ဝရ ကနက မယေ၊
မေရု ရာဇေ ဝသန္တော၊ သန္တောသ ဟေတုံ၊ မုနိ ဝရ
ဝစနံ သောတု မဂ္ဂံ သမဂ္ဂါ၊
၃။
ကျွန်ုပ်တို့သည်
ပစ္စည်းလေးပါးအလှူကို
ခံယူတော်မူထိုက်သော
လူသူလေးပါး
မသိမမြင်နိုင်သည့် ဆိတ်ကွယ်ရာနေရာ၌ ဖြစ်စေကာမူ မကောင်းမှုဒုစရိုက်ကို
ပြုလုပ်ခြင်း အလျှင်းမရှိသော ကိလေသာတို့ကို အပြီးသတ် ဖယ်ရှင်းပြီး မိမိအလိုလို
ကိုယ်တော်တိုင် သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်တော်မူပြီးသော
ဘုန်းတော်အနန္တ၏အရှင် ဘုရားသခင်အား ဦးညွှတ် ရှိခိုးကြပါကုန်၏။

သဗ္ဗေသု စက္ကဝါဠေသု ယက္ခာဒေဝါ စ ဗြဟ္မနော။
ယံအမှေဟိ ကတံ ပုညံ၊ သဗ္ဗသမ္ပတ္တိ သာဓကံ။
သဗ္ဗေတံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရတာ၊
ပမာဒ ရဟိတာ ဟောန္တု အာရက္ခာသု ဝိသေသတော။
၎။
ဤစကြဝဠာ၌၎င်း၊
ပြင်ပ
စကြဝဠာများ၌၎င်း
နေထိုင်လျက်ရှိကြကုန်သော
ကိုယ်ဣနြေ္ဒလည်း ငြိမ်သက်၊ စိတ်ဓါတ်လည်း ငြိမ်သက်လျက် ရှိကြကုန်သော
ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ပြီး လောကီကျေးဇူး လောကုတ္တရာ
ကျေးဇူးတို့ကို ရရှိနိုင်ရန် အမြဲတမ်း လုံ့လစိုက်လျက်ရှိကြသော ဘုမ္မစိုးနတ်
(မြေမှီနတ်)၊ အာကာသစိုးနတ် (ကောင်းကင်နေနတ်) အပေါင်းနှင့်တကွ
မြတ်သော ရွှေစိုင်အတိပြီးသော မြင်းမိုရ်တောင်မင်း၌ မှီတင်းနေထိုင်ကြသော
နတ်သူတော်ကောင်း အပေါင်းတို့သည် သောကကင်းဝေး နေထိုင်ရေးအတွက်
ရောင့်ရဲလွယ်ခြင်း၏ အကြောင်းဖြစ်သော ဘုရားစကားတော် မြတ်ကို
နာယူပန်ဆင်ရန် အလို့ငှာ တညီတညွတ်တည်း စုဝေး ရောက်လာကြပါကုန်လော့။

သာသနဿ စ လောကဿ၊ ဝုဍ္ဎီဘဝတု သဗ္ဗဒါ၊
သာသနမ္ပိစ လောကဉ္စ၊ ဒေဝါ ရက္ခန္တု သဗ္ဗဒါ။
၇။
မြတ်စွာဘုရား၏
အဆုံးအမ
သာသနာတော်မြတ်ကြီးသည်၎င်း၊
လူတို့၏
ကမ္ဘာလောကြီးသည်၎င်း ထာဝရ တိုးတက် ကြီးမြင့်ပါစေ။ သာသနာတော်နှင့်
လူ့လောကကို နတ်အပေါင်းတို့က အမြဲမပြတ် ကြည့်ရှု စောင့်ရှောက်ကြပါစေ။

သဒ္ဓိံ ဟောန္တု သုခီ သဗ္ဗေ၊ ပရိဝါရေဟိ
အတ္တနော၊
အနီဃာ သုမနာ ဟောန္တု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
၈။
မည်သူမဆို
သူ၏
အသိုင်းအဝိုင်းနှင့်အတူတကွ
ချမ်းသာကြပါစေ။
ဝမ်းမြောက်ရွှင်ပြုံး နှလုံး ချမ်းမြေ့ကြပါစေ။

ရာဇတော ဝါ၊ စောရတော ဝါ၊
မနုဿတော ဝါ၊ အမနုဿတော ဝါ၊
အဂ္ဂိတော ဝါ၊ ဥဒကတော ဝါ၊
ပိသာစတော ဝါ၊ ခါဏုကတော ဝါ၊
ကဏ္ဍကတော ဝါ၊ နက္ခတ္တတော ဝါ၊
ဇနပဒရောဂတော ဝါ၊ အသဒ္ဓမ္မတော ဝါ၊
အသန္ဒိဋ္ဌိတော ဝါ၊ အသပ္ပုရိသတော ဝါ၊
စဏ္ဍ ဟတ္ထိ အဿ မိဂ ဂေါဏ ကုက္ကုရ အဟိ ဝိစ္ဆိက၊
မဏိ သပ္ပ ဒီပိ အစ္ဆ တရစ္ဆ သူကရ မဟိံသ၊ ယက္ခ
ရက္ခသာဒီဟိ၊
နာနာဘယတော ဝါ၊ နာနာ ရောဂတော ဝါ၊
နာနာဥပဒ္ဒဝတော ဝါ အာရက္ခံ ဂဏှန္တု။
၉။
မင်းဘေး၊
ခိုးသူဘေး၊
လူဘေး၊
ဘီလူးဘေး၊
မီးဘေး၊
ရေဘေး၊
မြေဘုတ်ဘီလူးဘေး၊ သစ်ငုတ်ဘေး၊ ဆူးငြောင့်ဘေး၊ မကောင်းသော
နက္ခတ်ဘေး၊ ဇနပုဒ် ရောဂါဘေး၊ မမှန်ကန်သော တရားဘေး၊ မှားသော
အယူဝါဒဘေး၊ လူယုတ်မာတို့၏ဘေး၊ ဤကဲ့သို့ ဘေးဆိုး အန္တရာယ်ဆိုး
တို့မှ၎င်း၊ ဆင်ဆိုး၊ မြင်းဆိုး၊ သားကောင်ဆိုး၊ နွားဆိုး၊ ခွေးဆိုး၊ မြွေဆိုး၊
ကင်းဆိုး၊ မြွေစိမ်းဆိုး၊ သစ်ဆိုး (ကျားသစ်ဆိုး)၊ ဝံဆိုး၊ အောင်းဆိုး၊
ဝက်ဆိုး၊ ကျွဲဆိုး၊ ဘီလူးဆိုး၊ ရေစောင့် ဘီလူးဆိုး စသည်တို့ကြောင့်
ဖြစ်တတ်သည့် ဘေးအမျိုးမျိုး၊ ရောဂါအမျိုးမျိုး၊ ဥပါဒ်အမျိုးမျိုးတို့မှ၎င်း
လူတို့ ကင်းဝေးအောင် မမြင်ရအောင် နတ်အပေါင်းတို့က အစောင့်အရှောက်
တာဝန်ယူကြပါကုန်။

မင်္ဂလသုတ်
၁။ယံ မင်္ဂလံ
ဒွါဒသ ဟိ၊ စိန္တယိံ သု
သဒေ၀ကာ၊
သောတ္ထာနံ နာဓိ ဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ ။
သောတ္ထာနံ နာဓိ ဂစ္ဆန္တိ၊ အဋ္ဌတ္တိံ သဉ္စ မင်္ဂလံ ။
၁/ “မည်သည့်တရားသည် မင်္ဂလာတရားနည်း” ဟူ၍ လူနှင့်နတ်တို့သည် (၁၂)နှစ်တိုင်တိုင် တွေးခေါ်ကြသော်လည်း
အဖြေမှန်
မရခဲ့ကြပေ။
စီးပွားချမ်းသာခြင်း၏
အကြောင်းမှန်ဖြစ်သော မင်္ဂလာ တရားပေါင်း (၃၈)ပါး ရှိလိမ့်မည်ဟူ၍လည်း မည်သူမျှ
မသိမမြင်နိုင်ခဲ့ကြပေ။

၂။ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပ ၀ိနာသနံ ။
သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ပဏာမ ဟေ ။
၂/ လူတယောက်စီ တယောက်စီထက်၎င်း၊ သန်းပေါင်းများစွာသော
လူသားအားလုံးတို့ထက်၎င်း၊
နတ်တပါးစီ တပါးစီထက်၎င်း၊ နတ်အားလုံးထက်၎င်း
သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရားသည် လောကအကျိုးကို ရှေ့ရှုလျက် မင်္ဂလာတရား
(၃၈)ပါးကို ထုတ်ဖော် ဟော်ကြားတော်မူခဲ့၏။ မင်္ဂလာတရားသည် လူမှုဒုစရိုက်တရားကို
ပယ်ဖျောက်တတ်၏။ ယခုအခါ သူတော်ကောင်း အပေါင်းတို့နှင့်အတူ ကျွန်ုပ်တို့သည်
မင်္ဂလာတရားတော်မြတ်ကို ရွတ်ဖတ် ပူဇော်ကြပါကုန်စို့။

၃။ ဧ၀ံ မေ သုတံ-
ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ၊
ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ ၀ိဟရတိ ၊
ဇေတ၀နေ အနာထ
ပိဏ္ဍိကဿ အာရာမေ။
အထခေါ အညတရာ ဒေ၀တာ၊
အထခေါ အညတရာ ဒေ၀တာ၊
အဘိက္ကန္တာယ
ရတ္တိယာ အဘိက္ကန္တ ၀ဏ္ဏာ၊
ကေ၀လကပ္ပံ ဇေတ၀နံ
သြဘာသေတွာ၊
ယေန ဘဂ၀ါ တေနုပသင်္ကမိ၊
ဥပသင်္ကမိတွာ ဘဂ၀န္တံ - အဘိဝါဒေတွာ။
ဧကမန္တံ အဋ္ဌာသိ ဧကမန္တံ ဌိတာခေါ
ယေန ဘဂ၀ါ တေနုပသင်္ကမိ၊
ဥပသင်္ကမိတွာ ဘဂ၀န္တံ - အဘိဝါဒေတွာ။
ဧကမန္တံ အဋ္ဌာသိ ဧကမန္တံ ဌိတာခေါ
သာ ဒေဝတာ ဘဂဝန္တံ
ဂါထာယ အဇ္ဈဘာသိ။
၃/ ပထမ သံဂါယနာပွဲတော်ကြီး၏
သံဃဥက္ကဌ
ဖြစ်တော်မူသော
မဟာကဿပ ရှင်ဘုရား……
ဤ မင်္ဂလသုတ်တော်ကို အကျွန်ုပ် အာနန္ဒာသည် နောင်တော် မြတ်စွာဘုရားထံမှ တိုက်ရိုက်
ဤသို့ ကြားနာလိုက်ရပါ၏။ မှတ်သားလိုက်ရပါ၏။ ဆောင်ထားလိုက်ရပါ၏။
.
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်၌
သီတင်းသုံးနေပါသည်။ ဇေတဝန်ကျောင်းသည် အနာထပိဏ်
သူဌေးကြီး ဆောက်လုပ်လှူဒါန်းသော နှလုံးမွေ့လျော် ပျော်ဖွယ်ရာ ကောင်းသော ကျောင်းတော်
ကြီး ဖြစ်ပါသည်။
.
တညသ၌ ညဥ့်ဦးယံလွန်၍ သန်းခေါင်ယံ အရောက်တွင် အမျိုးအမည် မထင်ရှား မသိသာသော
နတ်သားတပါး ရောက်လာပါသည်။ သူသည် အလွန် နှစ်လိုဖွယ်
ရုပ်အဆင်းရှိပါသည်။ ဇေတဝန်ကျောင်းတိုက် တခုလုံးကိုလည်း သူ၏ကိုယ်မှ အရောင်အဝါဖြင့်
ထွန်းလင်းစေပါသည်။
.
ယင်းသို့ ထွန်းလင်းစေပြီးနောက် မြတ်စွာဘုရားသခင် ရှိရာသို့ ချဉ်းကပ်လာပါသည်။ မြတ်စွာ
ဘုရားကို အလွန် ရိုသေလေးမြတ်စွာ ရှိခိုးပါသည်။ ရှိခိုးပြီးနောက်
တင့်အပ်လျောက်ပတ်သော နေရာ၌ မတ်တတ်ရပ်နေပါသည်။ ယင်းသို့နေရာယူပြီးမှ
ထိုနတ်သားသည် မြတ်စွာဘုရားကို ဤကဲ့သို့ ဂါထာဖြင့် နားတော်လျှောက်ပါသည်။

၎။ဗဟူ ဒေ၀ါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။
၎/ ဘုန်းတော်ကြီး မြတ်လှသော မြတ်စွာဘုရား။ နတ်အပေါင်းတို့သည်၎င်း၊
လူအပေါင်းတို့သည်၎င်း စင်ကြယ်စွာသော နိဗ္ဗာန်ချမ်းသာကို
လိုချင်ကြသည်။ တောင့်တကြသည် ဖြစ်ပါ၍ မည်သည့်တရားသည် စီးပွားချမ်းသာခြင်း၏
အကြောင်းဖြစ်သော မင်္ဂလာတရားတော် ဖြစ်သလဲ ဟူ၍ (၁၂)နှစ်တိုင်တိုင် အချိန်ယူပြီး
စဉ်းစားတွေးခေါ် ကြံဆခဲ့ကြပါသည် ဘုရား။ ယင်းသို့ ကြံစည် တွေးဆကြပါသော်လည်း
မင်္ဂလာတရားမှန်ကို မည်သူမျှ တွေးကြံ၍ မသိနိုင်ကြပါသည် ဘုရား။ သို့အတွက်ကြောင့်
မင်္ဂလာတရား ဟူသည် မည်သည့်တရားဖြစ်ကြောင်း အရှင်ဘုရားက စတင်
ထုတ်ဖော်၍ ဟောကြားတော်မူပါဘုရား။

၅။ အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၅/ အို.... နတ်သား။ သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း၊ ပညာရှိသူကို မှီဝဲဆည်းကပ်ခြင်း၊
ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ ဤတရားသုံးပါးကို မင်္ဂလာ ဟူ၍ သင် မှတ်သားလော့။

၆။ ပတိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတ ပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၆/ အို.... နတ်သား။ တင့်အပ်လျောက်ပတ်သော
အရပ်ဒေသ၌ နေခြင်း၊ ရှေးဘဝက ပြုခဲ့ဖူးသောကောင်းမှု ရှိခြင်း၊ မိမိကိုယ်ကို ကောင်းစွာ
ထိန်းသိမ်းဆောက်တည်ခြင်း၊ ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင်
မှတ်ဦးလော့။

၇။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယောစ သုသိက္ခိတော။
သုဘာသိတာ စ ယာဝါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၇/ အို.. နတ်သား။ အကြားအမြင် ဗဟုသုတ ရှိခြင်း၊ စက်မှုလက်မှု စသော သိပံ္ပပညာ
တတ်မြောက်ခြင်း၊ ကိုယ်နှုတ်နှလုံးကို ယဉ်ကျေးအောင် ဆုံးမတတ်သည့်
ဝိနည်းတရားကို ကောင်းစွာသင်ယူခြင်း၊ ကောင်းသောစကားကို ပြောခြင်း၊
ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
၈။ မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။

၈/ အို.... နတ်သား။ အမိအဘကို လုပ်ကျွေးမွေးမြူခြင်း၊
သားမယားကို
ထောက်ပံ့ပေးကမ်း
ချီးမြှောက်ခြင်း၊ မည်သူ့ကိုမျှ မထိခိုက်သော အလုပ်ကိုလုပ်ခြင်း၊
ဤတရားသုံးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။

၉။ ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။
၉/ အို.... နတ်သား။ အလှူပေးခြင်း၊ မြတ်သောအကျင့်ကို
ကျင့်ခြင်း၊
ဆွေမျိုးတို့အား
ထောက်ပံ့ခြင်း၊
အကုသိုလ်ကင်းသော အလုပ်ကိုလုပ်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာဟူ၍
သင် မှတ်ဦးလော့။

၁၀။ အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၀/ အို.... နတ်သား။ မကောင်းမှု ဟူသမျှ ဝေးဝေးရှောင်နိုင်ခြင်း
၊
မကောင်းမှုကို
မလုပ်ဖြစ်အောင်
မကျူးလွန်ဖြစ်အောင် အထူးရှောင်ကြဉ်နိုင်ခြင်း၊ သေရည်သေရက် မူးယစ်ဆေးဝါးတို့ကို
မသောက်မစား ဖြစ်အောင်ရှောင်ကြဉ်နိုင်ခြင်း၊ ကုသိုလ်ရမည့် ကောင်းမှုအလုပ်တို့ကို
မပြတ်သတိရပြီး မမေ့မလျော့ ဆောင်ရွက်ခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ
ဟူ၍ သင် မှတ်ဦးလော့။

၁၁။ ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၁/ အို.... နတ်သား။ ရိုသေထိုက်သူကို ရိုသေခြင်း ၊ မိမိကိုယ်ကို မောက်မာသမှု မပြုဘဲ နှိမ်ချခြင်း၊
ကိလေသာအာရုံ ကာမဂုဏ်တို့၌ ရောင့်ရဲလွယ်ခြင်း၊ သူတပါးက မိမိအပေါ် ပြုဖူးသော ကျေးဇူးကို
သိတတ်ခြင်း၊ အခါအခွင့်သင့်တိုင်း တရားနာခြင်း၊ ဤတရားငါးပါးကိုလည်း မြတ်သောမင်္ဂလာ

၁၂။ခန္တီစ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ၊
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၂/ အို.... နတ်သား။ သည်းခံတတ်ခြင်း၊ သူတော်ကောင်းတို့က
ဆုံးမသည့်
စကားကို
နာယူလွယ်ခြင်း၊ သူတော်ကောင်း ရဟန်းပုဏ္ဏားတို့အား ဖူးမျှော်ရခြင်း၊ အခါအခွင့်သင့်တိုင်း
တရားဆွေးနွေး မေးမြန်းခြင်း၊ ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင်
မှတ်ဦးလော။

၁၃။ တပေါ စဗြဟ္မစရိယဉ္စ အရိယာသစ္စာန ဒဿနံ၊
နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၃/ အို.... နတ်သား။ ခြိုးခြံစွာ ကျင့်ခြင်း၊ မြတ်သောအကျင့်ကို
ကျင့်ခြင်း၊
အရိယာသစ္စာ
တရားကို
သိမြင်ရခြင်း၊ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော
မင်္ဂလာ ဟူ၍ သင် မှတ်ဦးလော။

၁၄။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊
အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁၄/ အို.... နတ်သား။ လောကဓံတရား ရှစ်ပါးတို့နှင့်
တွေ့ကြုံရသော
ရဟန္တာ
အရှင်သူမြတ်၏
စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏။
ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
စိတ်သည် မတုန်မလှုပ်၊ မစိုးမရိမ်၊ ရမ္မက်ကင်း၏၊ ဘေးကင်း၏။
ဤတရားလေးပါးကိုလည်း မြတ်သောမင်္ဂလာ ဟူ၍ သင် မှတ်ဦးလော့။
၁၅။ ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။
၁၅/ အို....နတ်သား။ ဤကဲ့သို့သော (၃၈)ပါး မင်္ဂလာတရားကို လက်တွေ့
လိုက်နာကျင့်ကြံ ပြုလုပ်ထားသည့်အတွက်ကြောင့် မည်သည့်နေရာ၌နေနေ မိမိအား ရန်သူတို့က
မအောင်နိုင်၊ ကိစ္စခပ်သိမ်း၌ ပြီးငြိမ်းချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထို (၃၈)ပါးသော
တရားသည်သာလျှင် လူတကာ၊ နတ်တကာတို့အတွက် မြတ်သောမင်္ဂလာ ဖြစ်ကြောင်း သင်
မှတ်သားလေလော့။

မင်္ဂလသုတ္တံ နိဋ္ဌိတံ။
1 Comments
သာဓုသာဓုသာဓုပါဘုရား...