တချိန်က သမိုင်းအဆက်ဆက်မှာ သာသနာပြု မင်းကောင်း မင်းမြတ်များ ပေါ်ထွန်း စောင့်ရှောက်လာခဲ့ကြလို့သာ ယနေ့တိုင်အောင် ကမ္ဘာမှာ မြန်မာဟာ ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံရယ်လို့ အခိုင်အမာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါသည်..။
ပရိယတ္တိဆိုင်ရာမှာ ငယ်၊
လတ်၊ ကြီး၊ ဓမ္မာစရိယ၊ အဘိဝံသ၊ ဒွိပိဋက၊ တိပိဋက အစရှိသော စာတတ်အကျော်
ရဟန်းတော်များကို ယနေ့တိုင် မွေးဖွား ရွေးထုတ်ပေးနေသလို.. တစ်ဖက်ကလည်း
ပဋိပတ်ပိုင်းမှာ နိုင်ငံအနှံ့ ကမ္မဋ္ဌာန်း ရိပ်သာကြီးတွေ မရေတွက်နိုင်အောင်
များပြားစွာ နေရာယူတည်ရှိနေခြင်းကို ကြည့်ခြင်းအားဖြင့် သာသနာ၏ တက်ရိပ်ကို
ခန့်မှန်းနိုင်ပါသည်။ ဤအကျိုးတရားတွေသည် ရှေးခေတ်အဆက်ဆက်က ရဟန်း၊ ရှင်၊ လူ၊
ပြည်သူနှင့် အုပ်ချုပ်သူ နိုင်ငံခေါင်းဆောင်များက ပူပေါင်းလက်တွဲ
ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသော အကျိုးတရားများ ဖြစ်သည်ကို ရှင်းပြဖို့ပင်
လိုအံ့မထင်ပါ..။
ယခုကဲ့သို့ နိုင်ငံတော်၏
သာသနာသည် တံခွန်အလား ငွါးငွါးစွန့်စွန့်နှင့် ဖြစ်နေချိန်မှာ “အပင်မြင်တော့
လေတိုက်” ဆိုသလို အတွင်းအပြင်မှ အတိုက်အခိုက် လုပ်သူတို့သည်လည်း
များလို့လာပါတယ်..။ ဒီအထဲကမှ ဘာသာမတူ လူမျိုးခြားတို့၏
ထိုးနှက်တိုက်ခိုက်မူများသည် သတိထား စောင့်ကြည့်ရမည် အခြေအနေဖြစ်ပါသည်။
အနုနည်းနှင့်တစ်ဖုံ အကြမ်းနည်းကတစ်မျိုး မတရားသောနည်းကတစ်သွယ်
နည်းမျိုးစုံချယ်လှယ်ပြီး သုံးနေကြခြင်းကြောင့် သာသနာအရေး ပေါ့ပေါ့မတွေးဘဲ
သတိရှိကြဖို့လည်း အထူး လိုအပ်လှပါသည်..။
သာသနာပြုကြရာတွင်
ပြောင်းလည်းလာသော ခေတ်နှင့်အညီ လူတို့၏ အတွေးအခေါ်နှင့် နေထိုင်မှု စရိုက်များ
ကွာခြားလာခြင်းသည်လည်း ထည့်သွင်းစဉ်းစားရမည့် အချက်များဖြစ်ပါတယ်..။ စာရေးသူတို့
ဗုဒ္ဓဘာသာမှာ သာသနာပြု အဓိက ဦးဆောင် ပုဂ္ဂိုလ်များဖြစ်သော ဆရာတော် သံဃာတော်များသည်
ပြောင်းလည်းနေသော ခေတ်၊ မြင့်တက်နေသော ကုန်ဈေးနှုန်း၊ ကျယ်ပြန့်လာသော လူတို့ရဲ့
အမြင်များကို အားလုံးကို လေ့လာတွက်ချက်နိုင်မှသာ ခေတ်နှင့် စနစ်နှင့်
လျှော်ညီပြီး သာသနာပြု ခရီး ဖြောင့်တန်းနိုင်မည်ဖြစ်ပါတယ်..။
လိုအပ်လာလျှင်လည်း စာအုပ်ကြီးထဲမှ ခွဲထွက်ကာ
လုပ်ဆောင်စေလိုပါသည်..။
စာရေးသူအနေနှင့် ။ ယခုခေတ်
သာသနာပြုရာမှာ
သံဃာတော်များ စာသင်စာချနေရုံဖြင့်
သာသနာပြုတာ ပြည့်စုံပြီလား..
နိုင်ငံအနှံ့
အချိန်ပြည့် တရားစခန်းများ ဖွင့်နေခြင်းဖြင့် သာသနာပြုတာ ပြည့်စုံပြီလား..
ရပ်ကွက်တကာလှည့်ပြီး
တရားပွဲများ ကျင်းပနေခြင်းဖြင့် သာသနာပြုတာ ပြည့်စုံပြီလား..
ခန္တီတရား
လက်ကိုင်ထားရုံဖြင့် သာသနာပြုတာ ပြည့်စုံပြီလား..
မေတ္တာပို့သံ
ကြိုင်လှိုင်ရုံဖြင့် သာသနာပြုတာ ပြည့်စုံပြီလား..
ယခုလက်ရှိ
လျှောက်လှမ်းနေသော သာသနာပြု လမ်းခရီးကြီးဟာ တချိန်က သာသနာ့ နောင်တော်ကြီးများ
လျှောက်ခဲ့ကြတဲ့ လမ်းဟောင်းကြီးပါ..။ ဘာမှဖြည့်စွတ်ခြင်း ဖို့သိပ်ခြင်းများ
မလုပ်ခဲ့ကြပါဘူး..။ ဒီလို သမရိုးကျ နည်းနှင့် ရိုးရှင်းစွာ သွားခဲ့လို့လည်း
တချိန်က ဗုဒ္ဓဘာသာ အင်ပါယာကြီးများဖြစ်ကြသော အီရတ် ၊ အီရန် ၊ အာဖဂန်နှင့် အင်ဒို၊
မလေး ဘင်္ဂလားဒေရှ့်စသော နိုင်ငံကြီးများဟာ အစ္စလာမ်မစ်တို့ ကြီးစိုးရာ နေရာအဖြစ်
ပြောင်းလဲခဲ့ရခြင်းဖြစ်ပါတယ်..။
ဒီအထဲ
အဆိုးဆုံးကတော့ ဗုဒ္ဓဘုရားရှင် ပွင့်ပေါ်ရာ ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားရာ အထင်ကရ
မဇ္ဈိမဒေသ တစ်ခုဖြစ်သော အိန္ဒိယနိုင်ငံကြီးမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်ရခြင်းဟာ
ကြီးစွာသော ဆုံးရှုံးမှုကြီးတစ်ရပ်လည်း ဖြစ်ပါသည်။ ဖော်ပြပါ နိုင်ငံကြီးများသည်
တချိန်က ဗုဒ္ဓ၏ တရားတော်များ လျှမ်းလျှမ်းတောက်ခဲ့ကြသလို သူတော်ကောင်းများ
အရိယာများလည်း များစွာ နေထိုင်သွားကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်..။ သို့သော်လည်း
အခုချိန်မှာဆိုရင်ဖြင့် အိပ်မက်တစ်ခုကဲ့သို့ ပြီးဆုံးခဲ့ပါပြီ..။
ဆုံးရှုံးသွားပါပြီ..။ ပြင်မရတော့သည့် မှားယွင်းမှုကြောင့် ကြီးစွာသော
နောင်တတစ်ခုလည်း ဖြစ်ခဲ့ပါသည်..။
လောင်းကစားသမား
တစ်ယောက်အနေနှင့် ဒီနေ့ ရှုံးလျှင် မနက်ဖြန်မှာ နိုင်ရန် မျှော်လင့်ချက်
ရှိပါသော်လည်း၊ ကိုးကွယ်ရာ ဘာသာတရား ဆုံးရှုံးခဲ့လျှင်တော့ ပြန်လည်ရရှိဖို့
မလွယ်ကူတော့ပါ..။
စာရှုသူများကို
မေးချင်ပါသည်..
ဗုဒ္ဓဘာသာတွေဟာ
သူတော်တရားတွေ ထွန်းကားသော်လည်း ဘာကြောင့် ကျဆုံးခဲ့ရတာလဲ ဆိုတာ
စဉ်းစားမိကြပါရဲ့လား..။
ကမ္ဘာမှာ
အစ္စလာမ်မစ်နိုင်ငံအဖြစ် ပြောင်းလဲသွားကြသော နိုင်ငံများသည်လည်း ဗုဒ္ဓဘာသာ
နိုင်ငံတွေပဲ ဆိုတာရော တွေးမိကြပါရဲ့လား..။
ဘာကြောင့်ပါလဲ..
(ဖတ်လက်စ
စာလေးကို ခဏခေါက်ပြီး ကိုယ်ပိုင်ဉာဏ်လေးနဲ့ ဖြေကြည့်ပါ..။)
ကမ္ဘာမှာ
ဗုဒ္ဓဘာသာကြောင့် သွေစွန်းခဲ့ခြင်း မရှိပါဘူး..။ ဒါကြောင့်လည်း (18.11.2011)
ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့်
အသိဉာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ ဘာသာရေး
ခေါင်းဆောင်များကိုယ်တိုင် သူတို့ဘာသာကိုမျက်ကွယ်ပြုပြီး ဗုဒ္ဓဘာသာကို
ကမ္ဘာ့အကောင်းဆုံး ဘာသာအဖြစ် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်..။
စာရေးသူတို့
ဘာသာက မေတ္တာတရား၊ ခန္တီတရားများ အားကောင်းတယ်..။ “ရန်ကို ရန်ခြင်း တုံ့ပြန့်လျှင်းက
ကြီးစွာနောင်တ ပူပန်ရလိမ့်” စသော ဘုရားဟော တရားများကိုလည်း ဦးလည်မသုံ
လိုက်နာကြတယ်..။ ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ကလည်း သူဒုတ်ဆွဲရင်
ကိုယ်ဓါးဆွဲရမယ်လို့လည်း မဟောကြားခဲ့ပါဘူး..။ သို့သော်လည်း မိမိရဲ့ အမျိုး ဘာသာ
သာသနာကို ထိပါး နှောက်ယှက်လာရင် ဘုရားရှင်က သွယ်ဝိုက်သောနည်းဖြင့် ခုခံဖို့
စောင့်ရှောက်ဖို့ကို ဟောကြားခဲ့တာတွေ ရှိပါတယ်..။
အရှင်ဘုရားရယ်... ဗုဒ္ဓက မေတ္တာတရား
အားကြီးပါတယ်..။ ပြစ်မှားစော်ကားလာသူတို့ကို မေတ္တာသာထားပါ လို့တော့ ဘုန်းကြီးစာချ
မလုပ်ကြပါနဲ့။ DVB TV အစီအစဉ်မှာ စာရေးဆရာ ဒကာကြီး မောင်သွေးချွန်ပြောသွားသလို
"ဗုဒ္ဓက အောင်ခြင်းရှစ်ပါးထဲက နန္ဒောပနန္ဒနဂါးမင်းကို အောင်နိုင်ရာမှာ
မေတ္တာမသုံးပါဘူးတဲ့"..။
ဆိုလိုချင်တာက အရာရာမှာ
သူ့နေရာနှင့်သူ အသုံးချရပါမယ်..။ သတ္တဝါတို့၏ စရိုက် အနုအရင့်ကို လိုက်ပြီး ဟောပြော
ခြွေချွတ်ရတာ ဖြစ်တဲ့အတွက်ကြောင့် ကြမ်းတစ်ခါ ချော့တစ်လှည့် နည်းမျိုးစုံအောင်
သုံးရမည်ဖြစ်ပါသည်..။
စာရေးသူတို့
ကိုးကွယ်နေတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက မဟာကရုဏာတော် အလွန်
အားကြီးသည့်အလျှောက် ဘုရားရှင် ပြုသမျှ လုပ်သမျှ တွေးကြံသမျှတို့သည် ဘာသာအတွက်
သာသနာအတွက် သတ္တဝါတွေအတွက် လောကကြီးအတွက်သာ ဖြစ်ပါသည်..။
သတိထားစရာတစ်ခုက
ဘုရားရှင်သည် သူကိုယ်တိုင် အလောင်းတော်ဘဝဖြင့် ပါရမီဖြည့်ကျင့်ခဲ့စဉ်က မျောက်မင်းဇာတ်တော်၊
ကျီးမင်းဇာတ်တော်နှင့် ခွေးမင်းဇာတ်တော်တို့ကို ဘာကြောင့် ဟောကြားခဲ့ပါလဲ..။
ဘယ်အတွက်ကြောင့်များ ဟောကြားခဲ့တယ် ထင်ပါသလဲ..။ ဘယ်သူတွေကို ရည်ရွယ်၍
ဟောကြားခဲ့ပါသလဲ..။ နာလို့ကောင်းအောင် ဟောခဲ့ခြင်းမဟုတ်တာတော့ သေချာပါတယ်..။
ငါဘုရားရှင်ရဲ့
သာသနာတော်ကြီးကို နောင်တစ်ချိန်မှာ ဖျက်ဆီး တိုက်ခိုက်မည့် အသင်းအပင်း အဖွဲ့အစည်း
လူမျိုးတစ်စုက တိုက်ခိုက်မည့် အရေးကို မျှော်တွေးလို့ ဟောကြားခဲ့ခြင်း ဖြစ်တယ်လို့
စာရေးသူ ယုံကြည်ပါတယ်..။
ယုံကြည်ရတဲ့
အကြောင်းအရင်းကလည်း မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အောင်ခြင်းရှစ်ပါးမှာ
အပါအဝင်ဖြစ်တဲ့ သစ္စကပရိဗိုဇ်အကြောင်းကို ဒီနေရာမှာ ထောက်ပြချင်ပါတယ်..။
သစ္စကပရိဗိုဇ်သည် နိဂဏ္ဌတက္ကတွန်းမိဘနှစ်ပါး၏ သားဖြစ်သည်။ အဖဘက်မှ ၀ါဒငါးရာ၊ အမိဘက်မှ ၀ါဒငါးရာ သင်ယူတတ်မြောက်ခဲ့၏ ။ဝေသာလီပြည် လိစ္ဆ၀ီမင်းတို့၏ ဆရာဖြစ်သည်။ အယူဝါဒရေးရာ စကားပြိုင် ဆိုင်ပြောဆိုလေ့ရှိပြီး ‘‘ငါပညာရှိ’’ ဟုလည်း ကြွေးကြော်လေ့ရှိသည်။ သူကသာပြစ်တင်ပြောဆိုလိုက်လျှင် မတုန်လှုပ် မယိမ်းယိုင်သူမရှိ၊ ဘုရားဟု ၀န်ခံသူတို့ပင် အကြံအိုက်ကာ ချွေးပြိုက်ပြိုက်ကျရမည်၊ စိတ်မရှိသော တုံး၊ တိုင်တို့ပင် ယိမ်းယိုင်သွားနိုင်သည်ဟု ပြောဆိုလေ့ရှိသည်။ ဤကဲ့သို့သော ခက်ထန်ကြမ်းတမ်းသူကိုပင် မြတ်စွာဘုရားက စူဠသစ္စကသုတ္တံ၊ မဟာသစ္စကသုတ္တံ စသော သုတ္တံကြီးများကို ဟောကြားပြီး အနိုင်ယူအောင်မြင်တော်မူခဲ့ပါတယ်..။
သို့ပါသော်လည်း
သစ္စကဟာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူသော တရားတော်တို့ကို
နာယူမှတ်သားခဲ့သော်လည်း တရားထူးတရားမြတ်ကို ရဖို့မဆိုထားနှင့် သရဏဂုံလေးတောင်
မတည်တဲ့အပြင် ရတနာသုံးပါးကို မြတ်နိုးရကောင်းမှန်း၊ ကိုးကွယ်ရကောင်းမှန်း
မသိခဲ့ပါဘူး..။
ဒီလောက်တုံး
ဒီလောက်ထိုင်းတဲ့ သစ္စကကို ဘာလို့များ မြတ်စွာဘုရားက သုတ္တံအရှည်ကြီးတွေ ဟောကြားခဲ့ပါသလဲလို့
မေးစရာရှိပါတယ်..။
အကြောင်းကတော့
နောင်တစ်ချိန်မှာ သစ္စကဟာ ယခုလိုဘုရားရှင်နှင့် ဆွေးနွေး နာကြားခဲ့ရသည်များ၏
အထောက်အပံ့ဖြင့် သီဟိုဠ်ခေတ်ရောက်တော့ ကာလဗုဒ္ဓရက္ခိတ မထေရ် အဖြစ်နဲ့ ရဟန္တာ
လာဖြစ်ပါတယ်..။
ဒီအကြောင်းတွေကို
တွေးမျှော်ပြီးလို့သာ ဘုရားရှင်က အပင်ပန်းခံပြီး ဟောကြားခဲ့ခြင်းဖြစ်ပါတယ်..။
အခုလည်း
စာရေးသူတို့ကို ကာက(ကျီးမင်း)ဇာတ် အစရှိသော အလောင်းတော်ဘဝမှာ
အမျိုးစောင့်ခဲ့ရသည်များကို အဘယ်ကြောင့်များ၊ အဘယ်အကျိုးငှာ
ဟောကြားခဲ့ပါသလဲဆိုရင်.. မြန်မာပြည်အရေး စိတ်မအေးလို့ အနာဂါတ်သို့ လှမ်းမျှော်ပြီး
မိန့်ချွေခဲ့ခြင်း ဖြစ်ပါသည်လို့ ယုံကြည်မိပါတော့တယ်..။
အရှင်ဇောတိ
(နံ့သာနီ)
ထိုင်းနိုင်ငံ
0 Comments