တို့မြေဌာနီ၊ ရှေးခါဆီဝယ်၊
မထေရ်အပေါင်း၊ စံရာကျောင်းမှ၊
ငြိမ့်ငြောင်းသာယာ၊ မိန့်အာဏာကို
ရပ်ရွာလူများ၊ လွန်လေးစားခဲ့၊
ခုကားသို့နှယ်၊ မဟုတ်ကွယ်၍ ၊
နယ်ပယ်ပွားစီး၊ သားသမီးတို့ ၊
ဘုန်းကြီးကျောင်းတွင်၊ စာမသင်တော့။
ထို့ပြင်မြို့နေ၊ ကလေးတွေက ၊
ဒို့မေဘာသာ၊ ဒို့မေစာကို ၊
သင်ရာကောင်းမျှ၊
မထင်ကြပဲ၊
ပြင်ကလာပေး၊ စာပထွေးကို ၊
အလေးဂရု၊ အရေးပြု၏၊
ယခုလိုသာ၊
နှစ်ပေါင်းကြာလျှင်၊
မြန်မာပြည်ဖွား၊ တိုင်းရင်းသားတို့ ၊
ဘုရားကိုစွန့်၊
တရားစွန့်၍ ၊
စွန့်လိမ့်မှန်စွာ၊ မြတ်သံဃာတည်း ၊
ထိုခါလူများ၊
ကိုယ်ကျင့်အားဖြင့် ၊
တရားမပါ၊ အမှားစာကြောင့် ၊
များစွာခုထက်၊ တိုး၍ပျက်လိမ့်။
သို့တွက်များပြား၊ ဘုန်းဘုရားတို့၊
တရားကိုယ်ကျင့်၊ လုံအောင်ကျင့်၍ မလင့်စေရ၊
ကိုယ့်ဒေသ၌ သိပ္ပဝိဇ္ဇာ၊ ပြသင့်ရာကို၊
ကောင်းစွာပိုင်ပိုင်၊
ပြသနိုင်မှ ၊
ဘုန်းလှိုင်ဟောပြ၊ သြဝါဒကို ၊
စိတ်ကကြည်ဖြူ၊ လိုက်နာယူ၍ ၊
ကိုယ်မူနှုတ်ပြောင်း၊ စိတ်လည်းကောင်းလိမ့်  ၊
အကောင်းမကောင်း၊
အကြောင်းကြောင်းကို၊
သောင်းပြောင်းကုန်စင်၊ အကုန်မြင်မည် ၊
မျိုးနှင့်သာသနာ
တည်ကြောင်းတည်း..။
အရှင်ဇနကာဘိဝံသ (ကျေးဇူးတော်ရှင်မဟာဂန္ဓာရုံဆရာတော်)
0 Comments