GEORGE WASHINGTON (1732- 1799)
ဂျော့ဝါရှင်တန်(၁၇၃၂-၁၇၉၉)
ဂျော့ဝါရှင်တန်(၁၇၃၂-၁၇၉၉)
ဗာဂျီးနီးယားဝိတ်ဖီးလ်မှာ ၁၇၃၂ကဂျော့ဝါရှင်တန်ကို မွေးဖွါးခဲ့ပါတယ်။ စိုက်ခင်းကြီးရှင် လူချမ်းသာတစ်ဦးရဲ့ သားဖြစ်လို့ အသက်နှစ်ဆယ်မှာ ကြီးမားတဲ့နယ်ကိုအမွေရခဲ့ပါ တယ်။ ၀ါရှင်တန်ဟာ ၁၇၅၃ က၁၇၅၈ထိ စစ်မှုထမ်းခဲ့ပြီးပြင်သစ်နဲ့ အင်ဒီယမ် စစ်ပွဲတွေမှာပါဝင်တိုက်ခဲ့ဖူးတဲ့အတွက် စစ်ပွဲအတွေ့အကြုံလည်းရတဲ့အြ ပင် တိုက်ခိုက်ရေးမှအောင်မြင်သူ အဖြစ်နဲ့ ဂုဏ်သတင်းထွက်လာ ခဲ့ပါတယ်။ ဇာတိဗာဂျိနိယားကို ၁၇၅၈ကုန်ကာနီးပြန်လာခဲ့တဲ့အ ခါ စစ်ဗိုလ်အဖြစ်ကနှုတ်ထွက်ပြီးဖြစ်ပါတယ်။ နောက်မကြာမီ ကြွယ်ဝချမ်းသာတဲ့ကလေးနှစ်ယောက်မိခင် ၊ မုဆိုးမမာသာဒဲန်ဒရစ်ကပ်စ်တိ စ်နဲ့လက်ထပ်တယ်။(သားသမီးမထွ န်းကားပါ။)
ဝါရှင်တန်ဟာတစ်ဆယ့်ငါးနှစ်လုံးလုံးမိမိပိုင်စိုက်ခင်ြး ကီးကို နိုင်နိုင်နင်းနင်းစီမံအုပ် ချုပ်ခဲ့ပါတယ်။ ဗာဂျီးနီးယားနယ်ကပထမ ကွန်တီနင်တယ်ကွန်ဂရက် (The First Contirental Congress) ပထမအကြိမ်အမေရိကတိုက်တစ်ခုလုံးအစည်းအဝေးကြီးကို ၁၇၇၄ ကကျင်းပတဲ့အခါ အင်္ဂလိပ်လက်အောက်ခံပြည်နယ်တွေရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲ မှာသူ့ကိုလည်းအပါအ၀င်တစ် ယောက်ဖြစ်တယ်ဆိုပြီး၊ ကိုယ်စားလှယ်တစ်အဖြစ်ရွေးကောက်စေလွှတ်ခဲ့ပါတယ်။ ဒါမေမယ့်“ငါတို့အမေရိကတိုက် သားတွေ အင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေး ရယူမယ်” ဆိုပြီးစတင်ကြွေးကြော်သူတွေ ထဲမှာ သူမပါဘူး။ ဒါပေမယ့်ဇွန်၁၇၇၅ ဒုတိယ ကွန်တီနင်တယ်ကွန်ဂရက်နောက်တ စ်ကြိမ်ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့အခါသူ့ကိုကွန်တီ နင်တယ်တပ်မတော်ကို ဦးစီးဖို့ကန့်ကွက်သူမရှိ။ အများသဘောတူရွေးကောက်ခန့်ထားခဲ့ပါတယ်။ သူဟာစစ်ပွဲအတွေ့အကြုံလည်းများတယ်။ စီးပွါး ဥစ္စာလည်းကြွယ်ဝတယ်။ (အရပ် ၆ပေ ၂လက်မရှိ) ခန့်ညားတဲ့ဥပတိရုပ်ရှိတာရယ် ကျန်းမာရေးကောင်းတာရယ်၊ စီမံအုပ်ချုပ်မှု ဖက်မှာလည်းတော်တာရယ် ၊ အဲဒါအပြင်စာရိတ္တကောင်းတယ်။ ကိုယ့်ရည်မှန်းချက်မပျက်မကွ က်အစွမ်းထက်ဆောင်ရွက်တတ် တဲ့အစွမ်းရှိတယ်ဆိုတဲ့အဂါင်္ရ ပ်တွေကြောင့်ဒီရာထူးကို သူ့မှမရွေးရင်ဘယ်သူ့ကိုရွေး မှာလဲ။ သူ့ပဲအထိုက်အတန်ဆုံးပုဂ္ဂိုလ်မဖြစ် ပေဘူးလားလို့ဆိုနိုင်ပါတယ်။ စစ်တိုက်ခဲစဉ်လစာမယူဘူး။ လုံးလ၀ီရိယစံပြအဖြစ်ကြိုးစားပြီး တာဝန်ကိုထမ်းဆောင်သွားပါတယ် ။
ဝါရှင်တန်ရဲ့အပြောင်အမြောက် ဆုံးဆောင်ရွက်ချက်တွေကိုဇွန်၁၇၇၅ ကွန်တီနင်တယ်တပ်မတော်ရဲ့ဗို လ်ချုပ်ကြီးဖြစ်တဲ့ အချိန်ကစပြီး သမ္မတဒုတိယသက်တမ်းကုန်ဆုံးတဲ့  မတ်၁၇၉၇ အတွင်းမှာအထင်အရှားတွေ့နိုင်ပါတယ်။ ဗာဂျီးနီးယားဗာနွန်တောင်နေ အိမ် မှာ ဒီဇင်ဘာ၁၇၉၉နေအိမ်မှာကွယ်လွ န်ပါတယ်။“ အမေရိကန်ပြည်ထောင်စုတည်ထောင်တဲ့အခါ ၀ါရှင်တန်ဟာ အကြီးအမားဆုံးနေရာကပါဝင်ခဲ့ ပုံကို ထင်ရှားစေတဲ့အချက်ကြီးသုံး ချက်ရှိပါတယ်။
ပထမသူဟာအမေရိကန်လွတ်လပ်ရေးစ စ်မှာအောင်မြင်တဲ့ စစ်ခေါင်းဆောင်ဖြစ်တယ်။ သူ့ကိုစစ်ဖက်မှာသိပ်တော်တဲ့ လို့မပြောနိုင်၊ ထိပ်တန်းနာမည်ပေါက်တဲ့မဟာအလ က်ဇန္ဒားလို ၊ ဂျူးလီးယက်ဆီဇာလိုခေါင်းဆော င်ကြီးတွေနဲ့နီးစပ်ဖို့ဝေးပါတယ်။ သူအောင်မြင်တာကသူတော်တာထက် သူ့ကိုလာတိုက်တဲ့အင်္ဂလိပ်ဖက် က စစ်ဗိုလ်တွေအဆမတန်ညံ့လို့လို့ပြောနိုင်ပါတယ်။ အဒီအထဲအထဲမှာ အခြားအမေရိကန်စစ်ဗိုလ်တွေအြ ကီးအကျယ်ရှုံးတဲ့အခါ ၀ါရှင်တန်လည်းခံရတဲ့အလှည့်ရှိပါတယ်။ ဒါပေမယ့် သူ့အစွမ်းနဲ့အခြေအနေကိုသူ့ဖ က်ကသိပ်မနာအောင်ထိန်းနိုင်လို့ နောက်ဆုံးပိတ်အောင်မြင်ရပါတ ယ်။ ဒုတိယက၀ါရှင်တန်ကိုဖွဲ့စည်း ပုံဥပဒေပြုဥက္ကဌတင်မြောက်တယ် ။ အမေရိကန်ဖွဲ့စည်းပုံဥပဒေဆွဲ တော့ဝါရှင်တန်ဟာ စိတ်ကူးအကြံဥာဏ်ဆိုတာမျိုးေ တွမှာ သူကေ၇ှ့ဆောင်မဟုတ်ပေမယ့်သူက ထောက်ခံတယ်ဆိုရင် သူ့ရဲ့ကြီးမားတဲ့ဂုဏ်ရှိန်ေ ကြာင့် ပြည်နယ်အစိုးရတွေကအလွယ်တကူလ က်ခံကြပါတယ်။ အဲဒီအခါကဖွဲ့စည်းပုံဥပဒေကို ကန့်ကွက်သူမနည်းပါ။ ၀ါရှင်တန်ရဲ့သြဇာအရှိန်သာမပါရင် အဲဒီဥပဒေသစ်ကိုအမှန်အကန်လက် ခံ ကြမည်ဟုမပြောရဲပါ။
တတိယက၀ါရှင်တန်ဟာအမေရိကန်ပြ ည်ထောင်စုရဲ့မထမသမ္မတဖြစ်ပါတ ယ်။ ဂျော့ဝါရှင်တန်လိုအရည်အချင်းကြီးပြီး စာရိတ္တကောင်းသူမျိုးကို ပထမသမ္မတတင်မြောက်နိုင်ခြင်း ကို ကံကောင်းတယ်လို့ဆိုနိုင်ပါတ ယ်။ တောင်အမေရိကနဲ့အာဖရိကပြည်နယ်တွေရဲ့ သမိုင်းကိုပြန်ကြည့်ရင်ပွဲဦးထွက်မှာ အများပြည်သူအစိုးရနဲ့စပြီး မကြာခင်လက်နက်ကိုင်စီမံအုပ် ချုပ်တဲ့ အခြေအနေကိုကူးပြောင်းသွားတာတွေ့ရတယ်။ အဲဒီအခြေအနေမျိုးမှာဝါရှင်တ န်ကအင်မတန်အစွဲအယူသန်တဲ့ ခေါင်းဆောင်ဖြစ်ပြီးမူလချ မှတ်တဲ့ ပုံစံကိုမတိမ်းမယိမ်းအောင် ထိန်းမယ်။ ကိုယ်တိုင်ကလည်းတန်ခိုးအာဏာ ကြာရှည်ယူထားလိုစိတ်မရှိ။ သူကမင်း၊ အဏာရှင်ဆိုသူမျိုးမဖြစ်လို၊။ အာဏာကိုအေးအေးသာသာလက်လွှတ်တဲ့ အစဉ်အလာလည်းသူကစပြီးဖြစ်စေချင်တယ်။ သူဖြစ်စေချင်သလိုလည်းပြည်ထောင်စုမှာကနေ့အထြိ ဖစ်ပါတယ်။
ဂျော့ဝါရှင်တန်ဟာဟိုခေတ်အခါ အခြားအမေရိကားခေါင်းဆောင်ကြီးတွေဖြစ်တဲ့ သောမတ်ဂျက်ဖာဆန်၊ ဂျိမ်းမဒီဆင်၊ အလက်ဇန္ဒာဟာမိလ်တန်၊ ဗင်ဂျမင်ဖရန်ကလင်တို့လို အတွေးအခေါ်ထိုးထွင်းဥာဏ်ကြီး မားတဲ့ပုဂ္ဂိုလ်မဟုတ်ပါ။ ဒါပေမယ့်အခုပြောတဲ့လူစွမ်းကောင်းတွေထက် သူကပိုအရေးကြီးနေပါတယ်။ ၀ါရှင်တန်ဟာစစ်အတွင်းမှာရော စစ်ပြီးငြိမ်းတဲ့အခါမှာရော ၀န်ထမ်းတွေကိုကောင်းကောင်းထိန်းသိမ်းကွတ်ကဲပြီး ရှေ့ဆောင်နိုင်တဲ့ဂုဏ်သတ္တြိ ကီးမားသူပါ။ သူလိုလူမပါရင် ဘယ်နိုင်ငံရေးလှုတ်ရှား မှုမှအောင်မြင်မှာအဟုတ်ပါ။ အမေရိကန်ပြည်ထောင်စုဖြစ်မြောက်လာမယ့်ဒီအရေးမှာ မဒီဆင်ကအရေးပါတယ်၊ ၀ါရှင်တန်က တော့ဒီအရေးမှာမပါလို့ကိုမဖြ စ်တဲ့အရေးပါသူဖြစ်ပါတယ်။ ဂျော့ဝါရှင်တန်ကိုအမေရိကန်ြ ပည်ထောင်စုရဲ့အရေးပါပုံအပေါ် သမိုင်း အမြင်နဲ့ကြည့်ပြီးအခု ကျော်စွာ၁၀၀ စာရင်းမှာနေရာပေးတာဖြစ်ပါတယ်.။ အဲဒီခေတ်ကအမေရိကသားတွေဟာဘက် မလိုက်ဘဲ တန်ဘိုးအမှန်ကိုပြောနိုင်ကြ မယ်မထင်ပါ။ နောက်၂၀ရာစုနှစ်လည်ရောက်လာေ တာ့ အမေရိကန်ပြည်ထောင်စုဟာစစ်အင်အားမှာ ရော နိုင်ငံရေးမှာရော ရောမအင်ပါယာ ပိုင်ဆိုင်တဲ့အင်အားနဲ့သြဇာ ထက် ပိုမိုကြီးမားပေမယ့်ရောမလော က် တန်ခိုးကြီးချိန်ကြာ မြင့်မယ့်သဘောထားမတွေ့ရပါ။ တစ်ဖက်ကကြည့်ပြန်ရင်ပြည်ထော င်စုရဲ့အစွမ်းနဲ့ (စက်မှုလက်မှု) အသိပညာပိုင်းကတိုးတက် ချက်တွေဟာ အခြားဓလေ့နဲ့အခြားခေတ်တွေမှာ တန်ဖိုးသိပ်ကြီးတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဥပမာလေယဉ်ပျံတီထွင်ခြင်း၊ လကမ္ဘာကိုလူလွှတ်ခြင်းဆိုတာတွေလို ခေတ်အဆက်ဆက်ကစိတ်ကူယဉ်ခဲ့တာ တွေကို ဖြစ်မြောက်အောင်လုပ်ဆောင်တာ တွေ အနုမြူညူကလိယလက်နက်တီထွင်နိုင် ချိန်မှာမသိချင်ပြုပြီး အရေးမပါဘူးပြောလို့ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဂျော့ဝါရှင်တန်ကအမေရိကန်နို င်ငံရေးမှာထင်ရှားသူလို့ ရောမရဲ့သြဂတ်စတတ်ဆီဇာနဲ့ ခပ်လွယ်လွယ်ရှင်မယ်ဆိုရင် ဒီကျော်စွာ (၁၀၀)စာရင်းမှာ သူတို့နှစ်ဦးဟာအနီးအစပါမှာဘဲပါဝင်လာကြမှာဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ဝါရှင်တန်ဟာ မဟာအလက်ဇန္ဒားနဲ့ နပိုလီယံတို့ထက် အဆင့်မြင့်တယ် ။ ဘာလို့လည်းဆိုတော့သူ့ဆောင်ရွက်ချက်ကပိုပြီးရေရှည်တည်တန့်ပါတယ်။ ((မြန်မာပြည်မှာဒီလိုကောင်း တဲ့ခေါင်းဆောင်ပေါ်ခဲ့တယ်။ဘာ လို့အဲလိုမဖြစ်လာတာလဲ။ ကျွန်တော်တို့ဗိုလ်ချုပ်အချိန်တိုတိုနဲ့ဘ၀အဆုံးသတ်သွားလို့ လို့ပြောကြမလားးးးးးးးးးးးး )
ဝါရှင်တန်ရဲ့အပြောင်အမြောက်
ပထမသူဟာအမေရိကန်လွတ်လပ်ရေးစ
တတိယက၀ါရှင်တန်ဟာအမေရိကန်ပြ
ဂျော့ဝါရှင်တန်ဟာဟိုခေတ်အခါ
ဘာသာပြန်သူ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း(မန်းတက္ကသိ
Copy Link; https://www.facebook.com/thecrescentmoonpublishinghouse/photos/a.1762303050692789.1073741832.1559924357597327/1762303104026117/?type=3&theater
0 Comments