Advertisement

Responsive Advertisement

ရာဇဓာတုကလျာ


မန်မာ့သမိုင်းတွင် အလွန်လှပသည် ဟုထင်ရှားသည့် ပင်တိုင်စံမင်းသမီးတစ်ပါးဖြစ်သည်။ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီးနှင့် ရာဇဒေ၀ီဘွဲ့ခံ ရှင်ထွေးလှ တို့မှ ၉၂၁ခု၊နတ်တော်လဆန်း ၁၄ ရက်၊တနင်္ဂနွေ နေ့တွင်ဖွားမြင်သည်။ထိုနေ့သည် မဟာစေတီ၏ ဌာပနာအဖြစ် ဓါတ်တော်များကို ပူဇော်ပင့်ယူသည့်နေ့ဖြစ်သည့်အတွက် ဘုရင့်နောင်မင်းတရားကြီးက ရာဇဓာတုကလျာ ဟုအမည်ပေးခဲ့သည်။

၉၄၈ တွင် နန္ဒဘုရင် ယိုးဒယားသို့စစ်ချီသွားစဉ် သားတော် မဟာဥပရာဇ်က အတင်းအကျပ်သိမ်းပိုက်ကာ အိမ်ရှေ့မိဖုရားမြှောက်ခဲ့သည်။ နန္ဒဘုရင် ဟံသာဝတီပြန်ရောက်လျှင် အဒေါ် နှင့် တူဖြစ်ပြီး မောင်နှမ၀မ်းကွဲတော်သည့် နှမတော်အဖြစ် ချစ်ခင်လှသည့်အတွက် မဟာဥပရာဇ်အား ပြင်းထန်စွာဆူပူသေးသည်ဟုသိရသည်။ ၉၅၄ ယိုးဒယားတိုက်ပွဲတွင် မဟာဥပရာဇ်ကျဆုံးရာ မုဆိုးမ ဖြစ်ရလေသည်။ သို့သော် အသက် ၄၀ ကျော်အရွယ်ရောက်လျှင် တူဝမ်းကွဲတော်စပ်သည့်တောင်ငူအိမ်ရှေ့စံ နတ်သျှင်နောင်ကနှစ်သက်မြတ်နိုးပြန်သဖြင့် ၉၆၅ တွင် အိမ်ရှေ့မိဖုရားဖြစ်လာပြန်သည်။သို့သော် အိမ်ရှေ့မိဖုရားအဖြစ်ရောက်ပြီး ၇ လမျှအကြာတော်ငူတွင် ကွယ်လွန်လေသည်။

Post a Comment

0 Comments