မိလိန္ဒမင်းကြီးမေး၍
အရှင်နာဂသေန ဖြေကြားထားသည်..
အရှင်ဘုရား
မြတ်စွာဘုရားကို မမြင်ဘူး မတွေ့ဘူးပါဘဲလျှက် အဘယ်အချင်းအရာကို ကြည့်၍ အတုမရှိဘူးလို့
ဆုံးဖြတ်ကြပါသလဲ ဥပမာနှင့်တကွ ဖြေကြားတော်မူပါ…
မင်းမြတ်
မဟာသမုဒ္ဒရာရေပြင်ကျယ်ကြီးကို မိမိတို့သည် မမြင်ဘူး မတွေ့ဘူးပါဘဲနှင့် အလွန်တရာ ကျယ်ဝန်းကြောင်း
နက်ရှိုင်းကြောင်း ပြန့်ပြောကြောင်း စသည်ကဲ့သို့ သိရှိနေခြင်း အကြောင်းကား..
အရပ်လေးမျက်နှာမှ
အမြဲမပျက် တရစပ် စီးဝင်နေသော ဂင်္ဂါ၊ ယမုံနာ၊ အစိရဝတီ၊ သရဘူ၊ မဟီ စသော မြစ်ကြီးတို့ နေ့စဉ်
နှစ်ပေါင်းထောင်ချီကာ.. စီးဝင်နေပါလျက် ပြည့်လျှံခြင်း ယုတ်လျှော့ခြင်း စသော အကြောင်းတို့ကို
ကြားမိပါသလား..
မကြားမိပါဘုရား…
ထိုနည်းအတူသာလျှင်..
ပရိနိဗ္ဗာန်စံဝင်ပြီးကုန်သော
အရိယာ သာဝက အရှင်ကောင်းများကို မြင်တွေ့ ကြားသိနေရခြင်းဖြင့် မြတ်စွာဘုရားသည် အတုမရှိသော
ပုဂ္ဂိုလ်ကြီးမှန်း သိမြင်နိုင်ပါတယ်..။
သင့်လျှော်ပါတယ်ဘုရား…
အခြားဥပမာတစ်ခုဖြင့်
ပြပါဦးဘုရား..
ကောင်းပြီမင်းမြတ်..
ရှေးနှစ်ပေါင်းများစွာ အခါက တိဿထေရ ဆိုသည့် စာပေပညာရှင်ကြီး ပေါ်ထွန်းခဲ့ဘူး၏.. သို့သော်လည်း
သူ့ကို အခုချိန်ထိ နာမည်ကြီး ကျော်ကြားနေခြင်းသည် သူရေးသားခဲ့သော စာပေများကို ကြည့်၍
သိနိုင်သကဲ့သို့ ..
ထို့အတူပင် မြတ်စွာဘုရား ဟောကြားတော်မူရာ တရားတော်များကို အခုအခါ
နာရ ကြားရ ဖတ်ရှုရခြင်း အကြောင်းတွေကိုကြည့်၍ မြတ်စွာဘုရားသည် အတုမရှိကြောင်း သိနိုင်ပေတယ်..
သင့်လျှော်ကောင်းမြတ်လှပါသည်
အရှင်ဘုရား…

0 Comments