မြန်မာတို့သည် တောင်သူလယ်သမားများ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအတွင်း ဝင်ရောက် နေထိုင်ပြီးနောက် ၄င်းတို့အသုံးပြုသော ပြက္ခဒိန်သည်စိုက်ပျိုးရေးကိ
တန်ခူးလ (တန်ခူးလ)
နှစ်သစ်ကို တန်ခူ (တန်ခူးလ) လမှ စတင်ပါသည်။ ခြောက်သွေ့ဒေသများတွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာတို့အတွက် တန်ခူလ ဆိုသည့်ဝေါဟာရမှာ “ထန်းသီးခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သောအမည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ ထန်းပင်သည် အိန္ဒိယမှ မြန်မာနိုင်ငံအတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက်ကပင် ရောက်ရှိခဲ့သည့်အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံအလယ်ပိုင်း၏ ရာသီဥတုနှင့်ကိုက်ညီပြီး၊ ခန်းခြောက်ဒေသမှာပင် ကောင်းမွန်စွာပေါက်ရောက်နို
ထို့အပြင်ထန်းရွက်ကိုလည်း အိမ်အမိုး၊ရဟန်းဆောင် ယပ်တောင်စသည်ဖြင့် အသုံးချကြသေးသည်။ ပေရွက်ကဲ့သို့ပင် ထန်းရွက်ပေါ်၌လည်း စာရေးနိုင်သည်။ ထန်းပင်စည်မှ ဖြစ်သော ထန်းလုံးဖြင့် အိမ်၊အဆောက်အဦး၊ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ်အသုံးချကြပါသေးသည်
ကုဆုန်လ(ကဆုန်လ)
ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်
နံယုန်လ (နယုန်လ)
နံယုန် (နယုန်)သည် တတိယလဖြစ်ပြီး မေလနှင့်ဇွန်လအတွင်း ကျရောက်ပါသည်။ မိုးစတင် ရွာပြီဖြစ်သောကြောင့် 'နံ' ဆိုသည်မှာ 'အချိန်ကာလ' ကို ရည်ညွှန်းပြီး 'ယုန်' မှာ 'အရည်ယိုစီးခြင်း' အဓိပ္ပာယ်ဆောင်သဖြင့် 'မိုးကျပြီ' ဟုဆိုလိုခြင်းဖြစ်ပါသည်။ စပါးစိုက်ကြသည့်တောင်သူများ
မယ်တာလ (ဝါဆိုလ)
မ႞ယ်တာ (ဝါဆို) အမည်ရှိသည့်စတုတ္ထလသည် ဂျွန်-ဂျူလိုင်တွင် ကျရောက်သည်။ 'မ႞ယ်' သည် “မြေ” ကို ရည်ညွှန်းပြီး 'တာ' က “ထွန်ယက်စိုက်ပျိုးသည့် မြေကို လိုသလောက် တိုင်းတာသည်”ဟု အဓိပ္ပာယ်ရသောကြောင့် ယခုလသည် ကောက်ပင် စိုက်ပျိုးမည့် မြေကို အကွက်ငယ်များအဖြစ် တိုင်းကာမြေကွက်များအား ကဇင်းတင်သည့်လုဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ထိုမြေကွက်အတွင်း ကောက်စိုက်ရသည်။ အခုအခါ ဝါဆိုဟု ပြောင်းလဲခေါ်ရခြင်းမှာ ယခုလကမှ အစပြုပြီး ရဟန်းသံဃာတို့အနေဖြင့် မိမိ သီတင်းသုံးမြဲ ကျောင်းသင်္ခမ်းကို ခွဲခွာ၍ အခြားအရပ်တပါးသို့ မသွားရဟု စတင် ကန့်သတ်သည့်ကာလ ဖြစ်ဖြစ်ခြင်းကြောင့်ဖြစ်သည
နံကာလ (ဝါခေါင်လ)
ပဉ္စမမြောက် ဖြစ်သည့်နံကာ (ဝါခေါင်) လမှာ ဇူလိုင်- သြဂုတ်အတွင်းတွင် ကျရောက်ပါသည်။ 'နံ' မှာ 'အချိန်ကာလ အပိုင်းအခြား' ကို ဖော်ပြပြီး 'ကာ' က 'အလုပ်တာဝန်' ကို ရည်ညွှန်းသည်ဟု ထင်မြင်ယူဆကြပါသည်။ ထို့ကြောင့်နံနှင့်ကာကို ပေါင်းလိုက်သောအခါ လယ်သမားများအလုပ်ရှုပ်ကြသည့်
တဝ်သလင်း (တော်သလင်း)
တဝ်သလင်း (တော်သလင်း) သည် ခြောက်လမြောက် ဖြစ်ပြီး သြဂုတ်နှင့်စက်တင်ဘာလအတွင်း
သန်တူလ (သီတင်းကျွတ်လ)
ခုနစ်လမြောက် သန်တူ (သီတင်းကျွတ်)မှာ စက်တင်ဘာလ- အောက်တိုဘာလတွင် ကျရောက်ပါသည်။ 'သန်' သည် 'စပါးပင်' ကို ရည်ညွှန်းကာ 'တူ' သည် 'ထူ' ဖြစ်ပြီး “စပါးပင်များ ထူထူထောင်ထောင် ပေါက်ရောက်လျက် ရှိပြီ ”ဟုဆိုလိုပါသည်။ ထိုကဲ့သို့ အပင်များ အောင်မြင်သည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြန်သည်။ ယခု သီတင်းကျွတ် ဟူသည့်အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုကြခြင်းမှ ပြီးဆုံးပြီ” ဟူသောအဓိပ္ပာယ်ဖြင့် ပြောင်းလဲခေါ်ဝေါ်လာကြခြင်းဖြ
တန်ဆောင်မှုန်းလ (တန်ဆောင်မုန်းလ)
တန်ဆောင်မှုန်း (တန်ဆောင်မုန်း) ခေါ် ရှစ်လမြောက်လသည် အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်း ကျရောက်သည်။ 'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် 'မျက်စိတဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်' ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည်။ တောင်သူအများ ကောက်လျင် (ခေါ်) ကောက်ငယ်ရိတ်သိမ်းချိန် ကျရောက်သည့်ကာလလည်း ဖြစ်ပေသည်။ တန်ဆောင်မုန်းလအတွက် အထိမ်းအမှတ်ပန်းမှာ ခဝဲပန်း (Dysolobium grande) ဖြစ်သည်။
နတ်တဝ်လ (နတ်တော်လ)
နတ်တဝ် (နတ်တော်) အမည်ရှိသည့် ကိုးလမြောက် မြန်မာလသည် နိုဝင်ဘာ၊ ဒီဇင်ဘာ အတွင်း ကျရောက်သည်။ ရှေးမြန်မာတို့ နတ်ကိုးခြင်းမှာ ဗုဒ္ဓသာသနာအား လက်ခံရရှိခြင်း မရှိခဲ့စဉ်ကတည်းက ဖြစ်သောကြောင့် 'တဝ်' ဝေါဟာရသည် 'မြတ်သည်' ဟုအဓိပ္ပာယ် ရပြီး ယခုလအတွင်း ကောက်ပဲသီးနှံ ရိတ်သိမ်းသည့်အခါ သီးနှံ အများအပြား ရစေရန် နတ်ကိုးလေ့ရှိကြသလို ယခုလအတွင်း တောင်သူများ ကောက်ကြီးစပါး ရိတ်သိမ်းကြသည်။ အထိမ်းအမှတ် ပန်းမျာ သဇင်ပန်း (Bulbaphyllum-auricomum) ဖြစ်တယ်။
ပ႞သိုဝ် (ပြာသို)လ
ပ႞သိုဝ် (ပြာသို) ဆယ်လသည် ဒီဇင်ဘာ၊ ဇန်နဝါရီ အတွင်း ကျရောက်သည်။ 'ပ႞' ကို 'ပ်' ဟုရေးသားကာ 'ပျားကောင်' ကို ရည်ညွှန်းသည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်ပါသည်။ ယခုလတွင် ပျားရည်နှင့် ပျားဖယောင်းများကို စုဆောင်းကြသည်ဟု ခန့်မှန်းနိုင်သည်။ ရှေးမြန်မာတို့သည် ပျားရည်ဖြင့်ပြုလုပ်သည့် ယနံ့ (ရနံ့) ကို ကြိုက်နှစ်သက်သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ်ပါသည်။ အထိမ်းအမှတ် ပန်းအနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ်သည်။
တပိုဝ်တွဲလ (တပို့တွဲလ)
တပိုဝ်တွဲ (တပို့တွဲ) သည် ဇန်နဝါရီ၊ ဖေဖော်ဝါရီ အတွင်း ကျသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင် တွဲလောင်းကျသည်' ကိုရည်ညွှန်းသည်ကြောင့် တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင် ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ အထိမ်းအမှတ်ပန်းမှာ ပေါက်ပန်း ( Butea monosperma) ဖြစ်ပေသည်။
တပေါင်လ (တပေါင်းလ)
တပေါင် (တပေါင်း) ခေါ် ဆယ့်နှစ်လမြောက်လသည် ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ထန်းပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။ ဤလ၏ အထိမ်းအမှတ် ပန်းသည် သရဖီပန်း (Calophyllum amnenum) ဖြစ်ပါသည်။
သုံးသပ်ချက်
ရှေးမြန်မာတို့၏ တဆယ့်နှစ်လ နာမည်များကို အဓိပ္ပာယ်ဖော်ထုတ်လေ့လာခြင်း
ကိုးကား
၂၀၀၄ ခု၊ ဇူလိုင်လမှာ မုံရွေး စာအုပ်တိုက် အမှတ်စဉ် (၁၃၄) အဖြစ် ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိလိုက်တဲ့ ဒေါက်တာ သန်းထွန်းရဲ့ 'မြန်မာ့ သမိုင်းပုံ' Myanmar History Told in Picture စာအုပ်မှ

0 Comments