မြန်မာ့သမိုင်း (၃)
ခရိုင်များမြန်မာနိုင်ငံသည် ပြည်နယ် ခုနှစ်ပြည်နယ် ၊ တိုင်းဒေသကြီး ခုနှစ်တိုင်းတွင် ခရိုင်ပေါင်း (၆၇)ခရိုင်ဖြင့် ဖွဲ့စည်းထားသည်။မြန်မာပြည်သည် ခရိုင်ပေါင်း (၆၇)ခရိုင် ရှိသည်။
ခရိုင်များသည် မြန်မာနိုင်ငံ၏ ဒုတိယဆင့် အုပ်ချုပ်ရေး ယန္တယားများ ဖြစ်သည်။ ခရိုင်များကို မြို့နယ်များ အဖြစ် ထပ်မံစိတ်ပိုင်း ထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခရိုင်များမှာ အောက်ပါ အတိုင်းဖြစ်သည်။
ကချင်ပြည်နယ်
မြစ်ကြီးနားခရိုင်
ဗန်းမော်ခရိုင်
ပူတာအိုခရိုင်
မိုးညှင်းခရိုင်
ကယားပြည်နယ်
လွိုင်ကော်ခရိုင်
ဘောလခဲခရိုင်
ကရင်ပြည်နယ်
ဘားအံခရိုင်
ကော့ကရိတ်ခရိုင်
မြဝတီခရိုင်
ချင်းပြည်နယ်
ဖလမ်းခရိုင်
မင်းတပ်ခရိုင်
မွန်ပြည်နယ်
မော်လမြိုင်ခရိုင်
သထုံခရိုင်
ရခိုင်ပြည်နယ်
စစ်တွေခရိုင်
ကျောက်ဖြူခရိုင်
သံတွဲခရိုင်
မောင်တောခရိုင်
ရှမ်းပြည်နယ်
တောင်ကြီးခရိုင်
လွိုင်လင်ခရိုင်
လင်းခေးခရိုင်
လားရှိုးခရိုင်
ကျောက်မဲခရိုင်
ကွမ်းလုံခရိုင်
မူဆယ်ခရိုင်
လောက်ကိုင်ခရိုင်
ကျိုင်းတုံခရိုင်
မိုင်းဆတ်ခရိုင်
မိုင်းဖြတ်ခရိုင်
တာချီလိတ်ခရိုင်
စစ်ကိုင်းတိုင်းဒေသကြီး
စစ်ကိုင်းခရိုင်
မုံရွာခရိုင်
ရွှေဘိုခရိုင်
ကလေးခရိုင်
မော်လိုက်ခရိုင်
ကသာခရိုင်
ခန္တီးခရိုင်
တမူးခရိုင်
တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်ခရိုင်
မြိတ်ခရိုင်
ကော့သောင်းခရိုင်
ပဲခူးတိုင်းဒေသကြီး
ပဲခူးခရိုင်
တောင်ငူခရိုင်
ပြည်ခရိုင်
သာယာဝတီခရိုင်
မကွေးတိုင်းဒေသကြီး
မကွေးခရိုင်
မင်းဘူးခရိုင်
ပခုက္ကူခရိုင်
သရက်ခရိုင်
ဂန့်ဂေါခရိုင်
မန္တလေးတိုင်းဒေသကြီး
မန္တလေးခရိုင်
ပြင်ဦးလွင်ခရိုင်
မြင်းခြံခရိုင်
မိတ္ထီလာခရိုင်
ညောင်ဦးခရိုင် (ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ)
ကျောက်ဆည်ခရိုင်
ရမည်းသင်းခရိုင်
နေပြည်တော်ခရိုင် (နေပြည်တော် ပြည်စုထောင်စုနယ်မြေ)
ရန်ကုန်တိုင်းဒေသကြီး
ရန်ကုန်အရှေ့ပိုင်းခရိုင်
ရန်ကုန်အနောက်ပိုင်းခရိုင်
ရန်ကုန်တောင်ပိုင်းခရိုင်
ရန်ကုန်မြောက်ပိုင်းခရိုင်
ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်ခရိုင်
မြောင်းမြခရိုင်
ဟင်္သာတခရိုင်
မအူပင်ခရိုင်
ဖျာပုံခရိုင်
လပွတ္တာခရိုင်
ပထဝီအနေအထား
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် စပါးစိုက်ပျိုးရေးအတွက် အထူးအရေးပါသည်။ သည်။
မြန်မာနိုင်ငံသည် အကျယ်ဧရိယာ စတုရန်းကီလိုမီတာ ၆၇၈,၅ဝဝ (စတုရန်းမိုင် ၂၆၁,၂၂၇) ရှိ၍ အရှေ့တောင်အာရှတိုက်တွင် အကြီးဆုံးဖြစ်ပြီး ကမ္ဘာတွင် (ဇန်ဘီယာပြီးလျှင်) ၄၀ ခုမြောက် အကြီးဆုံးတိုင်းပြည်ဖြစ်သည်. အမေရိကန်နိုင်ငံရှိ တက္ကဆက်ပြည်နယ်ထက် အနည်းငယ်သေးပြီး အာဖဂန်နစ္စတန်နိုင်ငံထက် အနည်းငယ်ကြီးမားသည်။ မြန်မာနိုင်ငံသည် အနောက်မြောက်ဘက်တွင် ဘင်္ဂင်္လားဒေရှ်နိုင်ငံ၏ စစ်တကောင်းခရိုင်၊ အိန္ဒိယနိုင်ငံ၏ အာသံ၊ နာဂလင်းနှင့် မဏိပူရပြည်နယ်တို့ ဆက်စပ်လျက်ရှိသည်။ မြန်နိုင်ငံ၏ မြောက်ဘက်တွင် တိဗက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်ပြည်၏ ယွင်နန်ပြည်နယ် တည်ရှိသည်။ တရုတ်မြန်မာ နယ်စပ်မှာ အရှည်လျားဆုံးဖြစ်ပြီး ၂၁၈၅ ကီလိုမီတာ (၁၃၅၈ မိုင်) ရှည်လျားသည်။ [22]မြန်မာသည် အရှေ့တောင်ဘက်တွင် လောနှင့် ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ဘဂင်္လားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ တည်ရှိကာ ပင်လယ်ကမ်းရိုးတန်းမှာ ၁၉၃ဝ ကီလိုမီတာ (၁၁၉၉ မိုင်) ရှည်လျားသည်။ ကမ်းရိုးတန်း၏အလျားမှာ နိုင်ငံပတ်ပတ်လည် နယ်နိမိတ်တစ်ခုလုံး၏ သုံးပုံတစ်ပုံရှိသည်။ [22]
မြောက်ဘက်တွင် တရုတ်နိုင်ငံ၏ ဟန်တွမ့်ရိုးမတောင်တန်းဖြင့် ထိစပ်လျက်ရှိသည်။ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်ထိပ်သည် ၅၈၈၁ မီတာ (၁၉၂၉၅ ပေ) မြင့်ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံးတောင်ထိပ်ဖြစ်သည်။[28] မြန်မာနိုင်ငံတွင် ဟိမဝန္တာတောင်မကြီး၏ မြောက်မှ တောင်သို့ ဖြာဆင်းလာသော တောင်တန်းကြီးသုံးခုရှိရာယင်းတို့မှာ ရခိုင်ရိုးမ၊ ပဲခူးရိုးမနှင့် ရှမ်းကုန်းပြင်မြင့်တို့ဖြစ်ကြလေသည်။[29] ဤတောင်တန်းကြီးများက မြစ်ကြီးသုံးသွယ်ဖြစ်သော ဧရာဝတီမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့ကိုပိုင်းခြားထားသည်။[27] ဧရာဝတီမြစ်သည် မြန်မာ့ အရှည်ဆုံးမြစ်ဖြစ်ပြီး ၂၁၇ဝ ကီလိုမီတာ (၁၃၄၈ မိုင်) နီးပါးရှည်လျားပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင်သွားသည်။ တောင်စဉ်တောင်တန်းကြီးအကြားတွင် မြေဩဇာကောင်းမွန်သော လွင်ပြင်ကျယ်ကြီးများ တည်ရှိလေသည်။[29] မြန်မာနိုင်ငံ၏ လူဦးရေအများစုမှာ ရခိုင်ရိုးမတောင်တန်းနှင့် ရှမ်းကုန်းပြင်မြင့်ကြားတွင် ရှိသည့် ဧရာဝတီဝှမ်းတလျှောက် နေထိုင်ကြသည်။
မြန်မာနိုင်ငံသည် များသောအားဖြင့် ဥတ္တရယဉ်စွန်းတန်းနှင့် အီကွေတာအကြားတွင် ကျရောက်တည်ရှိသည်။ မြန်မာနိုင်ငံသည် အာရှဒေသ၏ မှတ်သုံရပ်ဝန်းဒေသတွင် ကျရောက်ပြီး ၄င်း၏ ကမ်းရိုးတန်းဒေသများရရှိသော မိုးရေချိန်မှာ နှစ်စဉ် ၅ဝဝဝ မမ (၁၉၇ လက်မ) ရှိသည်။ မြစ်ဝကျန်း?ပေါ်ဒေသတွင် နှစ်စဉ်မိုးရေချိန်မှာ ၂၅ဝဝ မမ (၉၈ လက်မ) ဖြစ်ပြီး၊ မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသော မိုးနည်းရပ်ဝန်းဒေသတွင် နှစ်စဉ်မိုးရေချိန် ၁၀၀၀ မမ (၃၉ လက်မ) ထက်နည်းလေသည်။ မြောက်ဘက်ဒေသများသည် အအေးဆုံးဖြစ်ပြီး ပျမ်းမျှအပူအချိန် ၂၁ ဒီဂရီစင်တီဂရိတ် (၇၀ ဒီဂရီ ဖာရင်ဟိုက်) ရှိလေသည်။ ကမ်းရိုးတန်းနှင့် မြစ်ကျွန်းပေါ်ဒေသများ၏ ပျမ်းမျှအပူချိန်မှာ ပျမ်းမျှ ၃၂ ဒီဂရီစင်တီဂရိတ် (၉ဝ ဒီဂရီဖာရင်ဟိုက်) ရှိလေသည်။[27]
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းသည် ၄င်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အား ထိန်းသိမ်းပေးရာရောက်ခဲ့သည်။[30] သစ်တောအုပ်ကြီးများ ထူထပ်သိပ်သည်းသည့် အမြဲစိမ်းသစ်တောများနှင့် ကျွန်းတောကြီးများသည် အောက်မြန်မာနိုင်ငံ၏ ၄၉ ရာခိုင်နှုန်း ကျော်သော ဧရိယာကို ဖုံးလွှမ်းလျက်ရှိသည်။ ဤဒေသတွင် အလေ့ကျပေါက်ရောက်သော အပင်များတွင် ကြက်ပေါင်စေးပင်၊ ရှားပင်၊ ပျဉ်းကတိုးပင်၊ လမုတော၊ အုန်းပင်နှင့် ကွမ်းသီးပင်များ ပါဝင်လေသည်။ မြောက်ဘက်ကုန်းမြင့်ဒေသများတွင် ဝက်သစ်ချပင်၊ ထင်းရှူးပင်၊ ဇလပ်ပင်မျိုးစုံတို့ပေါက်ရောက်ကြသည်။ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း အပူပိုင်းဒေသသစ်သီးဝလံမျိုးစုံပေါက်ရောက်ကြသည်။[30] မိုးနည်းရပ်ဝန်းဒေသတွင် မူအပင်များမှာ ကြဲပြီးလှီကြသည်။
တောင်တွင်းသားရဲတိရစ္ဆာန်များအနက်ကျားနှင့် ကျားသစ်တို့သည် မြန်မာနိုင်ငံတွင် တွေ့ရတတ်လေ့ရှိသည်။ အထက်မြန်မာနိုင်ငံတွင် ကြံ့၊ ကျွဲရိုင်း၊ တောဝက်၊ သမင်၊ ဒရယ်နှင့် ဆင်များကို တွေ့နိုင်ပြီး ဆင်များကို ယဉ်အောင်မွေးယူ၍ သစ်လုပ်ငန်းများတွင် ခိုင်းစေအသုံးချကြသည်။ သေးငယ်သော နို့တိုက်သတ္တဝါများမှာလည်း ပေါများလှပြီးမျောက်လွှဲကျော်နှင့် မျောက်များမှအစရှူးပျံနှင့် ကြံ့သူတော်များအဆုံးတွေ့မြင်ရသည်။ ငှက်မျိုးစုစုပေါင်း ၈၀၀ ကျော်ခန့်တွင် ကြက်တူရွေး၊ ရစ်၊ ဥဒေါင်း၊ ကျီးကန်း၊ ငဟစ်နှင့် စပါးခင်းငှက်များ ပါဝင်ပါသည်။ တွားသွားသတ္တဝါတွင်မူမိချောင်း၊ တောက်တဲ့၊ မြွေဟောက်၊ စပါးကြီးမြွေနှင့် လိပ်တို့ကို ပါတွေ့ရှိနိုင်သည်။ ရေချိုငါးမျိုးစုပေါင်းရာနှင့် ချီ၍ တွေ့မြင်ရပြီးလွန်စွာမှ ပေါများကာအရေးအပါသည့် အစာအဟာရ ရင်းမြစ်လည်း ဖြစ်သည်။[31]
စီးပွားရေး
နိုင်ငံခြားခရီးသည်များ ဝယ်ယူနိုင်ရန် မန္တလေးရှိ souvenir ဆိုင်အချို့တွင် တင်ထားသည့် ပိုးဖျင်အင်္ကျီများ
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် နိုင်ငံတစ်ခုဖြစ်သည်။ ဆယ်စုနှစ်များစွာစီးပွားဆုတ်ယုတ်မှု၊ စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ တားဆီးပိတ်ဆို့မှုဒဏ် ခံနေရသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်နှုန်း (GDP) မှာ နှစ်စဉ် ၂.၉ ရာခိုင်းနှုန်းသာရှိသည်။[22] မဟာမဲခေါင်မြစ်ဝှမ်း ဒေသခွဲနိုင်ငံများတွင် တိုးတက်မှု အနိမ့်ဆုံးဖြစ်သည်။
၁၉၄၈ ခုနှစ်တွင် ပါလီမန်ဒီမိုကရေစီအစိုးရကို ဖွဲ့စည်းပြီးနောက်ဝန်ကြီးချုပ်ဦးနုသည် မြန်မာနိုင်ငံကို သာယာဝပြောသည့် ပြည်တော်သာနိုင်ငံတော်အဖြစ် ထူထောင်ရန် အားထုတ်ခဲ့သည်။ ဦးနု အစိုးရသည် နှစ်နှစ်တာ စီးပွားရေးဖွံ့ဖြိုးမှုစီမံကိန်းကို ချမှတ်ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် စစ်အစိုးရက ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူအပြီးတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို အကောင်အထည်ဖော်ခဲ့သည်။[32] လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှလွဲ၍ စက်မှုလက်မှုကဏ္ဍအားလုံးကို ပြည်သူပိုင်သိမ်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အစိုးရသည် စီးပွားရေးချုပ်ကိုင်မှုများကို လျှော့ချခဲ့သည်။ ပုဂ္ဂလိကပိုင် လုပ်ငန်းများအား အတင့်အသင့် တိုးချဲ့ခွင့်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခဲ့သောကြောင့် နိုင်ငံအတွက် လိုအပ်နေသည့် နိုင်ငံခြားဝင်ငွေများ ရရှိခဲ့သည်။ [33] သို့သော်လည်း အမြတ်စွန်းများသော ကျောက်မျက်ရတနာ၊ ရေနံနှင့် သစ်လုပ်ငန်းကိုမူ ဆက်လက်၍ တင်းကျပ်စွာ ထိန်းချုပ်ထားဆဲဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီများမှာ မြန်မာ့သယံဇာတများအားထုတ်လုပ်နိုင်ရန် အစိုးရနှင့် အကျိုးတူဖက်စပ်လုပ်ငန်းများ ထူထောင်ကာဝင်ရောက်နေရာယူကြသည်။
အင်းလေးကန်ရှိ ရေပေါ်ဈေး။
မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်များစာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။[34] ၁၉၉၂ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံတော်အကြီးအကဲဖြစ်လာပြီး နောက်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးခဲ့သည်။ သို့သော်နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် သွားရောက်လည်ပတ်မှုမှာ ဦးရေ ၇၅ဝ,ဝဝဝ ပင် မပြည့်ပါ။ မကြာမီနှစ်များက တရုတ်နှင့်အိန္ဒိယနိုင်ငံတို့သည် စီးပွားရေးအကျိုးအတွက်ငှာ စစ်အစိုးရနှင့်ဆက်နွယ်မှုများကို အားဖြည့်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် အမေရိကန်၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပိတ်ပင်မှုများကို ချမှတ်လာကြသည်။ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှာ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ထိုင်းတို့မှဖြစ်သည်။[35]
ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့သည်။။[36] ထစ်ချိန်က မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။ ဗြိတိသျှတို့ အုပ်ချုပ်စဉ်အခါက ရေနံကို ဘီအိုစီကုမ္ပဏီမှတစ်ဆင့် တင်ပို့ရောင်းချခဲ့သည်။ မြန်မာပြည်အနေနှင့် လူအားအရင်းအမြစ်နှင့် သဘာဝသယံဇာတများကို ပါ ပိုင်ဆိုင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ ကျွန်းသစ် ၇၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် စာတတ်မြောက်သည့် လူဦးရေမှာလည်း မြင့်မားလှသည်။[36] ထိုအချိန်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ အရှိန်အဟုန်ဖြင့် ဦးတည်လျှောက်လှမ်းလျက်ရှိခဲ့သည်ဟု အများက ယုံကြည်လက်ခံခဲ့ကြသည်။
ယနေ့မြန်မာနိုင်ငံသည် အခြေခံ အဆောက်အအုံ လုံလောက်မှု မရှိသေးပေ။ ကုန်စည်များကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နှင့် ထိုင်း-မြန်မာနယ်စပ်မှတစ်ဆင့် ရောင်းဝယ်ဖောက်ကားကြပြီး နယ်စပ်လမ်းကြောင်းမှပင် တရားမဝင်မူးယစ်ဆေးဝါးများအား ပြည်ပသို့ မှောင်ခိုတင်ပို့ကြသည်။ ရထားသံလမ်းများမှာလည်း ဟောင်းနွမ်း၊ ဆွေးမြေ့လျက်ရှိပြီး ၁၉၉၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ချိန်မှစ၍ မွန်းမံပြင်တင်မှု မရှိသလောက်ပင် ဖြစ်သည်။ [37] အဝေးပြေးလမ်းမကြီးများမှာလည်း မြို့ကြီးများမှလွဲ၍ သေချာခင်းထားခြင်းမရှိချေ။ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်မီး ပြတ်တောက်လျက်ရှိသည်။ [37] မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဘိန်းထုတ်လုပ်မှု ဒုတိယအမြင့်ဆုံး နိုင်ငံဖြစ်ပြီး၊ ကမ္ဘာ့ထုတ်လုပ်မှု၏ ၈ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်ပြီး အမ်ဖက်တမင်း စိတ်ကြွဆေးပြား အပါအဝင်မူးယစ်ဆေးဝါးအဓိက မြစ်ဖျားခံရာလည်း ဖြစ်သည်။[38] အခြားစီးပွားရေးလုပ်ငန်းများတွင် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းများ၊ ယက္ကန်းနှင့် အထည်အလိပ်၊ သစ်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ပါဝင်သည်။
အဓိကကျသော စိုက်ပျိုးရေးထွက်ကုန်မှာ ဆန်စပါး ဖြစ်ပြီး နိုင်ငံ၏ စိုက်ပျိုးမြေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးသည်။ ဆန်စပါးသည် စုစုပေါင်းသီးနှံထုတ်လုပ်မှု အလေးချိန်အားဖြင့် ၉၇ ရာခိုင်နှုန်းခန့်ရှိသည်။ ၁၉၆၆ နှင့် ၁၉၉၇ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအရ ခေတ်မီဆန်မျိုးရင်းပေါင်း ၅၂ မျိုးအား ဖြန့်ဖြူးခဲ့သည်။ ဤသို့ဖြင့် ဆန်စပါးထုတ်လုပ်မှုကို ၁၉၈၇ ခုနှစ်တွင် တန်ချိန် ၁၄ သန်းနှင့် ၁၉၉၆ ခုနှစ်တွင် ခေတ်မီမျိုးစပါးများကို နိုင်ငံ၏ ထက်ဝက်ရှိ လယ်ကွင်းများစီသို့ ဖြန့်ကျက်စိုက်ပျိုးနိုင်ခဲ့ပြီး ရေသွင်းစိုက်ပျိုးမြေ၏ ၉၈ ရာခိုင်နှုန်းထိစိုက်ပျိုးနိုင်ခဲ့သည်။[39] မြန်မာ့စီးပွားရေးကဏ္ဍတွင် ခေတ်မှီနည်းပညာ ကျွမ်းကျင်သူ ပညာတတ်လုပ်သားအင်အားချို့တဲ့ခြင်းမှာ ကြီးထွားလျက်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်သည်။[40]
လူဦးရေပျံ့နှံ့နေထိုင်မှု
ရန်ကုန်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းဈေး မျက်နှာချင်းဆိုင်မှ တိုက်ခန်း။ ရန်ကုန်မြို့၏ လူဦးရေအများစုသည် လူနေထူထပ်သည့် တိုက်ခန်းများတွင် နေထိုင်ကြသည်။
မြန်မာနိုင်ငံ၏ လူဦးရေသည် သန်း ၄၀ မှ ၅၅ သန်းခန့်ရှိသည်။[41] လက်ရှိလူဦးရေစစ်တမ်းမှာ ခန့်မှန်းခြေမျှသာဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှ ၁၉၈၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် မပြီးပြည့်စုံသော စစ်တမ်းပေါ်တွင် အခြေခံထား သောကြောင့် ဖြစ်သည်။[42] ၁၉၃ဝ ခုနှစ်မှစ၍ တိကျခိုင်လုံသော ပြည်လုံးကြွတ်စစ်တမ်း ကောက်ယူခဲ့ခြင်း မရှိချေ။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၈၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်သည်။[43] မြန်မာနိုင်ငံ၏ လူဦးရေသိပ်သည်းနှုန်းမှာ တစ်စတုရန်းကီလိုမီတာလျှင် ၇၅ ရာခိုင်နှုန်းဖြစ်ပြီး အရှေ့တောင်အာရှတွင် လူဦးရေထူထပ်မှု အနည်းဆုံးနိုင်ငံတစ်ခုဖြစ်သည် အိန္ဒိယမြန်မာနယ်စပ်၊ ဘင်္ဂလားဒေရှ်မြန်မာနယ်စပ်နှင့် ထိုင်းမြန်မာနယ်စပ်များတစ်လျှောက်တွင် ဒုက္ခသည်စခန်းများရှိနေပြီး ထောင်ပေါင်းများစွာမှာလည်း မလေးရှားနိုင်ငံတွင် ရှိလေသည်။ လျှော့လျှော့ပေါ့ပေါ့ တွက်သည်ဆိုဦးတော့ တိုင်းတပါးရောက် မြန်မာဒုက္ခသည်ဦးရေ ၂၉၅,၈ဝဝ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းရပြီး၊ အများစုမှာ ရိုဟင်ဂျာ၊ ကရင်နှင့် ကရင်နီများဖြစ်ကြလေသည်။[44]
မြန်မာနိုင်ငံရှိ လူမျိုးနွယ်စုများမှာ များစွာကွဲပြားခြားနားကြသည်။ အစိုးရက လူမျိုးပေါင်း ၁၃၅ မျိုးအား တရားဝင် အသိအမှတ်ပြုထားသော်လည်း လက်တွေ့မှာမူ အနည်းဆုံး ၁၀၈ မျိုးရှိနိုင်သည်ဟု ခန့်မှန်းရသည်။ [45] ဗမာလူမျိုးသည် လူဦးရေ၏ ၆၈ ရာခိုင်နှုန်းရှိသည်။ ၁၀ရာခိုင်နှုန်းသည် ရှမ်းလူမျိုးဖြစ်ပြီ၊ ကရင်သည် ၇ ရာခိုင်နှုန်းရှိသည်။[46] ရခိုင်လူမျိုးသည် ၄ ရာခိုင်နှုန်းရှိသည်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးမှာ ၃ ရာခိုင်နှုန်းနီးပါးရှိသည်။[47][46] မွန်လူမျိုးများမှာ ၂ ရာခိုင်နှုန်းရှိသည်။[46]ကျန်မျိုးနွယ်စုများမှာ ကချင်လူမျိုး၊ ချင်း၊ ကုလားနှင့် အခြားသော လူနည်းစုအုပ်စုများဖြစ်ကြသည်။[46]
မြန်မာပြည်ရှိ တိုင်းရင်းသားများအနက် လူမျိုးတမျိုးဖြစ်သည့် ပဒေါင်လူမျိုး မိန်းကလေး။
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် ဘာသာစကားအုပ်စုကြီး လေးမျိုးရှိသည်။[48] ၎င်းတို့မှာ တရုတ်-တိဗက်၊ ဩစတြိုနီးရှန်း၊ တိုင်းကဒိုင်နှင့် အင်ဒို-ဥရောပတို့ဖြစ်ကြသည်။[49] တရုတ်-တီဗက်သည် အကျယ်ပျံ့ဆုံးအသုံးပြုသော ဘာသာစကားဖြစ်သည်။ ယင်းတွင် ဗမာ၊ ကရင်၊ ကချင်၊ ချင်းနှင့် တရုတ်ဘာသာများ ပါဝင်သည်။ တိုင်-ကဒိုင်ဘာသာတွင် အဓိကမှာ ရှမ်းဘာသာဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကပြောဆိုသည့် ဩစတြိုနီးရှန်းစကားမှာ မွန်ဘာသာဖြစ်သည်။ အဓိကကျသော အင်ဒို-ဥရောပဘာသာစကားနှစ်မျိုးမှာ ဗုဒ္ဓဘာသာ စာပေသုံးပါဠိဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြစ်သည်။
ယူနက်စ်စကို (UNESCO) စာရင်းအင်းဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ တရားဝင်စာတတ်မြောက်နှုန်းမှာ ၂၀၀၀ ပြည့်နှစ်က ၈၉.၉ ရာခိုင်နှုန်းဖြစ်သည်။[50] မြန်မာနိုင်ငံသည် သမိုင်းအစဉ်အဆက်ကတည်းက စာတတ်မြောက်နှုန်း မြင့်မားခဲ့သည်။ သို့သော် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံစာရင်းဝင်နိုင်ပြီး ကူညီထောက်ပံ့မှုများ ရရှိနိုင်ရန်အတွက် စစ်အစိုးရက ၁၉၈၇ ခုနှစ် စာတတ်မြောက်နှုန်းကို ၇၈.၆ ရာခိုင်နှုန်းမှ ၁၈.၇ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။[51] သို့သော်အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးဌာနကမူ အလုပ်ဖြစ်ရန် စာတတ်မြောက်နှုန်းကို ၃၀ ရာခိုင်နှုန်းဟု ခန့်မှန်းထားသည်။[46]
မြန်မာနိုင်ငံတွင် ထွန်းကားသော ဗုဒ္ဓဘာသာမှာ ဒေသခံတိုင်းရင်းသားယုံကြည်မှုများနှင့် ရောပြွမ်း နေသည့် ထေရဝါဒဗုဒ္ဓဘာသာဖြစ်သည်။ စစ်အစိုးရ၏ ထုတ်ပြန်ချက်အရ ၈၉ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ယုံကြည်ကြပြီး အထူးသဖြင့် ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန်နှင့် တရုတ်လူမျိုးအများစုဖြစ်ကြသည်။ ခရစ်ယာန်ဘာသာကို ၄ ရာခိုင်နှုန်းသော လူဦးရေက ကိုးကွယ်ပြီး အထူးသဖြင့် ကချင်၊ ချင်းနှင့် ကရင်အပြင် သာသနာပြုလုပ်ငန်းများ ထွန်းကားခဲ့သည့် ဒေသအသီးသီးရှိ ဥရောပ-အာရှမျိုးနွယ်စုများဖြစ်သည်။[22]မြန်မာနိုင်ငံ၏ ခရစ်ယာန်ဘာသာဝင်များအနက် ငါးပုံလေးပုံမှာ ပရိုတက်စတင့်များ (Protestants) ဖြစ်ကြပြီး အဓိကအားဖြင့် မြန်မာနှစ်ခြင်းကွန်ဗင်ရှင်းအသင်းဝင် နှစ်ခြင်းခရစ်ယာန်များ ဖြစ်ကြသည်။ ကျန်သူများမှာ ရိုမန်ကက်သလစ်ဘာသာဝင် (Roman Catholics) များဖြစ်ကြသည်။
လူဦးရေ၏ ၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပြီး အများစုမှာ ဆွန်နီများဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တို့တွင် အိန္ဒိယကုလားတိုင်းရင်းသား၊ အိန္ဒိယ-မြန်မာ၊ ပါရှန်း၊ အာရပ်၊ ပန်းသေးနှင့် ကမန်များ ပါဝင်ကြသည်။ မူဆလင်နှင့် ခရစ်ယာန်တို့သည် လူမှုရေးအရ ဘေးထွက်နေကြပြီးကျယ်ပြန့်စွာခွဲခြားထား ခြင်းခံရသည်။[52][53][54] ဟိန္ဒူ ဘာသာကို ကိုးကွယ်သူ အနည်းငယ်မျှသာ ရှိသည်။
ယဉ်ကျေးမှု
မန္တလေးမြို့၏ မဟာမုနိဇေတိတွင် တွေ့ရသည့် နားသမင်္ဂလာပွဲ။ ထိုမင်္ဂလာပွဲမှာ မြန်မာ့ယဉ်ကျေးမှုတွင် မိန်းမငယ် လူလားမြောက်ကြောင်း အသိအမှတ်ပြုသည့် အစဉ်အလာ တရပ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကြွပြားခြားနားသည့် ဒေသခံရိုးရာယဉ်ကျေးမှုများစွာ ရှိသော်လည်း အဓိကပင်တိုင်မှာ ဗုဒ္ဓဘာသာနှင့် ဗမာယဉ်ကျေးမှုသာဖြစ်သည် ဗမာ့ယဉ်ကျေးမှုသည်လည်း အိမ်နီးချင်းနိုင်ငံ၏ယဉ်ကျေးမှုများက လွှမ်းမိုး လေသည်။ ဤသည်ကို ယင်း၏ဘာသာစကား၊ အစားအသောက်၊ ဂီတ၊ ပန်တျာနှင့် ပြဇာတ်တို့က သက်သေထူလျက်ရှိသည်။ အနုပညာတွင် အထူးသဖြင့် စာပေကို မြန်မာ့ဟန်ဝင်နေသော ထေရဝါဒ ဗုဒ္ဓဘာသာက လွှမ်းမိုးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ မော်ကွန်းတစ်ရပ်အဖြစ် ယူဆထားသော ရာမဇာတ်တော်ကြီး မှာ ရမ္မာရန မူရင်းမှ ကူးယူထားခြင်းဖြစ်ပြီး ထိုင်း၊ မွန်၊ အိန္ဒယမူများ လွှမ်းမိုးခြင်းကို ကောင်းစွာခံထားရသည်။[55] ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုတို့ ရောထွေးလျက်ရှိပြီး နတ်ကိုးကွယ်မှုတွင် ၃၇ မင်းအနက် တစ်ပါးပါးကို ခမ်းနားကြီးကျယ်စွာ ပူဇော်ပသကြလေ့ရှိသည်။[56][57]
ရိုးရာဓလေ့ထွန်းကားသော မြန်မာ့ရွာတစ်ရွာတွင် ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ကျေးရွာယဉ်းကျေးမှုဘဝ၏ ဗဟိုချက်ဖြစ်သည်။[58] ဘုန်းတော်ကြီးများအား ဘာသာဝင်များက ရိုသေလေးစားပြီး ပစ္စည်းလေးပါးကို ထောက်ပံ့ကြသည်။ အရွယ်ရောက်လာသည့်ယောက်ျားကလေးတစ်ယောက်၏ ဘဝတွင် ရှင်ပြုခြင်းမင်္ဂလာမှာ အလွန်အရေးပါသည့် အခမ်းအနားတစ်ခုဖြစ်သည်။ ဗုဒ္ဓဘာသာမိသားစုတိုင်းမှ ယောက်ျားကလေး မှန်သမျှသည် အသက် ၂၀ မတိုင်မီ ကိုရင်အဖြစ်လည်းကောင်း၊ အသက် ၂၀ ပြည့်လျှင် ရဟန်းအဖြစ်လည် တောင်းခံယူကြရသည်။ အနည်းဆုံး တစ်ပတ်ခန့်ကြာမြင့်လေ့ရှိတတ်သည်။ မိန်းကလေးများမှာမူ နားထွင်းနားသခြင်း မင်္ဂလာကို ခံယူကြရသည်။[58] မြန်မာ့ယဉ်ကျေးမှုကို အဓိကမြင်တွေ့ရသည့် နေရာမှာ ကျေးရွာများတွင် နှစ်လုံးပေါက်ကျင်းပလေ့ရှိသည့် ဘုရားပွဲများတွင်ဖြစ်သည်[59][60] ရွာများတွင် ရွာစောင့်နတ်များရှိကြပြီး မြန်မာ့လူနေမှုဘဝတွင် အယူသည်းခြင်းနှင့် ပိတ်ပင်တားမြစ်ခြင်းများမှာလည်း မနည်းပေ။
အရမပူရမြို့၏ မဟာဂန္ဓရုံကျောင်းတွင် ကိုရင်များသည် သပိတ်နှင့် ဆွမ်းခံချသည်။
ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် မြန်မာ့ယဉ်ကျေးမှုအတွင်းသို့ အနောက်တိုင်းဓလေ့များ စတင်ဝင်ရောက်လာခဲ့သည်။ မြန်မာ့ပညာရေးစနစ်ကို ဗြိတိသျှ ပုံစံအတိုင်း ပုံတူကူးယူထားသည်။ ရန်ကုန်ကဲ့သို့သော မြို့များတွင် ကိုလိုနီပိုင်ဗိသုကာပုံစံများ လွှမ်းမိုးနေသသည်ကိုတွှေ့ရှိရသည်။[61] တိုင်းရင်းသားမျိုးနွယ်စုများအနက်ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုကို အရှေ့တောင်ဒေသရှိ ကရင်များတွင်လည်း ကောင်း၊ မြောက်ဘက်အရပ်နှင့် အနောက်မြောက်ဒေသ၌ ကချင်လူမျိုးနှင့် ချင်းတိုင်းရင်းသားများတွင်လည်း ကောင်းမြင်တွေ့နိုင်သည်။[62]
ဘာသာစကား
မြန်မာဘာသာစကားသည် မြန်မာတို့၏ မိခင်ဘာသာစကားနှင့် ရုံးသုံးဘာသာစကားများ ဖြစ်ပြီး တိဗက်နှင့် တရုတ်ဘာသာစကားများနှင့် လည်းနီးစပ်လေသည်။[63][48] ဗြည်းအက္ခရာ ရေးသားပုံစနစ်မှာ လခြမ်းပုံနှင့် စက်ဝိုင်းပုံများကို အခြေထားသော မွန်အက္ခရာစနစ်မှ ဆင်းသက်လာသည်။ မြန်မာအက္ခရာအရေးအသားတွင် မွန်ပုံစံကို အခြေခံထားပြီး မွန်အက္ခရာစနစ်သည် ၇၀၀ ပြည့်နှစ်က တောင်ပိုင်းဗြဟ္မိအက္ခရာစနစ်ပေါ်တွင် အခြေခံထားလေသည်။ ရှေးအကျဆုံးမြန်မာအရေးအသားကို လွန်ခဲ့သည့် နှစ် ၁၀၀၀ ကျော်လောက်က တွေ့ရှိခဲ့သည်။ ဤအရေးအသားစနစ်ကို ထေရဝါဒဗုဒ္ဓဘာသာ၏ ကျမ်းဂမ်များ ရေးသားရာတွင် သုံးသည်။ ပါဠိစာပေရေးသားရာတွင်လည်း အသုံးပြုသည်။ ရှမ်း၊ ကရင်နှင့် ကယားစာပေများ ရေးသားရာတွင်လည်း မြန်မာအက္ခရာများနှင့်အတူ သီးခြားတီထွင်ထားသော ဗြည်းအက္ခရာများ၊ အသံထွက်ပြသကေင်္တများကိုလည်း အသုံးပြုထားသည်။[64] မြန်မာစကားသည် အရိုအသေပြုသုံးနှုန်းခြင်းနှင့် အသက်အရွယ်အလိုက်ပြောဆိုသုံးနှုန်းရခြင်းများပါဝင်သည်။[59] မြန်မာလူမှုရေးစနစ်သည် ပညာရေးကိုအလေးပေးသည်။ ကျေးရွာများတွင် လောကီပညာများကို ဘုန်းတော်ကြီးကျောင်းများ၌ သင်ယူကြရသည်။ နိုင်ငံတော်က ဖွင့်လှစ်သည့် အစိုးရ ကျောင်းများက အလယ်တန်းများနှင့် အထက်တန်းပညာများအား တာဝန်ယူသင်ကြားပေးသည်။
အစားအစာ
ရန်ကုန်မြို့ရှိ စားသောက်ဆိုင်
မြန်မာ့အစားအစာတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားလူမျိုးစုများ၏ လွှမ်းမိုးမှုကို တွေ့ရှိနိုင်သည်။ ဆန်မှာ မြန်မာ၏ အဓိကအစားအစာဖြစ်သည်။[65] ခေါက်ဆွဲနှင့် ပေါင်မုန့်တို့ကိုလည်း စားသောက်သည်။[65] ဗမာ့အစားအစာတွင် မပါမဖြစ်သည်မှာ ငါး၊ ပုစွန်၊ ငါးပိငံပြာရည်နှင့် ဝက်သား၊ ဆိတ်သားများ ဖြစ်သည်။ အမဲသားကိုမူ ရှောင်ကြသည်။ ဟင်းချက်ရာတွင် မဆလာနှင့် ငရုတ်သီးတို့ကို အသုံးပြုသည်။[66][67] မြ
0 Comments