Advertisement

Responsive Advertisement

မြန်မာ့သမိုင်း (၂)


(၅) ၁၉၈၈-၂ဝဝ၉ ဗဟိုမှ ထိန်းချုပ်ကန့် သတ်မှု အားကြီးသည့် ဈေးကွက်

စီးပွားရေးနှင့် လက်ဝါးကြီးအုပ် ကုန်လုပ် ဆက်ဆံရေး
စစ်တပ်ဗြူရိုကရေစီစနစ် အာဏာသိမ်းစစ်ကောင်စီကို တာဝန်ခံရသည့်

ဗိုလ်ချုပ်ကြီးများ အစိုးရ


ဝေးလံသော မြန်မာသက်ဦးဆံပိုင် ဘုရင်များ ကာလကို ချန်လှပ်၍ ကိုလိုနီခေတ်မှ အစပြု ပါလီမန် ခေတ်အလယ် မဆလနှင့် နဝတ-နအဖ ခေတ်အဆုံး ကာလများ၏ နိုင်ငံရေး ဘောဂဗေဒကို ကြည့်လျှင် အောက်ပါ အတိုင်း တွေ့ ရသည်။

၁) ကိုလိုနီခေတ်၌ အုပ်စိုးသူ ဗြိတိသျှတို့က မြန်မာ့လူအဖွဲ့ အစည်းကို စီးပွားရေးအရ၊ ဈေးကွက် အခြေခံကိုလိုနီ အရင်းရှင် စီးပွားရေးစနစ်နှင့် နိုင်ငံရေးအရ ကိုယ်စားလှယ်ပြု ထုံးစဉ်လာ (ေယ်ဘူယ် ဒီမိုကေရစီ) စနစ် အစပျိုး လေ့ကျင့်ပေးခဲ့သည်။

၂) တို့ဗမာ အစည်းအရုံး၏ လွတ်လပ်ရေး ကျိုးပမ်းမှု အထွဋ်အထိပ် ကာလတွင် ပေါ်ပေါက်ခဲ့သည့် ရဲဘော် သုံးကျိတ် အမှူးပြု ဘီအိုင်အေနှင့် ဂျပန်ဖက်ဆစ် စစ်တပ်က မြန်မာနိုင်ငံကို ၀င်သိမ်းပြီး ဗြိတိသျှတို့ အိန္ဒိယသို့ ဆုတ်ခွာနေရခိုက်၊ ဂျပန်ခေတ် မြန်မာ့စီးပွားရေးစနစ်သည် ဂျပန်စစ်တပ် ထိန်းချုပ်သည့် ဖက်ဆစ် ကျွန်စီးပွားရေးစနစ် လုံးလုံး ဖြစ်ခဲ့ရပြီး နိုင်ငံရေး အာဏာမှာလည်း ဂျပန်စစ်တပ်က တင်းတင်း ကျပ်ကျပ် ထိန်းချုပ်သည့် ဖက်ဆစ် အာဏာရှင် စနစ် ဖြစ်ခဲ့သည်။

သို့ဖြင့် ဖ.တ.ပ.လ (နောင် ဖ.ဆ.ပ.လ) ဖွဲ့စည်းပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေးအပြီး၊ ဗြိတိသျှတို့ မြန်မာနိုင်ငံ ပြန်လာချိန်မှ၊ ၁၉၄၈ လွတ်လပ်ရေး ရချိန်ထိ ကာလတို အတွင်းတွင်၊ မြန်မာ့ လူ့အဖွဲ့အစည်းက ဈေးကွက် စီးပွားရေးနှင့် ပါတီစုံ ဒီမိုကရေစီကို ယျေဘုယျအားဖြင့် ပြန်လည် အစပျိုးနိုင်ခဲ့သည်။

၃) ဖ.ဆ.ပ.လ အစိုးရ (၁၉၄၈-၁၉၅၈) အိမ်စောင့် အစိုးရ (၁၉၅၈-၁၉၆၀) ပထစအစိုးရ (၁၉၆၀-၁၉၆၂) ကာလတို့မှာ ဈေးကွက် စီးပွားရေးနှင့် ပါလီမာန် ဒီမိုကရေစီစနစ် ပြန်လည်သက်ဝင် လှုပ်ရှား၊ တစ်စုံတစ်ခုသော အတိုင်းအတာထိ လေ့ကျင့် ရင့်ကျက်မှု့ ရခဲ့သည့် ကာလများဖြစ်၏။

၎) ၁၉၆၂-၁၉၈၈မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလကား မြန်မာ့ လူအဖွဲ့အစည်းတွင် ဆိုရှယ်လစ် စီးပွားရေးအမည်ခံ ဗဟိုမှ ကြိုးကိုင်သည့် အမိန့်ပေး စီးပွားရေးစနစ်နှင့် တစ်ပါတီ၊ တစ်သွေးတစ်သံတစ်မိန့် အာဏာရှင် နိုင်ငံရေးစနစ်တို့ အမြစ်တွယ် ထွန်းကားသည့် ကာလဖြစ်ခဲ့၏။

၅) ၁၉၈၈-၂၀၀၉ (ယ္ခု ထိ) ကာလပိုင်းမှာ စစ်တပ်အစိုးရ ထိန်းချုပ် ကွပ်ညှပ်မှု အောက်မှ၊ ဈေးကွက် အခြေခံ စီးပွားရေး ပြန်လည် အစပျိုးဖြစ်ထွန်း အားယူစနှင့် ဒီမိုကရေစီ မဲ့နေဆဲ (အားနာနာနှင့် လျှော့ပြောရလျှင် ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရန် (သို့မဟုတ်) အုပ်ချုပ်သူ (စစ်တပ်) အလိုကျ နိုင်ငံ ဖွဲ့စည်းပုံသစ်၊ ရွေးကောက်ပွဲသစ်တို့ဖြင့် အားယူဆဲ) ကာလ ဖြစ်သည်။

အထက်ပါတို့မှာ မြန်မာ့သမိုင်းစဉ် တလျှောက် ပေါ်ပေါက် ဖြစ်တည် လာခဲ့သော မြန်မာ့စီးပွားရေး (ဘောဂဗေဒ) အခြေပြု နိုင်ငံရေးနှင့် နိုင်ငံရေး စနစ်များ ဖြစ်စဉ်အကျဉ်း ဖြစ်သည်။

ယင်းအထဲမှ မြန်မာ့ လွတ်လပ်ရေး ရပြီး ဖ.ဆ.ပ.လ၊ အိမ်စောင့်အစိုးရ နှင့် ပ.ထ.စ ခေတ် (၁၉၄၈-၁၉၆၂) ကို ပြန်ကောက်ပါမည်၊ ထိုကာလသည် မြန်မာ့နိုင်ငံရေး ဘောဂဗေဒကို "ဈေးကွက် စီးပွားရေး အခြေပြု ပါတီစုံ ပါလီမန် ဒီမိုကရေစီစနစ် တစ်စုံတစ်ခုသော အတိုင်းအတာအထိ လေ့ကျင့် ရင့်ကျက်မှု ရခဲ့သည်" ဟု ဆိုရပြီး၊ ဤသည်မှာ ယျေဘုယျဖြစ်၍၊ ထိုကာလ၏ ၀ိသေသ လက္ခဏများကို စူးစမ်းကြည့်လျှင် စင်စစ် "တစ်စုံတစ်ခုသော အတိုင်းအတာထိ ဈေးကွက်နှင့် ဒီမိုကရေစီ မရင့်ကျက်သေး၊ ဟာကွက် ၊ပျော့ကွက်၊ အားနည်းချက်များ ရှိသေးသည်" ဟုဆိုလိုသည်။

ထိုအတွက် ထိုစဉ်က တာဝန်ယူခဲ့သော "ကတ္တား" ပိုင်း (Subjective Role) အစိုးရများကို အပြစ် မဖို့လိုပါ။ မြန်မာ့ရုပ်ဘ၀ "ကမ္မ" ပိုင်း ( Objective Role ) တွင် ဈေးကွက် စီးပွားရေး အခြေမခိုင်ခဲ့၍၊ ထိုသို့ အခြေမခိုင်ခဲ့ သည်မှာလည်း ၊ဒုတိယကမ္ဘာစစ် အ၀င်အထွက် နှစ်ကြိမ်နှင့် လွတ်လပ်ရေး ရပြီး ပြည်တွင်းစစ်တို့ကြောင့် ဖြစ်၍ တာဝန်ရှိခြင်းရှိလျှင် ကမ္ဘာစစ် တရားခံ ဖက်ဆစ်စနစ်၊ စစ်ပြီးခေတ် ကွန်မြူနစ် လက်နက်ကိုင် တော်လှန်ရေးနှင့်ရောင်စုံသူပုန်သောင်းကျန်းသူတို့၏ (ပြည်တွင်းစစ်) လမ်းစဉ်တို့သာ အဓိကတာဝန်ယူ ရမည် ဖြစ်သည်။

ထိုသို့ မြန်မာ့လူဘောင်တွင် ဈေးကွက် စီးပွားရေး အခြေမခိုင်လှ၍ အမျိုးသား စီးပွားရေး မဖွံ့ဖြိုး လူတန်းစား အစပ်အဟပ်တွင် လူလတ်တန်းစား မကြီးထွား၊ နိုင်ငံရေး အမြင်တွင်လည်း ကွန်မြူနစ် သူငယ်နာ မစင်သည့် လက်ဝဲယောင် လက်ဝဲယိမ်း အယူအမြင်များ ကိန်းကာ စီးပွားရေး၌ ဈေးကွက် အခြေပြုထားသည့် ဖ.ဆ.ပ.လအစိုးရသည်ပင်လျှင် "ကျုပ်တို့အစိုးရက လက်နက်ကိုင် ကွန်မြူနစ်တွေနဲ့ “ဆိုရှယ်လစ်" တာချင်းတော့ တူပါတယ် လက်နက်ကိုင်နည်းနဲ့ ပါလီမန် ဒီမိုကရေစီနည်းဘဲ ကွဲတာပါ" ဟုဆိုကာ မြေယာ စီးပွားရေး၌ လွတ်လပ်ရေး မရမှီက တည်ရှိခဲ့သော ပဒေသရာဇ်နည်း မြေယာ ထုတ်လုပ်ရေး နေရာတွင် အရင်းရှင် မြေယာ ထုတ်လုပ်ရေးကို အစားထိုးပြောင်းလဲ တည်ဆောက် ရမည့်အစား ကွန်မြူနစ်တို့၏ "မြေယာသိမ်း၊ မြေယာဝေ" ကို သွေးလန့်ပြီး "လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ကြွေးကြော်ကာ "နိုင်ငံပိုင်" ဆိုင်းဘုတ် အောက်၌ လုံးချင်းပြန့်ကြဲ ပဒေသရာဇ် မြေယာ ထုတ်လုပ်ရေး စနစ်ကို လက်တွေ့ ၌ ဆက်လက် အသက်ရှည်စေခဲ့သည်၊ ကုန်စည်စီးပွားရေး၌လည်း နိုင်ငံပိုင် အခန်းကဏ္ဌကို လျှော့မချဘဲ စခန်းသွားခဲ့သည်။

သို့ဖြင့် ကွန်မြူနစ်၊ အနီ၊ အဖြူတို့ ဂမှုးရှုးထိုး စတင် ဖန်တည်းလိုက်သည့် လက်နက်ကိုင် တော်လှန်ရေး ( ပြည်တွင်းစစ်) လမ်းစဉ်နောက်သို့ ပြည်သူရဲဘော် (အဖြူ)၊ ကရင် ၊မွန် ၊ ရခိုင်၊ရှမ်း ၊ကချင်၊ပအို့ စသည့် လူမျိုးစု လူမျိုးငယ် အဖွဲ့အစည်း အတော်တော် များများလည်း မိမိတို့ ဆိုင်ရာ "အမျိုးသား လွတ်မြောက်ရေး" ဆိုင်းဘုတ်များတင်ကာ လိုက်လျှောက်ရင်းမြန်မာတစ် ပြည်လုံးအနှံ ပြည်တွင်းစစ်မီးပြန့် လောင်ကြွမ်းမှု ရှည်ကြာလာသည့် အခြေအနေ၊ ထိုအခြေအနေကို ထိန်းသိမ်းရန် မြန်မာ့ တပ်မတော်ကို တိုးချဲ့ ကြီးထွားလာစေရသည့် အခြေအနေ၊ တဆက်တည်းမှာပင် ထိုစစ်တပ်ကို "ပ" စားပေးနေ ရသည့် အခြေအနေတို့အရ မြေယာရော၊ ကုန်စည် ထုတ်လုပ်ရေးမှာပါ၊ ဈေးကွက် စီးပွားရေးစနစ်၊ မပီပြင် အခြေမကျနိုင်ခြင်းကြောင့် လူလတ်တန်းစား ကြီးထွား သြဇာရှိန် မတက်နိုင်သဖြင့် ဒီမိုကရေစီ နိုင်ငံရေး စနစ် အားကောင်းခိုင်ခန့် မလာနိုင်သေး လူလား မမြှောက်နိုင်သေးသည့် အခြေအနေအောက်တွင်၊ ဖက်ဆစ် ဂျပန်ဝမ်းကြာတိုက်၌ ကံမကောင်း အကြောင်းမလှ သန္ဓေတည်ခဲ့ရသည့် "ဗမာတပ်မတော်" တည်းဟူသော အခိုင်အမာဆုံး လက်နက်ကိုင် အဖွဲ့အစည်းက ပါတီစုံ ဒီမိုကရေစီ ပါလီမန်ကိုဖျက်၊ မြန်မာဆိုရှယ်လစ် ဆိုင်းဘုတ်ကိုတင်၊ တစ်ပါတီ၊ ငါ့မင်းငါ့ချင်း အာဏာရှင်စနစ် တည်ထောင် လိုက်နိုင်လေသည်။ အစပျိုး ရှင်သန်အားယူဆဲ ဈေးကွက် စီးပွားရေးစနစ် ဖျက်ဆီးဖြိုချခံလိုက်ရပြီး ဗဟိုဦးစီး အမိန့်ပေး စီးပွားရေးစနစ် ပေါ်ပေါက်လာလေသည်။

ဤသည်မှာ "လွတ်လပ်စွာ ယှဉ်ပြိုင်သည့် ဈေးကွက် စီးပွားရေးစနစ် လူ့ အဖွဲ့အစည်းတစ်ခုအတွင်း ကောင်းစွာ အမြစ်တွယ် အခြေခိုင် မပွါးစီး၊ မထွန်းကားသေးသမျှ ထိုလူ့အဖွဲ့အစည်း၌ လူလတ်တန်းစားအ ခြေမခိုင် ထိုအခြေအနေမျိုးတွင် ဒီမိုကရေစီဝါဒ၊ စနစ်၊ အဆောက်အအုံနှင့် အလေ့အကျင့်များ (Democratism, Democratic System, Democratic Institutions & Practices) ကောင်းစွာမထွန်းကား အခြေမခိုင်၊ ထိုအခြေအနေမျိုးတွင် အာဏာရှင်စနစ် တစ်မျိုး မဟုတ်တစ်မျိုး (လက်ဝဲ၊ လင်္ကျာ၊ စစ်အာဏာရှင် တစ်မျိုးမျိုး) ပေါ်ပေါက်တတ်သည်။ ပေါ်ပေါက်နိုင်သည် " ဆိုသော နိုင်ငံရေး ဘောဂဗေဒ ပညာ၏ လမ်းညွှန် ကောက်ချက် မှန်ကန်ကြောင်း ထင်ရှားသည့် သက်သေ တစ်ခု ဖြစ်ခဲ့ပေသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (၁၉၆၂-၁၉၈၈) ကိုကား အထူး ပြောစရာမလိုပါ၊ အများ သိကြသည့်အတိုင်း စီးပွားရေး၌ ဗဟိုကြိုးကိုင် လက်ဝါးကြီးအုပ် အမိန့်ပေး စီးပွားရေး စနစ် နိုင်ငံရေး၌ တစ်ပါတီ ငါ့မင်းငါချင်း အာဏာရှင် စနစ် ထွန်းကားခဲ့သည်။

အရေးပါလှသည့် သတိပြုစရာ အချက်မှာ ထိုမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၂၆နှစ်ကာလ၌ မ.ဆ.လ ဆန့်ကျင်ရေး ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ အမှုထမ်း၊ အရာထမ်း စသည့် လှုပ်ရှားမှု အများအပြား ပေါ်ပေါက်ခဲ့ခြင်းများ ဖြစ်ပါသည်။

၁၉၆၂ ဇူလိုင် ရ ရက်မှသည် မှိုင်းရာပြည့် ၊ ချည်စက်၊ဂုံနီစက်၊ သင်္ဘောကျင်း၊ မြစ်ငယ်၊ ဦးသန့်၊ စစ်တွေ ဆန်လုပွဲတို့ အလယ် ၈၈၈၈ အရေးတော်ပုံကြီး အဆုံးဖြစ်ပါသည်။ ပိုမိုထူးခြား သတိပြုစရာ နောက်အချက်မှာ-

မြန်မာနိုင်ငံ၌ လက်ဝဲတို့သာ လွှမ်းမိုးထားသည့် လက်နက်ကိုက် နယ်ပယ်သို့ လင်္ကျာနိုင်ငံရေးအင် အားစုတို့ လည်း ရောက်ရှိပါဝင်လာခြင်း ဖြစ်ပါသည်။ ရဲဘော် သုံးကျိတ်ဝင် ဗိုလ်ရန်နိုင် ဦးဆောင်သည့် (၁၉၆၄-၁၉၆၅) တွင်စခဲ့သော "တန်ပြန် တော်လှန်ရေး" မဆလ ဆန့် ကျင်ရေး လက်နက်ကိုင် လှုပ်ရှားမှုနှင့် (၁၉၆၇-၆၈) တွင်စတင်ခဲ့သော ဦးနု (သခင်နု) ခေါင်းဆောင်သည့် "ပါလီမန် ဒီမိုကရေ စီပါတီ" လက်နက်ကိုင် လှုပ်ရှားမှုတို့ ဖြစ်ပါသည်။

ဒီမိုကရေစီ ဘက်သား ဆိုသူအများစုက ("ဘက်သားဆိုသူ" ဟုဆိုရခြင်းမှာ ဒီမိုကရေစီကို တကယ် ယုံကြည်သူများ ပါဝင်သလို၊ အသွေးအသားထဲတွင် အာဏာရှင်စနစ် တမျိုးမျိုးကို စိမ့်ဝင်လက်ခံထားပြီး ဒီမိုကရေစီ ယောင်ဆောင်နေသူများလည်း ပါဝင်နေ၍ ဖြစ်ပါသည်၊ စကားချပ်) ၇ ရက်ဇူလိုင် ၆၂ မှသည် ၈၈၈၈ အရေးတော်ပုံထိ လှုပ်ရှားမှုများက မြန်မာလူထု၏ ဒီမိုကရေစီ အသိတရား မြင့်မားမှု နှင့်၊ သတ္တိကို သက်သေပြနေသည်။ ထို့ ကြောင့် မြန်မာတို့ ဒီမိုကရေစီနှင့် ကောင်းမွန်စွာ ထိုက်တန် သည် စသည် ဖြင့် ပြောဆို ရေးသားလေ့ ရှိကြသည်။ သို့သော်လည်းအဆိုပါ လှုပ်ရှားမှုများသည် ဆိုင်ရာ ကျောင်သား၊ အလုပ်သမားတို့၏ ဘ၀ခံစားချက် (တွေ့ထိသိ) နှင့် ထိုသူတို့ အကြားရှိနှင့်ပြီးသား မြေအောက် လက်နက်ကိုင် ကွန်မြူနစ် အနီ၊ အဖြူကလပ်စည်းတို့၏ လှုံဆော်ပေးမှုတို့ ပေါင်းစပ်ပေါ်ပေါက် လာခြင်းဖြစ်ပြီး ဆိုင်ရာ အလုပ်သမား၊ ကျောင်းသား စသူတို့၏ ဆင်ခြင်ထိုးထွင်းအသိ (ဆင်ခြင်သိ) သက်သက်ဖြင့် ပေါ်ပေါက်လာခြင်း မဟုတ်ဟု ယူဆ သည်။ သို့ဖြစ်ရာ ဆိုခဲ့ပါလှုပ်ရှားမှုသည် ဆင်ခြင်ထုံ ဖြင့် သိခြင်းမျိုးမှ ပေါက်ဖွားလာခြင်း မဟုတ်မှုဘဲ၊ တွေ့ထိသိ (ခံစားမှု) ပေါ်အခြေခံခဲ့သဖြင့် ကြာရှည်မခံ ကာလတို အတွင်း ပြိုကွဲသွားခဲ့ရသည် ဟု ယူဆရသည်။

စင်စစ်သော်၊ ထိုလှုပ်ရှားမှုများကို လက်နက်ကိုင် ကွန်မြူနစ်တို့က ၄င်းတို့ မြေအောက်တိုက်ပွဲနှင့် မြေပေါ်လူထု တိုက်ပွဲ များပေါင်းစပ် အရှိန်မြှင့် အောင်ပွဲခံ အာဏာသိမ်းရေး မဟာဗျူဟာဖြင့် ၄င်းတို့ ၏ကေဒါများ မှတဆင့် တိုက်ပွဲဖေါ်ခဲ့ခြင်းဖြစ်သည်

သို့ ဖြင့်၍ တော်လှန်ရေး ကောင်စီခေတ်- မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် နဝတ၊ နအဖခေတ် တလျှောက် ပေါ်ပေါက်ခဲ့သမျှ လူထုလှုပ်ရှားမှု အတော်များများမှာ အပြင်သဏ္ဌာန်အားဖြင့် ဟုတ်ဟန် မတူသော်လည်း အတွင်းအနှစ်မှာမှု ပစ္စည်းမဲ့ အာဏာရှင်စနစ် ထူထောင်လိုသူ လက်နက်ကိုင် မြေအောက် ကွန်မြူနစ်များနှင့် လက်နက်ကိုင် မြေပေါ် အာဏာရှင် အစိုးရများအကြား ပဋိပက္ခများသာ ဖြစ်ခဲ့လေသည်။

အားကြီးသော ၊အပေါ်စီးရသော မြေပေါ်အာဏာရှင်က အားနည်းသော အောက်စည်းရောက် မြေအောက် အာဏာရှင် ထူထောင်လိုသူကို အပြတ်အသား နှိပ်ကွပ်နိုင်ခဲ့သည်ချည်း ဖြစ်လေသည်။ ထိုလှုပ်ရှားမှုများတွင် ယျေဘုယျအားဖြင့် လင်္ကျာသမားများဟု ဆိုသော ဒီမိုကရက်များ ပါဝင်လှုပ်ရှားမှုများလည်း ရံဖန်ရံခါရှိ ခဲ့သော်လည်း အလွှမ်းအမိုးမဖြစ်ခဲ့ပါ၊ မြေအောက် လှုပ်ရှားမှုတွင် အသားကျနေသော လက်ဝဲများသာ တွင်ကျယ်ခဲ့လေသည်။

အထက်ပါ မြန်မာသမိုင်း ဖြစ်စဉ် နောက်ခံများအရ ၁၉၆၂ ဈေးကွက်စီးပွားရေးနှင့် ပါတီစုံ ပါလီမန်ဒီမိုကရေစီ စနစ်တို့ ဖျက်သိမ်းခံရချိန်မှ ၁၉၈၈ လူထုအလုံးစုံအုံကြွ ပေါက်ကွဲပါဝင်ဆင်နွဲခဲ့ရာ ရှစ်လေးလုံးအရေး တော်ပုံကြီးအထိ ၂၆နှစ်အတွင်း အမိန့်ပေး စီးပွားရေးသာ ဆိုရှယ်လစ် မျက်နှာဖုံးစွပ် တွင်ကျယ်နေခဲ့သဖြင့် လူလတ်တန်းစား ပျောက်လုနီးပါးဖြစ်ပြီး ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစု အကြီးကျယ် ဖိနှိပ်ခံရမှုကြောင့် ဒီမိုကရေစီ အမြင်၊ အလေ့အကျင့်များ မရှိသလောက် ခေါင်းပါးကွင်းဆက်ပြတ်ခဲ့ရ၏၊ သို့နှင့် ၈၈၈၈ အရေးတော်ပုံကြီး တိုင်ခဲ့လေသည်။
နိုင်ငံရေးနှင့် အစိုးရ
အစိုးရဝါဒဖြန့်ခြင်းပိုစတာသည် "တပ်နှင့်ပြည်သူလက်တွဲကူပြည်ထောင်စုဖြိုခွဲသူမှန်သမျှချေမှုန်းကြ။" ရေးဆိုသည်။

အဓိက

ပြည်ထောင်စုမြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင်ရှိသည်။ ၁၉၉ဝ ခုနှစ် ပြည်သူ့လွှတ်တော်သို့ ရွေးကောက်ခံရသော ကိုယ်စားလှယ်များသည် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ကို မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးဆောင်ပုဒ်ဖြင့် ၁၉၉၀ ခုနှစ် ဒီဇင်ဘာတွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲတော်သူ ဦးစိန်ဝင်းသည် ယင်းအဖွဲ့၏ လက်ရှိဝန်ကြီးချုပ်ဖြစ်သည်။ သို့သော်ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့သည် လုပ်ပိုင်ခွင့်မရှိသလောက်ဖြစ်ပြီး မြန်မာနိုင်ငံတွင် တရားမ၀င်သော အသင်းအဖွဲ့အဖြစ် ကြေညာထားခြင်းခံရသည်။[3]

လက်ရှိနိုင်ငံတော်အကြီးအကဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဠ ရာထူးကိုလည်း ရယူထားသူဖြစ်သည်။ သူသည် လုပ်ပိုင်ခွင့်အာဏာများစွာကို ပိုင်ဆိုင်ထားပြီး ဝန်ကြီးများနှင့် ကက်ဘိနက်အဖွဲ့ဝင်များအားပြောင်းရွှေ့ခြင်း၊ နိုင်ငံတကာရေးရာများတွင် အဓိကျသော ဆုံးဖြတ်ချက်များကိုလည်း ချမှတ်ခြင်းများလည်း ပြုလုပ်သည်။ ၂ဝဝ၄ ခုနှစ် အောက်တိုဘာအထိ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာ ဝန်ကြီးချုပ်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် အစားထိုးပြောင်းလဲခဲ့သည်။ ၄င်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်မှုရှိသူဟုသိရှိရသည်။ ဝန်ကြီးနေရာအများစုနှင့် ကက်ဘိနက်နေရာ အများစုမှာ တပ်မတော်အရာရှိကြီးများက ရယူထားပြီး ကျမ်းမာရေး၊ ပညာရေး၊ အလုပ်သမားအရေး၊ စီမံကိန်းရေးဆွဲရေးနှင့် စီးပွားရေးဝန်ကြီးနေရာများကို အရပ်သားများက ရယူထားရှိသည်။

မြန်မာနိုင်ငံတွင် အဓိကပါတီကြီးများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ဖြစ်ကြသည်။ ယင်းတို့၏လှုပ်ရှားမှုများကိုမူ အစိုးရမှ တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ အခြားတိုင်းရင်းသားလူမျိုးစုများအား ကိုယ်စားပြုသော ပါတီငယ်များလည်းရှိသည်။ နိုင်ငံရေး အတိုက်အခံပြုလုပ်ခြင်းကို ခွင့်ပြုခြင်းမရှိသလောက်ဖြစ်ပြီး ပါတီများစွာမှာ တရားမ၀င်အသင်း အဖြစ်ကြေညာထားခြင်ခံရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် တပ်မတော်ကို ကိုယ်စားပြုပြီး လူထုအစည်းအရုံးကြီးတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကပံ့ပိုးထားပါသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) နှင့် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (Amnesty International) အပါအဝင် အချို့အဖွဲ့အစည်းများ၏ အဆိုအ‌ရ စစ်အစိုးရ၏ လူ့အခွင့်အရေးမှတ်တမ်းများမှာ လွန်စွာဆိုးဝါးကြောင်းသိရှိရသည်။ လွတ်လပ်သည့် တရားစီရင်ခွင့်မရှိသည့်အပြင် စစ်အစိုးရအား ဆန့်ကျင်သည့် နိုင်ငံရေးအတိုက်အခံမှန်သမျှအားလည်း ခွင့်မပြုချေ။ အင်တာနက်အသုံးအပြုမှုမှာလည်း များစွာကန့်သတ်ထားပြီး ပြည်သူများဝင်ရောက်ကြည့်ရှု နိုင်သည့် ဝက်ဘ်စာမျက်နှာများ အထူးသဖြင့် နိုင်ငံရေးအတိုက်အခံနှင့် ဒီမိုကရေစီအရေး ဝက်ဘ်စာမျက်နှာများအား ပြည်သူတို့ ဝင်‌ရောက်ကြည့်ရှုနိုင်မှုကို ကန့်သတ်ချုပ်ချယ်ထားသည်။ အဓမ္မလုပ်အားပေးစေမှု၊ လူကုန်ကူးခြင်းနှင့် ကလေးအလုပ်သမားကိစ္စများမှာ နေ့စဉ်ဖြစ်ပျက်လျက်ရှိပြီး နိုင်ငံရေးဆန်ကျင်မှုမှန်သမျှကို ခွင့်မပြုချေ။[10]

၁၉၈၈ ခုနှစ်တွင် တပ်မတော်သည် စီးပွားရေးချုတ်ခြုံကျမှုနှင့် နိုင်ငံရေးဖိနှိပ်မှုများအား ဆန္ဒပြသည်ကို ရက်စက်ကြမ်း ကြုတ်စွာ နှိမ်နင်းခဲ့သည်။ ၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်၊ ရှစ်လေးလုံးအရေး တော်ပုံဟု လူသိများသည့်နေ့တွင် ဆန္ဒပြသူပြည်သူများအား ပစ်ခတ်ခဲ့သည်။ သို့သော် ယင်းဆန္ဒပြမှုများက ၁၉၉ဝ ပြည့်ရွေးကောက်ပွဲများအား လမ်းပွင့်စေခဲ့သည်။ ရလဒ်များကိုမူ စစ်အစိုးရက အသိအမှတ်မပြုခဲ့ချေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မဲအားလုံး၏ ၆၀ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်အား နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပခဲ့သည် ၁၉၉၀ ပြည့်နှစ် ရွေးချယ်တင်‌မြောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေး ဆောင်ရွက်ချက်များကြောင့် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးခဲ့သည်။ သူမသည် အကြိမ်ပေါင်းများစွာ နေအိမ်တွင် အကျယ်ချုပ်ကျခံခဲ့ရသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက် တောင်းဆိုထားခြင်းပြုခဲ့သော်လည်း ၂၀၀၆ ခုနှစ် မေ ၂၇ ရက်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အိမ်တွင်းအကျယ်ချုပ်ခြင်းကို နောက်တစ်နှစ်ထပ်မံတိုးလိုက်သည်။ ၁၉၇၅ ခုနှစ်နိုင်ငံကာကွယ်ရေးဥပဒေအရ နိုင်ငံတော်၏ တရားဝင်လုပ်ပိုင်ခွင့်ဖြင့် ခွင့်ပြုထားခြင်းကိုကျင့်သုံးခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရသည် နိုင်ငံတကာ မျက်နှာစာတွင် ဝိုင်းပယ်ခြင်းတိုးမြင့်၍ခံနေရသည်။ မြန်မာနိုင်ငံ၏ လက်ရှိအ‌ခြေအနေကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ်ကုလသမဂ္ဂတွင် အလွတ်သဘောဆွေးနွေးရန်တင်သွင်းခဲ့ကြသည်။ ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတွင် လုံးခြုံရေးကောင်စီဝင် ၁၅ နိုင်ငံအနက် ၁၀ နိုင်ငံတို့က မြန်မာပြည်အရေးကို ကောင်စီ၏ တရားဝင်အဂျင်ဒါတွင် လက်ခံရန်ဆုံးဖြတ်ခဲ့ကြသည်။အာဆီယံသည်လည်း မြန်မာအစိုးရနှင့် ပတ်သက်၍ များစွာစိတ်အနှောင့်ယှက်ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကိစ္စကို ကိုင်တွယ်ဆုံးဖြတ်ရန် အာဆီယံနိုင်ငံရေး ပါလီမန်တွင်း ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြသည်။ တရုတ်ကဲ့သို့သော အဓိကနိုင်ငံကြီးက ထောက်ခံအားပေးနေသ၍ မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ပြောင်းလဲမှုဖြစ်ပေါ်ရန် အလားအလာနည်းပါးလျက်ရှိသည်။
နိုင်ငံခြားဆက်ဆံရေးနှင့်စစ်ရေးကိစ္စများ

မြန်မာနိုင်ငံ၏ အထူးသဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာ တင်းမာလျက်ရှိသည်။ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား ကျယ်ပြန့်သော ပိတ်ဆို့ဒဏ်ခတ်မှုများကို ၁၉၈၈ ခုနှစ်အရေးတော်ပုံအပြီးနှင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲများအပြီးတွင် ကျင့်သုံးခဲ့သည်။အလားတူပင် ဥရောပသမဂ္ဂ (အီးယူ) သည်လည်း ပိတ်ဆို့မှုတွင် လက်နက်ရောင်းချခြင်း ပိတ်ဆို့မှု၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးပိတ်ဆို့မှုနှင့် အတူလူသားချင်းစာနာ ထောင်ထားမှုကူညီပံ့ပိုးမှုမှ လွဲ၍ အခြားကူညီထောက်ပံ့မှုအားလုံးကို ပိတ်ဆို့ထားရှိသည်။ အမေရိကန်နှင့် ဥရောပအစိုးရတို့၏ ပိတ်ဆို့မှုများ၊ သပိတ်မှောက်မှုနှင့် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှုများအား ပံ့ပိုးပေးကြသည့်အဖွဲ့များ၏ တိုက်ရိုက်ဖိအားပေးမှုများကြောင့် အမေရိကန်နှင့် ဥရောပကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ သို့သော် ဟာကွက် ပျော့ကွက်များ ကြောင့် အနောက်နိုင်ငံ ကုမ္ပဏီအချို့ ကျန်ရှိသေးလျက်ရှိသည်။ သို့သော် အာရှကုမ္ပဏီများကမူ သဘာဝသယံဇာတထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမူအသစ်များပါ ထပ်ပံတိုးချဲ့ကြပြီး ဆက်လက်၍ လုပ်ငန်းများလုပ်ကိုင်ကြရန် သာမန်အားဖြင့် ဆန္ဒရှိကြဆဲဖြစ်သည်။ ပြင်သစ်ရေနံကုမ္ပဏီတိုတယ်သည် မြန်မာနိုင်ငံအား အားယူမှ ပိတ်ဆို့သည့်ကြားထဲက မြနမာပြည်နှင့် ထိုင်းနိုင်ငံကို သွယ်တန်းထားသော ရတနာဓာတ်ငွေ့ပိုက်လိုင်းကို အောင်မြင်စွာ လည်ပတ်စေနိုင်ခဲ့သည်။ တိုတယ်ကုမ္ပဏီသည် ယခုအခါတွင် ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတရားရုံးများတွင် မြန်မာနိုင်ငံတွင် ရတနာဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်စဉ်အခါက မြန်မာအရပ်သားများအား အဓမ္မအသုံးချခဲ့သည် ကိုမသိကျိုးကျွန် ပြုလုပ်ခဲ့မှုများ ကြောင့် အမှုရင်ဆိုင်ရလျက်ရှိသည်။ နားလည်တတ်ကျွမ်းသူများက ပိုက်လိုင်းတစ်လျှောက်ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုး ဖောက်မှုများသည် တပ်မတော်မှ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ကူညီပံ့ပိုးခဲ့ပြီး တိုတယ်ကုမ္ပဏီနှင့် ယင်း၏ လုပ်ငန်း ဆောင်ရွက်ရာတွင် အမေရိကန်အကျိုးတူလုပ်ငန်း ဆောင်ရွက်ဘက်ချယက်ဗရွန်ကုမ္ပဏီတို့၌ တိုက်ရိုက်တာဝန်ရှိသည်ဟု ဆိုပါသည်။ ချယ်ဗရွန်မှ မဝယ်ယူမီ ရှေ့က ယူနိုကယ်ကုမ္ပဏီသည်လည်း ဒေါ်လာ သန်းနှင့် ချီ၍လျော်ကြေးပေးခဲ့ရပြီး ဖြစ်သည်။အမေရိကန်ဦးဆောင်သည့် ဒဏ်ခတ်အရေးယူမှုများသည် စစ်ခေါင်းဆောင်များနှင့် အရပ်သားများမည်သူ့အား ထိခိုက်သည် ဆိုသည်ကိုမူအငြင်းပွားနေကြဆဲဖြစ်သည်။

မြန်မာစစ်တပ်ကို တပ်မတော်ဟု သိရှိကြပြီး အင်အား၄၈၈,၀၀၀ ရှိလေသည်‌။ မြန်မာ့တပ်မတော်တွင် ကြည်း၊ ရေ၊ လေ နှင့် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များပါဝင်ကြသည်။ မြန်မာနိုင်ငံသည် ၄င်း၏ တပ်သားအရေအတွက်အရကမ္ဘာ့အဆင့် ၁၂ တွင် ရှိသည်။စစ်တပ်သည် တိုင်းပြည်တွင် အထူးပင် အ‌ရှိန်အဝါကြီးမားသည်‌။ တပ်မတော်အရာရှိကြီးများသည် ကက်ဘိနက်နေရာများနှင့် ဝန်ကြီးချုပ်နေရာများကို ရရှိထားကြသည်။ မြန်မာစစ်အသုံးစရိတ်များကိုတရားဝင်မသိရှိရသော်လည်း စတော့်ဟုမ်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအဖွဲ့ကြီး၏ နှစ်စဉ်ဇယားတွင် မြနမာနိုင်ငံအား ထိပ်ဆုံး ၁၅ နိုင်ငံတွင် တန်းစီထားလေသည်။
တိုင်းနှင့်ပြည်နယ်များ
မြန်မာပြည်သည် ယခင်ကတိုင်း ၇ ခု နှင့် ပြည်နယ် ၇ ခု ရှိသည်။ ၂၀-၈-၂၀၁၀ နေ့မှ စ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပြည်ထောင်စုနယ်မြေ များ ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဟု ဆိုကာ ထပ်မံတိုးချဲ့ သတ်မှတ်လိုက်သည်။

မြန်မာနိုင်ငံသည် ပြည်နယ် ခုနှစ်ပြည်နယ်နှင့် တိုင်း ခုနှစ်တိုင်းတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။[26] တိုင်းများတွင် ဗမာများ အဓိကနေထိုင်ကြပြီး ပြည်နယ်များတွင် မျိုးနွယ်စုတိုင်းရင်သားများ နေထိုင်ကြသည်။ အုပ်ချုပ်ရေးအရမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအဖြစ် ထပ်မံခွဲထားသည်။ အဓိကမြို့ကြီးများ အားခရိုင်နှင့် မြို့နယ်များအဖြစ် ထပ်မံခွဲထားသည်။
တိုင်းများ

တိုင်းများကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ၂၀-၈-၂၀၁၀ နေ့တွင် တိုင်းဒေသကြီးများအဖြစ် ပြောင်းလဲခေါ်ဝေါ်ရန် သတ်မှတ်လိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး
မကွေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး
ရန်ကုန်တိုင်းဒေသကြီး

ပြည်နယ်များ

ကချင်ပြည်နယ်
ကရင်ပြည်နယ်
ကယားပြည်နယ်‌
ချင်းပြည်နယ်
မွန်ပြည်နယ်
ရခိုင်ပြည်နယ်
ရှမ်းပြည်နယ်

ခရိုင်များ

မြန်မာနိုင်ငံသည် ပြည်နယ် ခုနှစ်ပြည်နယ် ၊ တိုင်းဒေသကြီး ခုနှစ်တိုင်းတွင် ခရိုင

Post a Comment

0 Comments