မြတ်ဗုဒ္ဓ၏
ရုပ်တု၊ ရုပ်ပွားတော် ဆင်းတုတော်များတွင် ထူးခြားသည့် ဝိသေသ လက္ခဏာနှင့် ထူးခြားမှုများရှိ၏။
မည်သည့်ရုပ်ပုံ ရုပ်တုနှင့်မျှ မတူသော ထူးခြားချက်များဖြစ်သည်။ ၎င်းထူးခြားချက်မှာ မြတ်စွာဘုရား၏
ပုံတော်၏ ငြိမ်းအေးမှု ပေါ်နေခြင်းပင်ဖြစ်ပါသည်။
မြတ်စွာဘုရားသည်
ကိလေသာ ဆယ်ပါး လုံးဝကင်းပြီး၊ အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ကို အာရုံပြုနေသူဖြစ်သဖြင့်
အတွင်းစိတ်ငြိမ်းအေးနေ၏။ အတွင်းစိတ်ငြိမ်းအေး၍ ကိုယ်တော်မြတ်၏ မျက်နှာတော်သည် မည်သည့်
ရုပ်တု ဆင်းတုတို့နှင့်မျှ မတူအောင် ထူးခြားနေရခြင်းဖြစ်သည်။
မြတ်ဗုဒ္ဓ၏
သုံးဆယ့်နှစ်ပါးသော လက္ခဏာ၊ ရှစ်ဆယ်သော လက္ခဏာ စသည် ပြင်ပ ရုပ်ပိုင်းဆိုင်ရာ ညီညွှတ်မှု
များအပြင် နှလုံးတော်မြတ်ရှိ မြတ်စွာဘုရား၏ တရားဓမ္မ၏ အအေးဓါတ်ကြီးကို မြတ်စွာဘုရား၏
ရုပ်တုအဆင်းတော်တွင် ထင်ရှားစွာ ဖူးတွေ့ရ၏။
ဤကဲ့သို့
ဆင်းတုတွေတွေသည်ပင် ဤသို့ ကြည်ညိုဖွယ်ကောင်းနေလျှင် သက်တော်ထင်ရှားမြတ် ဘုရားဆိုပါ
အဘယ်မှာလျှင် ဆိုဖွယ်ရာရှိတော့မည်နည်း..။

0 Comments