ရဟနးတော်များသည် နိဿဂ္ဂိထိုက်သော ပစ္စည်းဝတ္ထုဖြင့် အလှူဒါန ပြုလျှင်
ကုသိုလ်ရနိုင်သလား..၊ ဥပမာ ကျောင်းကန် ဘုရား စေတီများ၌ ငွေလှူဒါန်းခြင်း ဒုက္ခသည်တို့အား
ငွေကြေး စွန့်ကြဲခြင်း စသည်များကို ပြု၍ ကုသိုလ် ဖြစ်/မဖြစ် သိလိုပါသည်ဘုရား…။
(အရှင်ပဝရသာမိ- ပဉ္စနိကာယ်ကျောင်းတိုက် ရန်ကင်း)
ငွေကြေးစသော နိဿဂ္ဂိပစ္စည်းများမှာ ရဟန်တော်များအဖို့ မုချ စွန့်ပစ်ရမည်ဖြစ်ပါသည်..။
စွန်ပစ်ပြီးနောက် ဒေသနာကြားမှ စင်ကြယ်ကြောင်း ဝိနည်းကြောင်းအရ ရှိ၍ ၎င်း စွန့်ပစ်ပစ္စည်း၌
အာလယ မပြတ်ခြင်း၊ တွယ်တာခြင်း မရှိဖို့ လိုပါသည်..။ ယင်းကိစ္စမှာ ဝိနည်းကိစ္စသက်သက်ဖြစ်သည်…။
စွန့်ပစ်ပစ္စည်းကို ဘုရားတည်ခြင်း ဆေးရုံ စာသင်ကျောင်းနှင့် ဒုက္ခသည်တို့အား လှူဒါန်းခြင်းမှာ
ဝိနည်းနှင့် မသက်ဆိုင်ပါ..။
၎င်းစွန့်သော ငွေကြေးနှင့် ကျောင်းဆောက်လျှင် ဤကျောင်း၌ မိမိလည်းမနေထိုက်
အခြားသံဃာများလည်း မအပ်သဖြင့် ပစ္စည်လေးပါးဆိုင်ရာ၌ မစွန့်မသုံးသင့်ကြောင်း ထင်ရှားပါသည်..။
ဘုရားတည်ရာ၌ ညောင်ကန်ဆရာတော် ဦးဗုဓ်ထေရုပတ္တ၌ ‘င့ါကျောင်းက ကိုရင်တွေ
ဆေးလိပ်သောက်တာ သာသနာပိုင် ဘုရားတည်တာလောက် အပစ်မကြီးပါဘူးဟူ၍ ဆိုကြောင်း၊ ထိုစဉ်က
သာသနာပိုင်ဆရာတော်သည် မိမိဇာတိရွာ၌ ဘုရားတည်နေကြောင်း။ ထိုစကားကို ထိုခေတ်ဆရာတော်များက
သာသနာပိုင်သည် ကိုယ်တိုင် ငွေအလှူခံ၍ ဘုရားတည်လျှင် ဘုရားမှာ သာသနာပိုင်အတွက်သာ မအပ်သော
ဘုရားဖြစ်၍ အခြားရဟန်းသံဃာတော်များအတွက်မူ ရှိခိုးပူဇော်က ကုသိုလ်ရမည်ဖြစ်သည်..။
ထို့ကြောင့် ဆေးရုံ စာသင်ကြောင်းနှင့် ဒုက္ခသည်တို့အား ပေးလှူပါလျှင် ဝိနည်းမှလွတ်ပြီး ကောင်းမှုကုသိုလ်များ
တိုးပွားမည်ဖြစ်ပါကြောင်း ဖြေကြားလိုက်ရပါသည်..။
(အရှင်တိလောကသာရ- ဘာသာရေးပြဿနာများ အမေးအဖြေမှ ကောက်နှုတ်တင်ပြသည်..)

0 Comments