Advertisement

Responsive Advertisement

စွန့်နိုင်မှ ချမ်းသာမည်


‪#‎ရချင်တာလေး‬ နည်းနည်းအတွက်နှင့်
မရချင်တာတွေ အများကြီးကို သိမ်းပိုက်ထားရသည်။
ရချင်တာလေး နည်းနည်းကို စွန့်လိုက်သည်နှင့်
မရချင်တာတွေ အများကြီးနှင့်ပါ ကင်းကွာသွားတော့သည်။

‪#‎ဖြစ်ချင်တာလေး‬ သေးသေးအတွက်နှင့်
မဖြစ်ချင်တာတွေအများကြီးကို လုပ်နေရသည်။
ဖြစ်ချင်တာလေး သေးသေးကို စွန့်လိုက်သည်နှင့်
မဖြစ်ချင်တာတွေ အများကြီးနှင့်ပါ ဇယားပြတ်သွားတော့သည်။

‪#‎ကောင်းတာလေး‬ နည်းနည်းအတွက်နှင့်
မကောင်းတာတွေ အများကြီးကို ရင်ဆိုင်နေရသည်။
ကောင်းတာလေး နည်းနည်းကို စွန့်လိုက်သည်နှင့်
မကောင်းတာတွေ အများကြီးကို ရင်မဆိုင်ရတော့ပေ။

သစ္စာရွှေစည်ဆရာတော်
{ အရှင်ဥတ္တမ }

Post a Comment

0 Comments