Advertisement

Responsive Advertisement

သက္ကရာဇ်များတွင် BC - AD သတ်မှတ်ပုံ


( (သမိုင်းကို လေ့လာတဲ့အခါ.... သက္ကရာဇ်တွေမှာ AD က ကိစ္စမရှိဘူးဗျ BC ကို တွက်တဲ့အခါ မသိရင် ပြောင်းပြန်ကြီးဖြစ်နေတော့ မှားတယ် ထင်ကြလေရော အဲဒါကြောင့်မို့ တင်ပေးလိုက်တာပါ) BC ဆိုသည်မှာ ဥရောပ ခရစ်ယန်ဘာသာမှ ဆင်းသက်သည့် နှစ်ရေတွက်ပုံ အတိုကောက် စကားလုံးဖြစ်သည်။ ခရစ်တော်မပေါ်မီ ကာလများကို ရည်ညွှန်းသည်။ BC = before christ BC ကိုရေတွက်ရာတွင် နှစ်ကာ လများကို ပြောင်းပြန်ရေတွက်ရသည်။ ဥပမာ BC 10 = ခရစ်တော်မပေါ်မီ ဆယ်နှစ် BC 100 = ခရစ်တော်မပေါ်မီ နှစ်တစ်ရာ BC 1000 = ခရစ်တော်မပေါ်မီ နှစ်တစ်ထောင် AD ဆိုသည်မှာ ဥရောပ ခရစ်ယန်ဘာသာမှ ဆင်းသက်သည့် နှစ်ရေတွက်ပုံ အတိုကောက် စကားလုံးဖြစ်သည်။ ခရစ်တော်ပေါ်ပြိး ခရစ်ယန်သာသနာ စတင်သည်မှ ရေတွက်သည်။ လက်တင်ဘာသာ Anno Domini မှဆင်းသက်သည့် အတိုကောက် စကားလုံးဖြစ်သည်။ ( AD ရေတွက်ပုံမှာ ဗုဒ္ဓဘာသာ၏ သာသနာတော်နှစ် ရေတွက်ပုံနှင့်ဆင်တူသည်။ သို့သော် ဗုဒ္ဓသာသနာတော်နှစ်မှာမူ ဘုရားရှင် ပရိနိဗ္ဗန်စံဝင်ပြိးချိန်မှ စတင်ရေတွက်ခြင်း ဖြစ်သည်။)

Post a Comment

0 Comments