လှည်းကွက်ချည်း ရုန်းနိုင်ပေါင်။
နွားမတွေ ဟိုတစု-ချိုတခုမျှမပါပေါင်၊
ဘို့ဆိုတာ ဟူလာဝေး(ဝေလာဝေး)၊
ခွာလေးက သေးမြှောင်မြှောင်၊
ကိုယ်ကောင်က လှီကင်း၊
နွားမတွေ ထိုတသင်းရယ်က၊
လှည်းပေါ်မှာ ကုန်တွေသွင်း၊ ရုန်းချက်ကပြင်း..။ ။
မဟာဗောဓိမြိုင်ဆရာတော်ငယ်စဉ် စွန်းလွန်းဆရာတော်ဘုရားကြီးထံတွင် တရားအားထုတ်စဉ်က ဒါယိကာမများသည် ဒါယကာများထက် တရားတွေ့လွယ်သည်ကို အကြောင်းပြု၍ စပ်ဆိုထားသော စာချိုးဖြစ်သည်။
ဒါယိကာမများသည် ယုံယုံကြည်ကြည်နှင့် ဟိုနှယ်ဒီနှယ် မတွေးဆဘဲ ဆရာသမား ဆုံးမသွန်သင်ပြသသည့် အတိုင်း စိတ်ရောကိုယ်ပါ တရားအားထုတ်ကြခြင်းကြောင့် အမျိုးသားများထက် တရားတွေ့ လွယ်ပါသည်...
နတ်ပြည်မှာ နတ်သားထက် နတ်သမီးက ပိုများကြောင်းကိုလည်း ဗုဒ္ဓဘာသာဝင်အများစု သိပြီးဖြစ်ပါတယ်..။
အမျိုးသမီး ဆယ်ယောက်နဲ့ အမျိုးသား ဆယ်ယောက် တရားနာရင် အမျိုးသမီး တွေပဲ တရားရလွယ်ပြီး အမျိုးသားများ တရားရဖို့ မလွယ်ပါဘူး...
အလားတူပဲ အမျိုးသား ဒါယကာ ဆယ်ဦှးနဲ့ ရဟန်းတော် ဆယ်ပါး တရားနာရင်လည်း ဒါယကာ ဆယ်ဦးက ရဟန်းတော်များထက် တရားရလွယ်ကြောင်းကို ဆရာတော်ကြီးများက မိန့်ဆိုထားတာ ရှိပါတယ်..။
ဒါတွေအားလုံးရဲ့ အကြောင်းရင်းက မာန ဆိုတဲ့ မာန်တတ်နေခြင်းကြောင့်ပါ...။
အမျိုးသားများသည် ငါက ယောကျာ်းဆိုတဲ့ မာန်နှင့်
ရဟန်းတော်များသည် ငါက ဘုန်းကြီးဆိုတဲ့ မာန်တွေကြောင့်သာ တရားရနိုင်ဖို့ ဝေးနေခြင်းဖြစ်လို့ မိမိတို့သဏ္ဍာန်မှာ မပယ်ရှားနိုင်သေးသော မာနတရားလေးကို နည်းနိုင်သမျှ နည်းအောင် ကျင့်ကြံနေနိုင်မှသာ တရားအားထုတ်ရာမှာ လိုရာခရီးကို အရောက်မြန်နိုင်မှာ ဖြစ်ပါတယ်လို့ အသိပေး တိုက်တွန်းလိုက်ရပါတယ်..။
0 Comments