Advertisement

Responsive Advertisement

သေသူအတွက် ရေအိုးခွဲခြင်း (သို့) အုံးသီးခွဲခြင်း



အဿကမင်းကြီးဟာ ဥပရိဒေဝီ မိဖုရားကြီးသေတော့ အလောင်းကိုမပစ်ရက်လို့  နန်းတော်ထဲမှာ
ဒီအတိုင်းထားခဲ့တယ်။ မိဖုရားကြီးကတော့ နောက်ချေးပိုးဘဝရောက်ပြီး သူ့ လင်နောက်ချေး
ပိုးနဲ့ ပျော်မြူးနေတာကို ဘုရင်ကြီးကမသိဘူး။



တစ်နေ့တော့ ဘုရင့်ဥယျာဉ်ထဲ အဘိဉာဏ်ရ ရသေ့တစ်ပါးရောက်လာပီး ဘုရင်က ဆွမ်းကပ်ရန် နန်းတော်သို့အပင့်၊ နန်းတော်ရဲ့ ခန်းမဆောင်အလယ်မှာ ရွှေခေါင်းတလားကြီးနဲ့ အကျအန ပြင်ဆင်ထားတဲ့ ကွယ်လွန်သူ မိဖုရားကြီး ရုပ်အလောင်းကိုတွေ့တော့၊ ရသေ့က မေးမြန်းရာမှာ အခုဘဝမှာ နောက်ချီးပိုးထိုးမလေး ဖြစ်နေတဲ့ အကြောင်းစုံလည်း သိရော နောက်ချေးပိုးမကို ဘုရင်ကြီးကိုခေါ်ပြပြီး "ဘုရင်ကြီးကို ချစ်သေးလား" မေးတော့ “သူ့ လင်နောက်ချေးပိုးဖို အလိုရှိမယ်ဆိုရင် ဘုရင်ကြီးရဲ့ လည်ချောင်းသွေးနဲ့ပါ ခြေဆေးပေးချင်ပါတယ်”ပြောလို့ စိတ်နာပြီး နန်းတော်ထဲရောက်တော့ အလောင်းစင်ကိုရော ဘေးက ရေအိုးကိုပါ ခြေနဲ့ ကန်ပြီး နင်နဲ့ ရေစက်ပြတ်ပြီဆိုပြီး ခွဲခဲ့တာ…။

အဲဒီအယူကိုလိုက်ပြီး မြန်မာတွေဟာ လူသေလို့ အလောင်းထုတ်လာပြီး တံစက်မြိတ်အောက်
ရောက်တာနဲ့ ရေအိုးကိုပေါက်ခွဲပြီး ရေစက်ပြတ်တဲ့သဘောနဲ့ အယူစွဲလာကြတာ။
ဘုရင်ကဒေါသထွက်လို့ ခြေနဲ့ ကန်ခဲ့တဲ့အယူကနေ ဆင်းသက်လာလိုက်တာ မြန်မာတွေ ခုချိန်ထိ ရေအိုးမနည်းဘူး ကုန်နေပြီ။

ယိုးဒယားမှာတော့ ခွဲဖို့ရန် ရေအိုး ရှားပါးခြင်း၏ အခက်ခဲကြောင့် ရေအိုးအစား အုန်းသီးလေးမှ တာဝန်ယူ အခွဲခံနေရခြင်း ဖြစ်ပါတယ်… 



တချို့အရာတွေက (မိရိုးဖလာ) အမိအဖ မျိုးရိုးစဉ်ဆက်က ဆင်းသက်လာတဲ့ အယူအဆတွေဟာ ကောင်းတာတွေဆိုရင် ယူထား မမှားဘူး။
မကောင်းဘူး အကျိုးမရှိဘူး ဆိုတာတွေကိုတော့ ပယ်ပစ်လိုက်ပါ.. အဲ့ဒီအတွက် ဘယ်သူမှ အရေးမယူသလို အကုသိုလ်လည်း မဖြစ်နိုင်ပါဘူး..
ကုသိုလ်မပါ အကျိုးမရှိတဲ့ အလုပ်တွေကို မိမိတို့က သိလျှက်နှင့်  ဆက်လုပ်နေမယ်ဆိုရင် နောင်လာမည့် မိမိ၏ သားသမီး မျိုးဆက်များပါ လိုက်ပါ လုပ်ဆောင်နေကြပါလိမ့်အုံးမည် ဖြစ်ပါကြောင်း… စေတနာကောင်းနှင့် အသိပေးလိုက်ပါရစေ….။

အရှင်ဇောတိ (နံ့သာနီ)


Post a Comment

0 Comments