သွာက္ခာတော ဘဂ၀တော ဓမ္မော၊ သန္နိဋ္ဌိကော၊
အကာလိကော၊
ဧဟိပဿိကော၊ သြပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ”တိ။
၁။ ဘဂ၀တာ၊ မြတ်စွာဘုရားသည်။ ဓမ္မော၊ တရားတော်မြတ်ကို။ သွာက္ခာတော၊ အစ, အလယ်, အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံစွာ ဟောကြားတော်မူအပ်၏။
၂။ ဓမ္မော၊ တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော၊ ကျင့်ဆောင်သူတို့အား ယခုဘ၀ ပစ္စက္ခ၌ပင် ဒိဋ္ဌကိုယ်တွင် တွေ့မြင်ခံစားရသော ဂုဏ်ကျေးဇူးအထူးနှင့်လည်း ပြည့်စုံတော်မူပေ၏။
၃။ အကာလိကော၊ ကာလမရွေ့ ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည်ရသော ကောင်းကျိုး ချမ်းသာနှင့်လည်း ပြည့်စုံတော်မူပေ၏။
၎။ ဧဟိပဿိကော၊ လာရောက်ရှုမြင် ကျေးဇူးတင်မြဲဖြစ်၍ လာပါ ရှုပါ, ကျင့်ကြံပါဟု မပါပါအောင် ခေါ်ဆောင်သွတ်သွင်း တိုက်တွန်းခြင်းငှာ ထိုက်တန်စွာသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပေ၏။
၅။ သြပနေယျိကော၊ မိမိကာယ အဇ္ဈတ္တတွင် ရရှိပေါက်ရောက် ကိုယ်တွေ့မြောက်အောင် ကပ်၍ဆောင်ထိုက်သော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပေ၏။
၆။ ၀ိညူဟိ၊ ပညာရှိသူ ရှင်, လူအပေါင်း သူတော်ကောင်းတို့သည်။ ပစ္စတ္တံ၊ အသီးသီးသော မိမိတို့သန္တာန်၌။ ဝေဒိတဗ္ဗော၊ ချမ်းသာလေစွ ကောင်းလေစွဟု ကာယ, စိတ္တ သုခနှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ဂုဏ်ထူးဝိသေသနှင့်လည်း ပြည့်စုံတော်မူပေ၏။
တံ၊ ထိုသွာက္ခာတောအစ ဝေဒိတဗ္ဗောအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်မြတ်ကို။ အဟံ၊ ခန္ဓာအာယတန ဓာတ်စုမျှကို ကာယသမုတ် အကျွန်ုပ်သည်။ ၀န္ဒာမိ၊ သဒ္ဓါစိတ်ဇော အာရုံပြော၍ မနော, ၀စီ, ကာယညီလျက် ဦးချီလက်မိုး ကြာငုံဖြိုးသို့ ရှိခိုးပါ၏ဘုရား။

0 Comments