○○ သတိပြုပါ အို...မြန်မာ ○○
တိုင်ျးေပျာက်မည့်ဘေး မမျှော်တွေးဘဲ
ငွေကြေးရှေးရှု ကိုယ်ကျိုးပြု
ဘယ်သူ့ဖြစ်ဖြစ် ရောင်း..။
မျိုးပျက်မည့်ဘေး ရှည်မတွေးဘဲ
ပျော်ရေးရွှင်မှု အလေးပြု
ဘယ်သူ့ဖြစ်ဖြစ် ပေါင်း..။
ဘာသာပျက်ဘေး ထည့်မတွေးဘဲ
ဝမ်းရေးတစ်ခု လုံးအောင်ပြု
ဘယ်သူ့ဖြစ်ဖြစ် တောင်း..။
ယနေ့မြန်မာ စစ်မျက်နှာကား
ပတ်ချာလည်ဝိုင်း အတိုင်းတိုင်းတို့
ရိုင်းစိုင်းယုတ်မာ အဘိဇ္ဈာဖြင့်
ပိတ်ကာသိမ်းသွင်း နှိပ်ချေနင်း
(ပိတ်ကာသိမ်းသွင်း စည်းရုံးခြင်း)
ခြေချင်းလိမ်နေသည်...။ ။
မဟာဗောဓိမြိုင်ဆရာတော်
0 Comments