ရဟန်းသာမဏေတို့သည်--
(က)တောင်းသာတောင်းကောင်း မပေးကောင်း
(ခ)ပေးသာပေးကောင်း မတောင်းကောင်း
(ဂ)တောင်းလည်းတောင်းကောင်း ပေးလည်းပေးကောင်း
(ဃ)မတောင်းလည်းမတောင်းကောင်း မပေးလည်း မပေးကောင်းဟူ၍ လူဝတ်ကြောင်လေးမျိုးကို
မှတ်သားထိုက်၏။
(ရှင်းချက်)
(က)တပည့်တော်ထံ မည်သည့်ပစ္စည်းကို(သို့မဟုတ်)
ပစ္စည်းလေးပါးကို အလိုရှိသောအခါ တောင်းတော်မူပါဟု
ဖိတ်မာန်ထားသူကို ပဝါရိတဟုခေါ်၏။ ထိုပဝါရိတနှင့်
မိဘတစ်ပါး-ဆွေခုနှစ်ဆက်စပ်ရသော ဆွေမျိုးတို့အထံ၌
#တောင်းသာတောင်းကောင်း၏။
#မိမိပိုင်ပစ္စည်းကိုကားမပေးကောင်းပါ။
(ခ)ကိုးကွယ်ရာမဲ့၍ဆင်းရဲနေသူ(သို့မဟုတ်-သူတောင်းစား)
စစ်ရှုံး၍ကျောင်းသို့ပြေးဝင်လာသောအစိုးရ၊ရိက္ခာမပါသော
ခရီးသွားဧည့်သယ် ဤကဲ့သို့သောလူဝတ်ကြောင်များအား
#ပေးသာပေးကောင်း၍
#မတောင်းကောင်းပါ။
(ဂ)
#မိဘတို့အားပေးလည်းပေးကောင်း၏။
#တောင်းလည်းတောင်းကောင်း၏။
(ဃ)ဥာတိပဝါရိတမဟုတ်သော လူတို့အား
#ပေးလည်းမပေးကောင်း။
#တောင်းလည်းမတောင်းကောင်းပါ။
မဟာဂန္ဓာရုံဆရာတော်၏ဘာသာရေးပြဿနာနှင့်
စစ်တပ်တရားတော်မှကောက်နှုတ်ချက်တစ်ချို့ဖြစ်၏။
0 Comments