အုန်းရည်သောက်ခြင်းကြောင့် ရရှိမည့် ကျန်းမာရေး အကျိုး ကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။
အုန်းရည်သောက်ခြင်းကြောင့် သွေးလည်ပတ်မှုကို
အားကောင်း စေပြီး
သွေးတိုးခြင်းကို လျှော့ချပေးနိုင်သည့် အတွက် နှလုံးထိခိုက်မှုနှင့်
အခြားနှလုံးသွေးကြောဆိုင်ရာ ပြဿနာများကို လျှော့ချပေးနိုင်ကြောင်း သုတေသန
ပြုချက်များက ဖော်ပြသည်။
အုန်းရည်သောက်ခြင်းဖြင့် သွေးထဲသကြားပါဝင်မှုကိုလည်း ထိန်းချုပ်နိုင်ကြောင်း သိရသည်။
အကယ်၍ ကိုယ်အလေးချိန်လျှော့ချရန် စဉ်းစားနေပါက သင်၏ အစားအသောက်စာရင်းတွင်
အုန်းရည်ပါဝင်ရန် လိုအပ်ကြောင်း အာဟာရပညာရှင်များ ပြောသည်။ အုန်းရည်တွင်
အဆီပါဝင်မှု နည်းပါးပြီး အုန်းရည်သောက် ပေးခြင်းဖြင့် ဆာလောင်မှုကို
လျှော့ချပေးနိုင်သည်။
ဗီတာမင်နှင့် အာဟာရ ဓာတ်များစွာ ပါဝင်သည့်
အုန်းသီးရည်တွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို ကာကွယ်နိုင်သော
ဓာတ်ပစ္စည်းများ ပါဝင်သဖြင့် ငှက်ဖျားကဲ့သို့ ရောဂါများကို
တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအား စနစ်ကို အားကောင်းလာစေနိုင်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ ၀မ်းချုပ်ခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းနှင့်
အစာချေဖျက်မှု နှေးကွေးခြင်းတို့ကို ကာကွယ်ရန် အုန်းရည်သောက်ပေးသင့်ကြောင်း
ဆရာဝန်များက ညွှန်ကြားထားသည်။
သတ္တုဓာတ်များ၊ ပိုတက်ဆီယမ်နှင့်
မဂ္ဂနီဆီယမ်တို့ ပါဝင်သော အုန်းရည်မှာ ကျောက်ကပ်ရောဂါရှင်အတွက်
အကျိုးကျေးဇူးရှိသည်။ အုန်းရည်မှာ ဆီးရွှင်စေပြီး ဆီးထုတ်လုပ်မှုနှင့်
ဆီးရွှင်မှုကို အားပေးသည်။
ဝက်ခြံ (သို့မဟုတ်)
အဖုအပိမ့်ပြဿနာများရှိနေလျှင် (သို့မဟုတ်) နုပျိုသော အသားအရေကို ရလိုလျှင်
ညမအိပ်မီ မျက်နှာကို အုန်းရည် လိမ်းအိပ်ပါ။ အသားအရေကို
ပြန်လည်ပြုပြင်နိုင်သော ဓာတ်ပစ္စည်းများ အုန်းရည်တွင် ပါဝင်သဖြင့် လက်နှင့်
လက်သည်းများကိုပါ လိမ်းပေးနိုင်သည်။
0 Comments