Advertisement

Responsive Advertisement

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘုရားရှိခိုးဂါထာတော်



ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ ။
ခေဒံ ဂတော လောကဟိတာယ နာထော ၊
နမော မဟာကာရုဏိကဿ တဿ ။


ယော နာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊ ကပ္ပကောဋီဟိပိ - ကဋေ ကမ္ဘာ အရေအတွက် သချာင်္တို့ဖြင့်သော်လည်း ၊ အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊ ကာလံ- လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊ လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွား အလို့ငှာ၊ အတိဒုက္ကရာနိ- ဥစ္စာ အသက် ခြေလက် အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အလွန်ခဲယဉ်းသော အမှုတို့ကို၊ ကရောန္တော- ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ- လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊ ဂတော- ဘဝတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရရှာလေပြီ။
          မဟာကာရုဏိကဿ- သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင်ဖြစ်တော်မူသော၊ တဿနာထော- ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုအရှင်တော်မြတ်ဘုရားအား၊ နမော- ရိုသေပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊ အတ္ထု ဘဝတု- စင်စစ်မသွေ ဖြစ်ပါစေသတည်း…။

Post a Comment

0 Comments