♣ လက်၏ အဆင်တန်ဆာသည် လက်စွပ် လက်ကောက်မဟုတ်
ပေးကမ်းစွန့် ကျဲခြင်းသာ ...။
♣ နား၏ အဆင်တန်ဆာသည် နားကပ် နားဋောင်းမဟုတ်
တရားနှင့် ပညာရှိစကား ကြားနာခြင်းသာ ...။
♣ ပါးစပ်၏ အဆင်တန်ဆာသည် ဆိုးဆေးတို့ မဟုတ်
မှန်ကန်သော သစ္စာစကားပြောကြားခြင်းသာ ...။
♣ ကိုယ်၏ အဆင်တန်ဆာသည် ဘယက် ဒွာဒရာ မဟုတ်
မေတ္တာ ကရုဏာဖြင့် သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်းသာ ...။
(သပြေကန်ဆရာတော် အရှင်ဝါသေဌာဘိဝံသ)
0 Comments