--------------------------
လွန်ခဲ့သော ( ၂၅ ) နှစ်ခန့် စဉ်းကူးမြို့နယ် ဇရပ်ကွင်း ဆိုတဲ့ ရွာငယ်လေး၏ ဖုန်တစ်လိမ့်လိမ့် ထနေတဲ့ မြေသားလမ်းကလေးဘေးတွင် ကွမ်းယာရောင်းနေသောကောင်လေး
ယခု ရန်ကုန်နှင့် မန္တလေးမြို့ကြီးတွေမှာ ရွေဆိုင်(၅)ဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တယ်... ဆိုရင် စာဖတ်သူအံ့အားသင့်သွားစရာ အကြောင်းရှိပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကြားမှာ ယနေ့အထိ တွင်တွင်ကျယ်ကျယ် အသုံးပြု့ပြောဆိုနေတဲ့ စကားပုံတစ်ခု ရှိပါတယ်။
" စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတုန်း ကွမ်းယာသည်က ကလန့်ကလန့်နဲ့ " ။
စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားတဲ့ ကွမ်းယာသည်က ကလန့်လန့်လုပ်ခဲ့ခြင်းကြောင
ထိုသူဟာ " အောင်သမာဓိ " စိန်ရွှေရတနာရောင်းဝယ်ရေးနှင
◑◑◑
၁၉၆၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အဖဦးထွန်းရွှေ နှင့် အမိဒေါ်ကြည်မြိုင်တို့မှ မန္တလေးတိုင်း မတ္တရာမြို့နယ် "ရေနံ့သာကျေးရွာ" တွင် မွေးဖွားခဲ့ပြီး စဥ့်ကူးမြို့နယ် "လက်ပံလှရွာ" မှာ ကြီးပြင်းခဲ့ပြီး မွေးချင်းခြောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ၁၉၈၃တွင် ဇနီးဖြစ်သူ ဒေါ်မော်စီ နှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်နှင့် သမီးသုံးယောက် ထွန်းကားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် "အောင်သမာဓိ" ရွှေသန့်စင်လုပ်ငန်းကို မန္တလေးမြို့၌ စတင်လုပ်ကိုင်ခဲ့ပြီး ယခုအခါ အောင်သမာဓိရွှေဆိုင်ကို မန္တလေးမြို့တွင် ၃ ဆိုင်နှင့် ရန်ကုန်မြို့တွင် ၂ ဆိုင် ဖွင့်လှစ်ထားရှိသည်။ ထို့အပြင် အခမဲ့ရွှေသင်တန်းကိုလည်း သင်ကြားပို့ချပေးလျက်ရှိပေသ
◑◑◑
#_ငယ်ဘဝဖြတ်သန်းမှု_
ငယ်စဉ်က အင်မတန်ချို့တဲ့သော သူဆင်းရဲသား ဘဝတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ သူကျောင်းနေစဉ်အရွယ်မှာပင် အိမ်အလုပ်တွေကို မနားမနေကူလုပ်ပေးခဲ့ရပါတယ်။
◑◑◑
#လက်ဦးဆရာ
အသက် ၄ နှစ်ခွဲ ၅ နှစ်အရွယ်တွင် မိဘများက ရွာဦးကျောင်းဆရာတော် ဥုးလက္ခဏ ထံတွင် အပ်နှံခဲ့ကြပါတယ်။ မူလတန်းကျောင်းသားဘဝကို ဘုန်းကြီးကျောင်းတွင် ပညာသင်ခဲ့ရပါတယ်။ ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကိုလည်း ယနေ့အထိ မမေ့သေးကြောင်း သူက ယခုလိုဆိုပါတယ်...
ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကို ယခုအချိန်ထိပင် ကျွန်တော် မှတ်မိနေသေးသည်။ ဘုန်းကြီးကျောင်းမှာ မနက်လင်းသောအခါ ဆွမ်းခံထွက်ကြရတယ်။ ဆွမ်းခံထွက်ရာတွင် အိမ်က ဆွမ်းချိုင့်လည်း ဝင်ယူရသေးသည်။ နေ့ခင်းနေ့လည်တွင် ကျောင်းစာနှင့် တရားစာများသင်ရပြီး နေ့ခင် တစ်ရေးအိပ်ကြရသည်။ ညနေဘုရားဝတ်မတက်မီ ကျောင်းသားအားလုံး လက်အုပ်ချီ မတ်တပ်ရပ်ပြီး တန်းစီကာ အိမ်စာလုပ် မလုပ် စစ်ဆေးပြီး မလုပ်တဲ့သူများက ဆရာတော်ရိုက်တာ ခံကြရသည်။
ညပိုင်း ဘုရားဝတ်တက်ရင်လည်း ဘေးအိမ်က သူငယ်ချင်းကြားအောင် အသံကျယ်ကျယ်ဖြင့် ဝတ်တက်ရသေးသည်။ နောက်နေ့တွင် ဆရာတော်က ဘုရားဝတ်မတက်သည့် သူများကို ကြိမ်လုံးဖြင့် ရိုက်လေ့ရှိသည်။ တစ်နေ့တွင် ကျွန်တော်ဘုရား ဝတ်မတက်ဘူးဟု တိုင်သောကြောင့် ဆရာတော့်ကြိမ်းလုံးဖြင့် အစင်းရာထင်အောင် အရိုက်ခံလိုက်ရသည်။ တိုင်သည့် ကျောင်းသားကို ကျွန်တော်မသိလိုက်ရပေ။
ဆရာတော်ထံတွင် ၆ လမျှသာနေခဲ့ရသော်လည်း ဆရာတော်ကို ကြောက်ရွံ့လေးစားခဲ့ရသည်မှာ
ငှက်ပျောသီးတစ်ပိုင်း စားရသည့် အရသာ...
ကျောကော့အောင် အရိုက်ခံရသည့် ခံစားမှုနှင့် ဆရာတော်၏ စည်းကမ်းကြပ်မတ်မှုများ၏ ကျေးဇူးတို့က ကျွန်တော့်ဘဝအတွက် အမှတ်ရစေမည့် အရာများပင်ဖြစ်သည်။
ဆရာတော်ကို တစ်ရွာလုံးက လေးစားကြည်ညိုကြသည်။ ရိုက်နှက်ဆုံမသည့်အတွက်လည်း
◑◑◑
#_ကျောင်းဆရာရှားပါးမှုနှင့်
ဆယ်တန်းမအောင်သည်မှာ ကျွန်တော့်ဘဝအတွက် အခက်အခဲတစ်ခု ဖြစ်ခဲ့သည်။ လက်ပံလှကျောင်းတွင် အလယ်တန်းအထိ သင်နိုင်သော်လည်း ငါးတန်းနှင့် ခြောက်တန်းအထိသာ ဆရာပြည့်စုံမှုနှင့် သင်နိုင်သည်။ ခုနှစ်တန်းရောက်သည့် အချိန်တွင် ကျောင်းဆရာ မပြည့်စုံပေ။ တစ်ကျောင်းလုံးတွင် ကျောင်းဆရာ ( ၂ ) ယောက် သာရှိသည်။ သချာင်္နှင့် ကျန်ဘာသာ အားလုံးကိုသင်ခဲ့ရပြီး အင်္ဂလိပ်စာသင်ပေးမည့် ဆရာမှာ မရှိပေ။ ကံကောင်းစွာဖြင့် ( ၈ ) တန်း ဖြေခါနီး နှစ်လလောက်အလိုတွင်းမှ နောက်ထပ်ဆရာနှစ်ယောက် ထပ်ရောက်လာသည်။ ကျောင်းအုပ်ကြီးက ကျန်ဘာသာအားလုံးကို သင်ပေးပြီး စာမေးပွဲဖြေခါနီး တစ်လလောက် အလိုတွင်မှ အင်္ဂလိပ်စာအတွက် အဓိကပုံသေနည်းများကိုသာ သင်ခဲ့ရသည်။ ကံကောင်းစွာဖြင့် (၈) တန်းကို အစိုးရစစ်ဖြင့် ခက်ခက်ခဲခဲအောင်သွားခဲ့သည်။
◑◑◑
#_ဆုံးခန်းမတိုင်မီရပ်နားလိ
အလယ်တန်းကနေ အထက်တန်းကို ရောက်သွားသော အခါတွင် အထက်တန်းကို လက်ပံလှရွာမှ ၅ မိုင်းဝေးသော စဥ့်ကူးမြို့သို့ ခက်ခက်ခဲခဲ ကျောင်းတက်ခဲ့ရသည်။ အများနည်းတူ စက်ဘီးမစီးနိုင်လို့ ငါးမိုင်ခရီးကို နှစ်နာရီလောက် လမ်းလျှောက်ပြီး ကျောင်းတက်ခဲ့ရသည်။ ဆယ်တန်းကျောင်းသာဘဝတွင် တစ်ခါတစ်ရံ ထမင်းချိုင့် မပါသွားခဲ့သည်လည်း ရှိခဲ့ဖူးသည်။
(၈)တန်းကို ခက်ခက်ခဲခဲအောင်ပြီး
(၉)တန်း ရောက်သောအခါ Physics, Chemistry တို့ကို သင်ရသည့်အခါတွင် အင်္ဂလိပ်စာအခြေခံ မပါသည့်အတွက် ဆယ်တန်းအောင်ရန် ခဲယဉ်းသွားခဲ့သည်။ အင်္ဂလိပ်စာကို မပိုင်ခဲ့တာတွေ၊ ကျူရှင်ရှိလည်း တက်ရန် မတက်နိုင်ခဲ့သောကြောင့် ဆယ်တန်းရောက်သောအခါ ကမောက်ကမဖြစ်ပြီး နောက်ဆုံးတွင် ဆယ်တန်းမအောင်ခဲ့ပေ။ (၉)တန်းကတည်းက စာမလိုက်နိုင်ခဲ့သောကြောင့်
◑◑◑
#_ဖြစ်ချင်တာမဖြစ်တော့_ဖြစ်
(၁၀)တန်းနှင့် (၁၀)တန်းအောင် အဆင့်ကို ဦးစားပေးခေါ်ယူနေသည့် စပါးတာလီစာရေးကို သွားဖြေခဲ့ပါသေးတယ်။ သို့သော်လည်း သူဟာ တာလီစာရေး စာမေးပွဲလည်း မအောင်မြင်ခဲ့ပေ။ သူ့အတွက် အဲဒီ့အချိန်ဟာ ဆောက်တည်ရာရှာမရအောင် စိတ်ဓာတ်အကျခဲ့ဆုံးကာလ အခိုက်အတန့် ပါပဲ။
ဘာလုပ်စရာ ရှိသေးလဲ...
သူဘာလုပ်မလဲ...။
၁၉၈၃ ခုနှစ်လောက်မှာ သူနေထိုင်တဲ့ စဥ့်ကူးမြို့နယ်နှင့် ကပ်လျက်ရှိသည့် သပိတ်ကျင်းမြို့နယ်တွင် ရွှေတောများ ခေတ်စားနေသည့် ကာလ...
နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဇရပ်ကွင်း၊ ကွင်း(၃၀) စတဲ့ နေရာတွေမှာတော့ ရွှေကျင်ကြတဲ့ ရွှေတောတွေဟာ အင်မတန်နာမည်ကြီးပါတယ်။ လူတွေအများကြီး ရွှေတောတက် ရွှေကျင်ကြ၊ ရွှေရှာဖွေကြပါတယ်။ သူလည်း အများနည်းတူ လုပ်ကိုင်ချင်စိတ်တယ်။ သို့သော်...သူ့ပုံစံက ဗလမရှိ၊ ပိန်သေးသေးနဲ့ လူ့ဖလံလေးရယ်။
တူးဟယ်...ဆွဟယ်...ပိုးဟယ်..
" အောင်အောင် "
ကွမ်းယာ...။
◑◑◑
#လူကြီးတစ်ယောက်ကဘယ်တော့မှ_
ရွှေတောဟု ဆိုသည်နှင့် ငွေတွေဒလဟောဝင်ပြီး ဒလဟောသုံးဖြုံးကြတဲ့ လူတွေရှိမယ်၊ အပျော်အပါး၊ မိန်းမ၊ အသောက်အစား၊ လောင်းကစား၊ မူးယစ်၊ အဲ့ဒီလို လူငယ်တစ်ယောက်ရဲ့ ဘဝကို ပျက်စီးစေမည့် နေရာမျိုးမှာ ဆိုဆုံးမမည့်သူမပါဘဲ သူ ဘယ်လိုနေထိုင် ကျော်လွှားခဲ့သလဲဆိုတာကို အင်တာဗျူးတစ်ခုမှာ ဖြေသွားတာကို ဖတ်ကြည့်ပါဦး...
" ရွှေတောမှာ တစ်ယောက်တည်းနေရတဲ့ အဲဒီ့ကာလက ဘယ်လောက်အရေးကြီးလဲ ကိုမီသာဇင်၊ ဖင်စီဒိုင်း၊ ဘိန်းဖြူ၊ ဘိန်းမည်းက လက်တစ်ကမ်းမှာ၊ လောင်းကစားတွေကလည်း တံခါးမရှိ၊ ဓားမရှိပေါ့၊
(ဦးအောင်က ကိုယ်အမူအရာ လက်ဟန်နဲ့ ဆက်ပြောပြတယ်)
ဒီနေရာက ဂျင်ဝိုင်း၊ ဟိုဘက်က ဖဲဝိုင်း၊ ဒီဘက်က အရက်ဆိုင်၊ အရက်ဆိုင်နားမှာ အပျော်အပါးမိန်းကလေးတွေ ဒီပတ်ဝန်းကျင်မျိုးထဲ ကျွန်တော်ရောက်ပါတယ်၊ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ရင် ဘာဖြစ်သွားမလဲ လူတစ်ယောက်ပျက်စီးဖို့ အလွယ်ကလေး၊ ကျွန်တော်က ကွမ်းယာသည်တစ်ယောက်အနေနဲ့ ရွှေတောမှာ အလုပ်သွားလုပ်နေရတာ၊ ကိုယ့်ကိုကိုယ်ပဲ Manager(တာဝန်ယူစီမံထိန်ြးေ
တွေဘက်ရောက်သွားဖို့ အချိန်သိပ်မရှိဘူး၊ လူကြီးလို တာဝန်ယူနေရတဲ့ လူတစ်ယောက်က ဘယ်တော့မှ ကလေးအလုပ် မလုပ်ဘူး "
◑◑◑
#အမြဲဆန်းသစ်နေအောင်_အာရုံစ
သူဟာ ရွှေတောမှာ ကွမ်းယာရောင်းရင်း အိမ်ထောင်ကျခဲ့ပြီး အမျိုးသမီး(အန်တီမော်စီ) ကိုပါ ရွှေတောသို့ ခေါ်လာပြီး ကွမ်းယာဆက်ရောင်းခဲ့ပါတယ်။ ကွမ်းယာဖို့ ပညာရရန် ကွမ်းယာဆိုင်တွင် ကွမ်းဘယ်လိုယာ၊ ကွမ်းသီးဘယ်လိုထည့်၊
အာမွှေးဘယ်လိုထည့်သည် ဆိုတာကို အမြင်ဖြင့် ၁၅ ရက်လောက် သင်ယူခဲ့ရပါတယ်။ ပတ်ဝန်ဟးကျင်၌ နာမည်ကြီးသည့်ဆိုင် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ဟာ ကြီးပွားတာ မကြီးပွားတာထက် နာမည်ပိုကြီးချင်နေတာပါ။ ထိုသို့ ဖြစ်လာအောင်လည်း သူကိုယ်တိုင် လေ့လာခဲ့ပါတယ်။ ရွှေတောတွင်းရှိ ရွှေဆိုင်ကြီးများ၊ ကုန်စုံဆိုင်ကြီးများ ကြားမှာ သူ့ကွမ်းယာဆိုင်ကလေးက ခနော်ခနဲ့။
◑◑◑
#ပိုကောင်းသည့်အရသာစမ်းသပ်
" မန္တလေးရောက်ရင် နာမည်းကြီးကွမ်းယာဆိုင်များ
" အောင်အောင် " ကွမ်းယာ ဟု နာမည်ကြီးလာသည်။
◑◑◑
#ရွှေကုန်သည်တွေကြီးပွားတာကိ
ရွှေတောမှာ ၅ နှစ်ကျော်ထိ နေထိုင်ခဲ့ရသော်လည်း ရွှေအကြောင်း ဘာမှနားမလည်ခဲ့ပါဘူး။ ကွမ်းယာရောင်းရင်း ဘာအလုပ်လုပ်ရင် ကြီးပွားနိုင်မလဲ ဆိုသည်ကိုလည်း အမြဲတွေးနေခဲ့ပါတယ်။ ဆိုင်ကို ငွေအကြွေလာလဲ သည့် ရွှေကုန်သည်များနှင့် ရင်းနှီးခင်မင်ခဲ့ရပြီး ရွှေတော ငွေလွှဲပုံ၊ ရွှေသည်ပုံများကို မြင်ပါများလာသောအခါ ရွှေကုန်သည်လောကထဲ ဝင်ချင်သည့်စိတ် ဖြစ်လာပါတော့တယ်။ ရွှေကုန်သည်တွေ ကြီးပွားတာကိုမြင်ပြီး အားကျလာတယ်။ ရွှေကုန်သည် ဖြစ်ချင်သောကြောင့် တစ်ဖက်တွင်လည်း ကွမ်းယာရောင်းရင်း ရွှေကုန်သည်များထံတွင် လုပ်ခ မယူဘဲ ရွှေအဝယ်ဆိုင်တွင် ကူလုပ်ပေးခဲ့တယ်။
◑◑◑
#ဝါးကျည်ထောက်စုဗူးကလေး
လုပ်ငန်းတိုးတက်အောင်မြင်ရန
" ကျွန်တော်ကလည်း မြင်လွယ်သည့်နေရာတွင် ထားခဲ့တာကြောင့် အိပ်နေသည့် အချိန်တွင် ကိုယ့်အလုပ်သမားကပင် အလွယ်တကူ ခိုးယူသွားတာပါ၊ ကျွန်တော့်ဘဝတွင် အခက်အခဲကြုံတိုင်း အခက်အခဲကို အခွင့်အရေး လုပ်ခဲ့တာပါ၊ အခက်အခဲတွေပေါ်လာတိုင်း ငါ့ဘဝအတွက် အခွင့်အရေးတစ်ခု ပေါ်လာပြီလို့သာ သဘောထားလိုက်တယ်၊ ဂိမ်းတစ်ခုပေါ်လာပြီလို့ သဘောထားပြီး ထိုဂိမ်းကိုကျော်နိုင်ရင် ပြဿနာတစ်ခု ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်တော် ခံယူထားတယ်"
◑◑◑
#ကွမ်းယာအောင်အောင်မှ_ရွှေသမ
လူတစ်ယောက် ကြီးပွားရန်အတွက် ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်း၊ ဆရာကောင်းများရှိပြီး ကြီးပွားနိုင်မည့်အချိန်ကို
ဆရာ့ကျေးဇူးကြောင့်လည်း မန္တလေးရောက်သောအခါ ရွှေလှော်သည့်အလုပ်၊ ရွှေသန့်စင်သည့် အလုပ်၊ နောက်ဆုံးရွှေရောင်းသည်ကိုလည
ရွှေတောပြန်ရောက်တော့ ကွမ်းယာရောင်းရင်း တစ်မတ်သား၊ ငါးမူးသားဝယ်ပြီး ရွှေတောတွင် "ကွမ်းယာအောင်အောင်" မှ "ရွှေအောင်အောင်" ဖြစ်လာတယ်၊ ထိုအချိန်မှ စပြီး ကျွန်တော် ရွှေကုန်သည်အဖြစ် ခြေလှမ်းစခဲ့ပါတယ်၊
ရွှေတို ရွှေစရောင်းဝယ်ရင်း ငွေနည်းနည်းစုမိလာသောအခါတွင
◑◑◑
#အားလုံးကိုလေးစားတယ်_သို့ေ
ကျောက်ကုန်သည်တစ်ယောက်နှင့်
(၁) ဆင်ခြင် သုံးသပ်ရမည်။
(၂) ဟုတ်မဟုတ် စုံစမ်းရမည်။
(၃) ကိုယ်ကိုယ်တိုင် ဆင်ခြင်ပြီး ဖြစ်နိုင်ခြေရှိလျှင် စုံစမ်းပါ။
အကယ်၍ ဟုတ်ခဲ့လျှင် မယုံဘဲ၊ လက်တွေ့အတည်ပြု့ပြီးမှ သာလျှင် ယုံကြည်သင့်ပေသည်။ အလွယ်တကူ မယုံတက်သည့် အကျင့်က ကျွန်တော့်အတွက် ဘဝပေးသော သင်ခန်းစာပင်ဖြစ်သည်။
ထိုအပြင် မကျွမ်းကျင်သည့် အလုပ်ကို ရှိသမျှစီးပွားရေး ဟုပြုံပြီးထည့်လျှင် ဒုက္ခရောက်မည် ဆိုသည်ကိုလည်း တစ်သက်လုံးသင်ခန်းစာပေးခဲ့သ
" အောင်အောင် - ကွမ်းယာ " ကနေ
" အောင်သမာဓိ - ရွှေဆိုင် " တစ်ခါတည်း ဖြစ်လာခဲ့တာ မဟုတ်ပေ။ "အောင်အောင် - ရတနာရွှေဆိုင်" ဖွင့်ခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် နောက်ထပ် "စိန်ရတု - ရတနာရွှေဆိုင်" ဖွင့်တော့ နောက်ထပ် အရှုံးပေါ်ခဲ့သည်။ ထပ်ပြီး နာမည်မပါတဲ့ ရွှေဆိုင် ဖွင့်ခဲ့သော်လည်း သုံးကြိမ်စလုံး အရှုံးပေါ်ခဲ့သည်။
◑◑◑
#ကျွဲးခြေရာခွက်ထဲကရေကို_ပင
ဒီလိုနဲ့ နှစ်နှစ်လောက် ကြာသောအခါတွင် စီးပွားရေးနည်းနည်း အဆင်ပြေလာတဲ့အချိန် ရွှေတောများ ခန်းခြောက်လာခဲ့ပါတော့တယ်။ ထိုအချိန်မှာတော့ သူလည်း ရွှေကုန်သည်အဖြစ် တစ်စခန်း ရပ်နားခဲ့ရပါတယ်။ တစ်နေ့တွင် စဥ့်ကူးမြို့နယ်နွယ်ရုံရွှေေ
အဲ့ဒီမှာ "သိန်းတစ်ရာ" အမည်ရှိ ကျောက်ခွဲစက်တွင် အသုံးမပြု့ဘဲ ရှိနေသည့် ဆိုင်းဘုတ်ကလေးတစ်ခုကို သူတွေ့ရတယ်။
" အောင်သမာဓိ - ရွှေဆိုင် " ဆိုပဲ။
ဆိုင်ဘုတ်အပြင် ရွှေကောင်တာ၊ ရွှေချိန်ခွင်များကို ခွင့်တောင်းကာ ဝယ်ယူလာပါတော့တယ်။ ဒီလိုဖြင့် "အောင်သမာဓိ" ဆိုသော နာမည်ဖြင့် ရွှေဆိုင်ကလေး ပြန်ဖွင့်တယ်။ တရားဝင် ရွှေလိုင်စင်လျှောက်ကာ ရွှေဝယ်ယူခဲ့ပြန်ပါတယ်။ အကြိမ်ကြိမ်လဲကျမှုတွေထဲမှ ဇွဲရှိရှိဖြင့် ကြိုးစားရုန်းကန်လာခဲ့ရခြင်
" ကျွန်တော် လုပ်ငန်းတွင် အဆင်ပြေလာသည်မှာ ကိုယ့်လုပ်ငန်းကို အမြဲမမပြက် လေ့လာနေရမှုကြောင့် ဖြစ်တယ်။ ဒီလို လေ့လာနေမှသာလျှင်လည်း တိုးတက်မှာ ဖြစ်တယ်၊ ကိုယ့်ကိုကိုယ် "ကျွဲးခြေရာ ခွက်ထဲကရေကို ပင်လယ်လို့ ထင်နေရင်တော့ ထိုကျွဲးခြေရာခွက်ထဲမှာပဲ ရှိနေလိမ့်မယ် "
◑◑◑
#_အခမဲ့ရွှေသင်တန်းများ_
သူဟာ ယခုလက်ရှိတွင် ရွှေဝယ်လုပ်ငန်းအပြင် ရွှေလှော်ဖို ထောင်ထားပြီး ရွှေသန့်စင်လုပ်ငန်း၊ ရွှေပန်းတိမ်လုပ်ငန်းနှင့် ရွှေအရောင်းဆိုင်တို့ကိုပါ တွဲဖွင့်ထားသည်။
" ရွှေရည်ပြည့်မှန်..အာမခံသည့်
ဆိုသော စကားအတိုင်း ရွှေရည်ပြည့်ရန်အတွက်ကိုယ်ပိ
" မြန်မာတွေက အင်မတန်မြတ်နိုးကြတယ်၊ ဒါပေမယ့် ရွှေအကြောင်းကိုတော့ ကောင်းကောင်းမသိဘူး၊ ဒါကြောင့် သာမန်လူတွေ ရွှေအကြောင်းကို ထဲထဲဝင်ဝင်သိဖို့ ရွှေလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ချင်သူတွေ အတွက် ရွှေဆိုင်၊ ရွှေလှော်ဖို၊ ရွှေပန်းတိမ်လုပ်ငန်းတွေ လုပ်ကိုင်နိုင်သည် အထိ အခမဲ့ ရွှေသင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်၊ အခမဲ့ ဆိုတဲ့အတိုင်း သင်တန်းတက်ရောက်သူက တစ်ပြားတစ်ကျပ်မှ ပေးစရာမလိုဘူး၊ ထမင်း၊ ကော်ဖီ မုန့်များဖြင့် အခမဲ့ ဧည့်ခံကျွေးမွေးတယ်၊ ရပ်ဝေးက လာရောက်သူတွေအတွက်ဆိုရင် နေရေးထိုင်ရေး စားရေးသောက်ရေးကအစ အခမဲ့တာဝန်ယူပေးတယ်၊ ရွှေအကြောင်းသာမကပဲ လူမှုရေး၊ စီးပွားရေး၊ အကြောင်းအရာ ပေါင်းစုံကိုပါ ရွှေသင်တန်းမှာ မျှဝေပါတယ်၊ မြန်မာ့စီးပွားရေး လုပ်ငန်းတွေ နိုင်ငံတကာအဆင့်မီစေဖို့ အောင်သမာဓိရွှေသင်တန်းသားတွေ
◑◑◑
#အလျော့အတွက်နှင့်လက်ခ
သူ့ရဲ့ ရွှေသင်တန်းသားများကိုလည်း ရွှေတောနှင့် ပန်းတိမ်လုပ်ငန်းသို့လည်း လက်တွေ့လေ့လာခွင့်ရအောင် လက်တွေ့ခေါ်ပြသေးတယ်။ ဒါအပြင် တွက်ချက်နည်းကိုပါ သင်ကြားပေးတယ်။ ရွှေတွင် အလျော့အတွက်နှင့် လက်ခနှစ်မျိုးရှိရာ ရွှေဆိုင်အများစုတွင် အလျော့အတွက်နှင့် လက်ခ နှစ်မျိုးစလုံးယူကြပါတယ်။ သူ့ဆိုင်တွင် ရွှေဝယ်သူများကို လက်ခမယူပဲ အလျော့အတွက်သာ ယူသော စနစ်ဖြင့် Customers များကို ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။ သူ၏ (အခမဲ့)ရွှေသင်တန်းသားများကိ
ဆရာကြီးရွှေဥဒေါင်း၊ ဆရာဖေမြင့် တို့၏ စာအုပ်များကလည်း သူ့ဘဝရဲ့ စိတ်ဓာတ်ခွန်းအား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ယခုအောင်မြင်ခဲ့ပြီးနောက် ယခင်က သူဖြတ်သန်းခဲ့ရတဲ့ ဘဝကို ပြန်ပြောင်း သုံးသပ်ပြောပြထားပုံကို ကျွန်တော်တို့ နားထောင်ကြည့်ရအောင်...
◑◑◑
" ကျွန်တော့်ဘဝတွင် စီးပွားရေးသုံးကြိမ်တိုင်တိ
0 Comments