
Berners-Lee
ကျတော်တို့ အဆင်ပြေစွာ အသုံးပြုနေကြတဲ့ www ( World Wide Web) ကို တီထွင်ခဲ့သူကတော့ ဗြိတိန် ကွန်ပျူတာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ
၁၉၅၅ ခုနှစ် ဖွား ဗြိတိန်နိင်ငံသား တစ်ဦးဖြစ်ပြီး World Wide Web Consortium ရဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ World Wide Web Foundation ရဲ့ စတင် တည်ထောင်သူ တစ်ဦးဖြစ်ပြီး အခြား ကွန်ပျူတာနဲ့ဆိုင်တဲ့ အဖွဲ့အစည်တွေမှာ ဒါရိုက်တာ၊ သုတေသန်ပညာရှင်အဖြစ် ယခု လက်ရှိ တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ
Berners-Lee ဟာဆိုရင် 8 June 1955 တွင် လန်ဒန် အနောက်တောင်ဖက်ခြမ်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းလေးယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ မိဘတွေကလည်း ကွန်ပျူတာ တည်ဆောက်ခြင်း အပေါ်မှာပဲ အသက်မွေးသူတွေ ဖြစ်ပြီး သူကလည်း ပညာ အခြေခံတွေကို အဆင့်ဆင့် သင်ကြားကာ အီလက်ထရောနစ်နဲ့ဆိုင်တဲ့ အကြောင်းတွေကို ကလေးဘ၀မှာ စလေ့လာခဲ့ပါတယ်။ နောက်ပြီး အောက်စဖို့ တက္ကသိုလ်နဲ့ Queen တက္ကသိုလ်တို့မှာ လေ့လာခဲ့ပြီး ရူပဗေဒတွင် ပထမဆုံး ဘွဲ့ဒီဂရီကို ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီး မကြာမီမှာတော့ တယ်လီ ကွန်မြူနစ်ကေရှင် ကုမ္ပဏီ တစ်ခုတွင် အင်ဂျင်နီယာအဖြစ်လုပ်ကိုင်ြ
ထိုနောက်မှတော့ ( ဆွီဇာလန် အခြေစိုက် ) နျူကလီးယား သုတေသနအတွက် ဥရောပီယံ ကောင်စီ တစ်ခုဖြစ်တဲ့ CERN တွင် အလွတ်တန်း ကန်ထရိုက်တာ အဖြစ်လုပ်ကိုင်ခဲ့ပြီး ထိုနေရာတွင် လုပ်ကိုင်နေစဉ် Hypertext ( ကွန်ပျူတာနဲ့ အီလက်ထရွန်နစ် ကရိယာတွေပေါ်တွင် ရည်ညွှန်းလင့်နဲ့ အတူ စာသား ပြသသည့် ) ပေါ်မှာ အခြေတည်ထားတဲ့ ပရောဂျက်တစ်ခုကို ရည်ရွယ် လုပ်ကိုင်မိခဲ့ပါတယ်။ ထိုနောက်မှာတော့ ENQUIRE Prototype တစ်ခုကို သိသာထင်ရှားစေဖို့ စတင်တည်ဆောက်ခဲ့ပါတယ်။
CERN ကနေထွက်ခွာပြီး ၁၉၈၀ နောက်ပိုင်းမှာ အင်္ဂလန် မိခင်တိုင်းပြည်ရှိ ကွန်ပျူတာ စနစ် ကုမ္ပဏီ တွင် လုပ်ကိုင်ခဲ့ပြီး ထို ကုမ္ပဏီ ရဲ့ နည်းပညာရှင် ဘက်တွင် (၃) နှစ်လောက် ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။
ထိုအချိန်တွင် Berners-Lee သည် အင်တာနက် Hypertext နဲ့ ဆက်သွယ်ဖို့ အခွင့်အရေးတစ်ခုကို မြင်ခဲ့သည့် နည်းတူစွာ ၁၉၈၉ ၊ မတ်လတွင် ပထမဦးဆုံး အဆိုပြုလွှာကို မန်နေဂျာရဲ့ သဘောတူ လက်ခံမူဖြင့် သူသည် ရေးသားခဲ့ပြီး သူရဲ့ www. ၀ဘ် ပရောဂျက်ဟာ စတင် အကောင်အထည် ပေါ်လာခဲ့ပါတယ်။
သူရဲ့ တီထွင်မူ၊ ကြိုးစားမူတွေကြောင့် ကျတော်တို့ ယခုလို ၀ဘ် ဆိုဒ်တွေကို အသုံးပြုနေနိင်ကြတာ ဖြစ်လို့ သူကို ဂုဏ်ပြု ပေးလိုက်ကြပါဦးနော် ။
Ref: Wiki
အောင်ဟိန်း (ရိုးရာလေး)
0 Comments