Advertisement

Responsive Advertisement

..........ဆရာကြီး မောင်ကျောက်တိုင်.........




အမည်ရင်း ဦးတင်လှိုင်၊ ၁၉၂၉ ခုနှစ်ဖွား၊ မလှိုင်ဇာတိ၊ ၁၉၆၀မှာ သက်ကြီးတက္ကသိုလ်က ၀ိဇ္ဇာဘွဲ့ရ၊
၁၉၅၂ က စလို့ မောင်ကျောက်တိုင် ကလောင်အမည်နဲ့ ရတနာပုံခေတ်ကျွန်နိဒါန်း၊ ပါတော်မူပြီးစ မြန်မာပြည်၊ လက်ဝဲ နော်ရထာ၊ ဂက်စတာပို သူလျှိုချုပ်ဖြောင့်ချက် စတဲ့ စာအုပ်တွေရေးတယ်။ မန္တလေးဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပ ဆေးရုံကြီးတို့မှာ အုပ်ချုပ်ရေးအရာရှိအဖြစ် အမှုထမ်းတယ်။ ၁၉၆၈မှာ သဒ္ဓမ္မအဖွဲ့ချုပ် နဲ့ ဆက်သွယ်မိတယ်၊ အရှေ့တောင် အာရှမှာ တွေ့ရခဲတဲ့ အဆင့်မြင့် Disciple ဖြစ်လာတယ်။ လိပ်ပြာလွှင့်နိုင်လာတယ်၊ အတွင်းနား ပွင့်သွားတယ်။ ရှမ်ဘဲလားရှိ ချွင်ကျောင်း မျှော်စင်မှာ ၂နှစ်ခန့် ပညာသွားသင်တယ်။
ရန်ကုန် Theosophical Society ရဲ့ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ မနောသုတေသီ၊ ဒိုဂျေ ကလောင်အမည်များနဲ့လည်း စာရေးတယ်၊ ရှုမ၀၊ သွေးသောက်၊ ရွှေအောင်လံ၊ သူရဇ္ဇ၊ လပြည့်ဝန်း၊ သိဒ္ဓိမိုး၊ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းနဲ့
နဲ့ မနောမယ ဂျာနယ်မှာလည်း ဆောင်းပါးတွေ ရေးခဲ့တယ်။ ၁၉၈၅ မှာ စိတ်စွမ်းအင်မဂ္ဂဇင်းကို ထုတ်တယ်။
ကမ္ဘာ့ မဟာဂန္ဓာရီ နိဒါန်း၊ စိတ်တန်ခိုးကို လေ့လာခြင်း၊ မန္တာန်ပညာ၊ ရှယ်လီ မက္ကလင်း ၏ အဇ္ဈတ္တ ခရီး၊ ရှာမင် လောကီပညာ၊ အသုံးချစိတ်ညှို့ပညာကျမ်း၊ အဂ္ဂနိယောဂ မိတ်ဆက်၊ ကုဏ္ဍလိနီ၊ လိပ်ပြာဝိညာဉ် လွှင့်လေလျင်၊ မဟာဂန္ဓာရီ တက္ကသိုလ်များ၊ ဂန္ဓာရီ စာဟေ၀န် စတဲ့ စာအုပ်တွေရေးခဲ့တယ်။
Theosophy အသင်းသားများအတွက် ဗောဓိဥာဏ ဓမ္မအဖွင့်၊ အဗျာကတအသံ၊ ခေတ်သစ်သာဝကကျင့်စဉ်၊ မဟာယာန ဗုဒ္ဓဘာသာ နိဒါန်း၊ မေတ္တာဘာဝနာ၊ အဘိညာဉ် ကျင့်စဉ်၊ ဧဟိသာဝက၊ အလင်းဒေသနာ၊ အဂ္ဂနိယောဂ ကောက်နှုတ်ချက်များ၊ သဒ္ဓမ္မအဖွဲ့ချုပ် ၊ မနောမယ လောက၊ လိပ်ပြာခန္ဓာနှင့် လိပ်ပြာဘုံ၊ မနခန္ဓာ၊ ဈာန် ၊ ညပေါင်း ၇၀၀ အစရှိတဲ့ စာအုပ်ပေါင်းများစွာ ဘာသာပြန် ရေးသားခဲ့တယ်။ ၁၄-၁-၂၀၁၄ မှာ Physical body ကို စွန့်တယ်။

Post a Comment

0 Comments