Advertisement

Responsive Advertisement

#ဒဂုန်ခင်ခင်လေး (၁၉၀၄-၁၉၈၁)



၁၉၀၄ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်၊ စနေနေ့(၁၂၆၅-ခု၊ တပေါင်းလဆန်း-၆-ရက်) တွင် မန္တလေးမြို့၌ အဖ ရဲအင်စပိတ်တော် ဦးမောင်မောင်ကျော်(ခေါ်) ဦးမြတ်ကျော်နှင့် အမိ-ဒေါ်ခင်ခင်လတ်(၀က်မစွတ်မြို့စားမင်း၏သမီး လတ်) တို့ကမွေးဖွားခဲ့။
မျိုးနွယ် - အဖိုးဖြစ်သူ ၀က်မစွတ်မြို့စားမင်းက မြေးဖြစ်သူကို ချစ်မြတ်နိုးသည့်အတွက် မိမိအဖွားဖြစ်သူ၏ အမည်ကိုယူကာ''ခင်လေးခင်''ဟု အမည်ပေးခဲ့သော်လည်း ဒဂုန်ခင်ခင်လေးက အဖိုး၏အဘွားအမည်ကိုယူလျှင် ရိုင်းရာကျသည်ဟုယူဆ၍ ''ခင်ခင်လေး''ဟု အမည်ပြောင်းခဲ့။
ပညာရေး - ''ကျောက်ပန်းတောင်းမြို့၊ ခုနစ်တန်းမြန်မာစာသင်ကျောင်းတွင် လေးတန်းအထိလည်းကောင်း၊ မကွေးမြို့ အင်္ဂလိပ်ခုနစ်တန်းကျောင်းတွင် ငါးတန်းအထိလည်းကောင်း၊ ရွှေဘိုကျောင်းတွင် ခုနစ်တန်းအထိလည်း ကောင်းပညာဆည်းပူးခဲ့။
၁၉၁၆ - ''သူရိယမဂ္ဂဇင်း ၀တ္ထုတိုပြိုင်ပွဲတွင် ''နွဲ့နွဲ့''ဟူသောဝတ္ထုတိုကလေးစတင်ရေးပို့ရာ အကောင်းဆုံးဝတ္ထုအ ဖြစ်ရွေးချယ်ခံရ။
၁၉၁၇ - ''သူရိယမဂ္ဂဇင်း-အတွဲ(၁) အမှတ်(၆)တွင် ''နွဲ့နွဲ့''၀တ္ထုဖော်ပြခဲ့။ ဆက်လက်၍ ''ရှင်မင်းညို''၊ ရဲလျှင်မင်း ဖြစ်''၀တ္ထုတိုများ ရေးသား။
၁၉၂၀ - ''ပြည့်နှစ်မှစ၍-ဒဂုန်မဂ္ဂဇင်းတွင်ဝတ္ထုများ၊ ဆောင်းပါးများရေးသား။ ဒဂုန်ခင်ခင်လေး ကလောင်အ မည်ခံယူ။
၁၉၂၁ - ''မန္တလေးမြို့၌''ကြည်တော်ဆက်''်ဝတ္ထုမဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေခဲ့။ (၁၅ ရက်တစ်ကြိမ်ထုတ်ဖြစ် ၍ မြန်မာအမျိုးသမီး စာရေးဆရာများ ဦးစီးထုတ်ဝေသော မဂ္ဂဇင်းများတွင် အစောဆုံးဖြစ်သည်တစ်ဖန် ''နေရှင် နယ်''ဂျာနယ်တစ်စောင် ထုတ်ဝေရန် တာဝန်ခံအဖြစ်ဆောင်ရွက်ရန် စိုင်ပြင်း၊ အခြေအနေအရ မထုတ်ဖြစ်ဘဲ၊ ရပ် ဆိုင်းလိုက်ရ။ မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီအတွက် ရုပ်ရှင်ဇာတ်ညွှန်းများရေးသား ''မြားနတ်မောင်''၊ ''ရီးစားဓား ပြ'' ရုပ်ရှင်တို့သည် ဒဂုန်ခင်ခင်လေး၏ ဇာတ်ညွှန်းများဖြစ်သည်။ ဒဂုန်မဂ္ဂဇင်းတွင်ဝတ္ထု၊ ဆောင်းပါးများ ပုံမှန်ရေး သား၊ ''ကိုကိုလေး'' အမည်ဖြင့် ''မှော်ဆရာမှတ်တမ်း''၀တ္ထုများ ရေးသားသည့်အပြင် ''ရတနာပုံထိပ်တင်လှိုင်'' ဟူ သော ကလောင်အမည်ဖြင့် ဒဂုန်မဂ္ဂဇင်း''ယုဝတီစက္ခု''ကဏ္ဍတွင် အမျိုးသမီးရေးရာဆောင်းပါးများ၊ မြန်မာမှု ဆောင်းပါးများ ရေးသားသည်။ ဒဂုန်ခင်ခင်လေး စာအုပ်တိုက်ကို တည်ထောင်၍ စာအုပ်များထုတ်ဝေ။
၁၉၃၃ - ''နယ်ချဲ့ဆန့်ကျင်ရေးဝတ္ထု''ရွှေစွန်ညို'' ကိုရေးသားထုတ်ဝေခဲ့။ ပထမ အိမ်ထောင်နှင့် စိတ်သဘောထား ချင်း မတိုက်ဆိုင်၍ ကွာရှင်းခဲ့။ ထို့နောက်-နဂါးနီ စာအုပ်တိုက် မန်နေဂျာ ဦးအုန်းခင်နှင့် လက်ထပ်။
၁၉၃၉ - ''တိုင်းပြုပြည်ပြု ပုံနှိပ်တိုက် တည်ထောင်ပြီး ၀တ္ထုများအဆက်မပြတ် ရေးသားထုတ်ဝေ။ စစ်ကာလအ တွင်းတွင် ''စစ်ရောင်ခြည်''်ဝတ္ထုနှင့် ''ကမ္ဘာ့ရန်သူ'' ၀တ္ထုတို့ကို ရေးသားပြုထုတ်ဝေခဲ့။ ဂျပန်ခေတ်တွင် အစိုးရက ထုတ်ဝေသော ''ဗမာ့ခေတ်'' သတင်းစာကိုလက်ခံပုံနှိပ်ပေးရာမှ စစ်ပြီးသောအခါ ''ဗမာ့ခေတ်''သတင်းစာကို မိမိ၏ ''တိုင်းပြုပြည်ပြု''ပုံနှိပ်တိုက်က ပခုံးပြောင်းယူပြီး ကိုယ်ပိုင်သတင်းစာအဖြစ် ဆက်လက်ထုတ်ဝေသည်။
၁၉၄၅ - ''အောက်တိုဘာလတွင် ယုဝတီဂျာနယ်ကို ဦးစီးထုတ်ဝေခဲ့။ ''ဗမာ့ခေတ်'' သတင်းစာတွင်လည်း ''ယုဝတီဂျာနယ်ကဏ္ဍ'' ဖွင့်လှစ်ကာ၊ အမျိုးသမီးကလောင်ရှင်များကို''ယုဝတီကလောင်ရှင်''ဘွဲ့၊ ''ယုဝတီ''ဘွဲ့များ ပေး အပ်ကာ မြေတောင်မြှောက်ပေးခဲ့သည်။
၁၉၅၁ - သီပေါမင်းလက်ထက်နန်းတွင်းသရုပ်ကို နောက်ခံပြု''စာဆိုတော်'' ၀တ္ထုထွက်။ အမျိုးသမီးကလောင် ရှင်အဖွဲ့ကိုတည်ထောင်၍ ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့်အပြင် စာရေးဆရာအသင်း၏အမှုဆောင်အဖြစ်လည်း အကြိမ်ကြိမ်ဆောင်ရွက်ခဲ့။
၁၉၆၁ - ''ယုဝတီ သတင်းစာ''ကို ဦးစီးထုတ်ဝေခဲ့။ ကမ္ဘာလှည့်ခရီးကိုလည်း(၂)ကြိမ်သွားရောက်ခဲ့။ ဒဂုန်ခင်ခင် လေးသည်ဝတ္ထုရှည်(၃၀)ကျော်။ ၀တ္ထုတို(၅၀)ကျော် ပြည်တွင်းပြည်ပ ခရီးသွားဆောင်းပါးများနှင့် အထွေထွေ ဆောင်းပါး အမြောက်အမြားရေးခဲ့။ ''ရွှေစွန်ညို''၀တ္ထုကို မူလက ရွှေစွန်ညို၊ သားရွှေစွန်ညို-ဟုနှစ်တွဲခွဲထုတ်ဝေခဲ့ပြီး ရွှေစွန်ညို ဇာတ်လမ်းကို(ရီးစားဓမြ)အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့။ (ပထမအကြိမ်ရိုက်စဉ်က သီပေါပါတော်မူခန်းကို ဗြိတိသျှအစိုးရက ခွင့်မပြုခဲ့။ စစ်ပြီးခေတ်တွင် ဒုတိယအကြိမ် ရိုက်ကူးပြခဲ့သည်။) ပါးလ်ဘတ်၏ TheGood Earth ၀တ္ထုကို ''မြေပဒေသာ'' အမည်ဖြင့် မြန်မာပြန်ခဲ့။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအဖြစ်''နှစ်ပေါင်းခြောက်ဆယ်''ကိုရေးခဲ့။ ထို့ပြင် ၀တ္ထုတိုညွန့်ပေါင်းများ၊ ကမ္ဘာလှည့် ဆောင်းပါးပေါင်းချုပ် ''ကျွန်းဦးတည့်သံလျက်ခုံ'' ခရီးသွားဆောင်းပါး စာအုပ်များရေးခဲ့။ ''စာဆိုတော်''၀တ္ထုမှာ မူလက ဒဂုန်မဂ္ဂဇင်းတွင် ၀တ္ထုတိုများသဖွယ်ရေးခဲ့ပြီး နောက်ပိုင်းဖြည့်စွက် ကာ (၃)တွဲခွဲ၍ ထုတ်ဝေခဲ့။
၁၉၈၁ - ဇွန်လ(၂၃)ရက်၊ အင်္ဂါနေ့တွင် ကွယ်လွန်ခဲ့။

''ထင်ရှားသော စာအုပ်အချို့''
၁။စာဆိုတော် ၀တ္ထုကြီး(၃)တွဲ
၂။ရွှေစွန်ညို
၃။သားရွှေစွန်ညို
၎။နှစ်ပေါင်းခြောက်ဆယ်(ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ)
၅။ ကမ္ဘာလှည့်ဆောင်းပါးပေါင်းချုပ်
၆။ကျွန်းဦးတည့် သံလျက်ခုံ( ခရီးသွားဆောင်းပါးများ)
၇။မြေပဒေသာ (ဘာသာပြန်)
၈။မြိုင်ယံဘွား
၉။ဂုဏ်မြင့်သူ
၁၀။ဂုဏ်နိမ့်သူ
၁၁။ကျွန်းညိုညို
၁၂။စစ်ရောင်ခြည်
၁၃။ ကမ္ဘာ့ရန်သူ
၁၄။ဝတ္ထုတိုညွန့်ပေါင်းများ
၁၅။မှော်ဆရာမှတ်တမ်းများ( ကိုကိုလေး-အမည်ဖြင့်)

Post a Comment

0 Comments