
သူမ၏ ငယ်မည်မှာ‘‘ ဖရာသေး‘‘ ဖြစ်သည်။ ဖရာသေး ဟူသည် ‘‘နတ်သမီးလေး‘‘ဟု အဓိပ္ပါယ်ရသည်။ ငယ်စဉ်က အလွန်ဆော့လွန်း သောကြောင့် ချစ်စနိုးလေးဖြင့် ‘‘ဟာရီကိန်း‘‘ဟူ၍လည်း ခေါ်ကြသေးသည်။ သို့သော် ယခုအခါတွင်း‘‘ ပညာရှိ မင်းသမီးလေး‘‘ဟူ၍သာ ခေါ်ဝေါ်ကြလေသည်။ သူသည်ကား အခြားသူ မဟုတ်၊ ထိုင်းနိုင်ငံသူ နိုင်ငံသားတိုင်း၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံယူရရှိထားသည့် ‘‘မဟာချက်ကရီသီရီဒုံ‘‘ ပင် ဖြစ်သည်။
မင်းသမီးသီရီဒုံသည် ထိုင်းဘုရင်းမင်းမြတ် ဘူမိဘောအဒူလျာဒက်(ဒ်) နှင့် မိဖုရားကြီး သီရီခေတ် တို့၏၊ တတိယမြောက် သမီးတော် ဖြစ်ပြီး၊ ၁၉၅၅-ခုနစ်၊ ဧပြီလ ၂-ရက်နေ့တွင်၊ ဘုရင့်နန်းတော်၌ ဖွားမြင်ခဲ့သည်။ ၁၉၅၈-ခုနစ်တွင် ချီထရာလာဒါကျောင်း၌ စတင်ပညာသင်ယူခဲ့ပြီး၊ ၁၉၇၂-ခုနစ်တွင် တစ်နိုင်ငံလုံး၌ ဝိဇ္ဇာဘာသာ ရပ်ဖြင့် အောင်မြင်သူများအနက် ပထမကိုရရှိခဲ့လေသည်။ ၁၉၇၃-ခနစ်မှ၊ ၁၉၇၆-ခုနစ်အထိ ချူလာလောင်ကွန် တက္ကသိုလ် ဝိဇ္ဇာဌာနတွင်၊ ဆက်လက်ပညာသင်ကြားခဲ့ရာ၊ သမိုင်းဘာသာ ဂုဏ်ထူးတန်းတွင် မထမအဆင့်ဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့လေသည်။ ပညာသင်နစ် လေးနစ်စလုံးတွင် အတော်ဆုံးကျောင်းသူ ဖြစ်သဖြင့်၊ ရွှေတံဆိပ်ဆု ကို ရရှိခဲ့လေသည်။ ပညာထူးချွန်မူကြောင့် ပညာသင်ဆုကိုလည်း သုံးနစ်ဆက်တိုက်ရရှိခဲ့သည်၊
ထိုနောက် သီရိဒုံသည်၊ ဆောလ်ပါကွန်း တက္ကသိုလ်မှ အရှေ့တိုင်း ကမ္ဗည်းကျောက်စာ ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့နှင့်၊ ချူလာလောင်ကွန်တက္ကသိုလ်မှ အရှေ့တိုင်းဘာသာရပ်များဖြင့
သမီးတော်သည် အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်၊ အစ္စရေး၊ အီရန်၊ နယ်သာလန်၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ သြစတြေးလျ၊ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ၊ မလေးရှား၊ ဂျပန်၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံများသို့ အနှံအပြားသွားရောက် လည်ပတ်ဖူးသည်။ မြန်မာနိုင်ငံသို့ ၁၉၈၆-ခု မတ်လ ၂၁-ရက်မှ ၃၁-ရက်နေ့အထိ လာရောက်လည်ပတ်ဖူးလေသည်။ သီရိဒုံသည် ထိုင်း ကိုးရီးယားနှိင်ငံနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံတို့မှ ဘွဲ့ထူးဂုဏ်ထူးဆောင် ကိုးခုကိုရရှိခဲ့သည်။
သမီးတော် မဟာချက်ကရီသီရိဒုံသည် ထိုင်းကြက်ခြေနီအသင်း အမှူဆောင်အဖွဲ့၌ ဒုတိယဥက္ကဋ္ဌ၊ ဆိုင်ဂျိုင်း ထိုင်းဖောင်းဒေးရှင်း၌ ဥက္ကဋ္ဌ၊ ဒုတိယမြှောက်ရာမဘုရင်း အထိမ်းအမှတ်ဖောင်းဒေးရှင်း၌
မင်းသမီးသီရိဒုံသည် အားလပ်ချိန်များတွင် သုတေသနနှင့် ကျောင်းတွင်းဖွဲ့ဖြိုးရေးပြ
မင်းသမီး ဖရာသေး ခေါ် မဟာချက်ကရီသီရိဒုံသည် ထိုင်းပြည်သူပြည်သားတို့၏ မေတ္တာကို အထူးတလေရရှိကာ ဘုရင့်သားတော် သမီးတော်များထည့်တွင် လူချစ်လူခင်အပေါဆုံး မင်းသမီးတစ်ပါး အဖြစ်ဖြင့် ထင်ပေါကျော်ကြားလျှက်ရှိပါသ
ဗဟုသုတ အဖြစ်ဖေါ်ပြလိုက်ပါသည်
0 Comments