အခါတစ်ပါး
လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍ “အရှင်ဘုရား
တပည့်တော် မည်သည့်အရာကိုပဲ
လုပ်လုပ် မအောင်မြင်
ဖြစ်နေပါသည်။ အဘယ့်ကြောင့်ပါနည်း၊
မည်သို့သောကံကို ပြုလုပ်ရပါမည်နည်းဘုရား”
ဟု
မေးလျှောက်တော့
“ချစ်သားသင်သည်
အလှူဒါနမပြုတတ်၍ ဖြစ်သည်”
“အရှင်ဘုရား
ပစ္စည်းဥစ္စာမရှိသော တပည့်တော်အဖို့
မည်ကဲ့သို့ အလှူဒါနပြုနိုင်ပါမည်နည်းဘုရား..”
“သင်ချစ်သား မှတ်သားလော့။
“သင်ချစ်သား မှတ်သားလော့။
တစ်ဦးတစ်ယောက်သောသူသည်
ဥစ္စာ,ငွေကြေး
မရှိသော်လည်း ပေးကမ်းနိုင်သော
အလှူဒါန ခုနှစ်မျိုးရှိတယ်
..
၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း၊ (အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊)
၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း၊ (အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊
ညှာတာစကား၊ နွေးထွေးသောစကားများ၊
ပြောဆိုခြင်း။)
၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း၊ (စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊)
၎။ အမြင်ဖြင့် အလှူဒါနပြုခြင်း၊ (ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးအပေါ် ရှုမြင်တက်ခြင်း။)
၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း၊ (ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊)
၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း၊ (လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။)
၇။ နေအိမ်အလှူဒါနပြုခြင်း။ (မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ခေတ္တပေးကမ်းခြင်း၊ ခရီးသွား/လာ ဧည်သည်များအား တည်းခိုစေခြင်း။)
မည်သူမဆို ဤအလှူဒါန ခုနှစ်မျိုးကို ပေးလှူသူ၏နောက်သို့
အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါလာမည်သာဖြစ်တယ်” လို့ ဟောကြားတော်မူခဲ့သည်.
ဗုဒ္ဓဟောကြား
မြတ်တရား လိုက်နာကျင့်ကြံနိင်ပါစေ….

0 Comments