
အသပ္ပုရိသသုတ်
၂၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား သူယုတ်မာကိုလည်းကောင်း၊ သူတော်ကောင်းကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ သူယုတ်မာဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် မှားယွင်းသောအယူရှိ၏၊ မှားယွင်းသောအကြံရှိ၏၊ မှားယွင်းသော စကားရှိ၏၊ မှားယွင်းသောအလုပ်ရှိ၏၊ မှားယွင်းသောအသက်မွေးမှုရှိ၏၊ မှားယွင်းသောအားထုတ်မှုရှိ၏၊ မှားယွင်းသော အောက်မေ့မှုရှိ၏၊ မှားယွင်းသော တည်ကြည်မှုရှိ၏။ ရဟန်းတို့ ဤသူမျိုးကို သူယုတ်မာဟု ဆိုအပ်၏။
ရဟန်းတို့ သူတော်ကောင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည်မှန်ကန်သောအမြင်ရှိ၏၊ မှန်ကန်သောအကြံရှိ၏၊ မှန်ကန်သော စကားရှိ၏၊ မှန်ကန်သောအလုပ်ရှိ၏၊ မှန်ကန်သောအသက်မွေးမှုရှိ၏၊ မှန်ကန်သောအားထုတ်မှုရှိ၏၊ မှန်ကန်သော အောက်မေ့မှုရှိ၏၊ မှန်ကန် သော တည်ကြည်မှုရှိ၏။ ရဟန်းတို့ ဤသူမျိုးကို သူတော်ကောင်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။
သံယုတၱနိကာယ္—၄၅
၃—မိစၦတၱဝဂ္
၅—ပဌမ အသပၸဳရိသသုတ္
၂၅။ သာဝတၳိနိဒါန္း။ ရဟန္းတို႔ သင္တို႔အား သူယုတ္မာကိုလည္းေကာင္း၊ သူေတာ္ေကာင္းကိုလည္းေကာင္း ေဟာေပအံ့၊ ထိုတရားကို နာၾကကုန္ေလာ့။ ရဟန္းတို႔ သူယုတ္မာဟူသည္ အဘယ္နည္း၊ ရဟန္းတို႔ ဤေလာက၌ အခ်ိဳ႕ေသာ သူသည္ မွားယြင္းေသာအယူရွိ၏၊ မွားယြင္းေသာအႀကံရွိ၏၊ မွားယြင္းေသာ စကားရွိ၏၊ မွားယြင္းေသာအလုပ္ရွိ၏၊ မွားယြင္းေသာအသက္ေမြးမႈရွိ၏၊ မွားယြင္းေသာအားထုတ္မႈရွိ၏၊ မွားယြင္းေသာ ေအာက္ေမ့မႈရွိ၏၊ မွားယြင္းေသာ တည္ၾကည္မႈရွိ၏။ ရဟန္းတို႔ ဤသူမ်ိဳးကို သူယုတ္မာဟု ဆိုအပ္၏။
ရဟန္းတို႔ သူေတာ္ေကာင္းဟူသည္ အဘယ္နည္း၊ ရဟန္းတို႔ ဤေလာက၌ အခ်ိဳ႕ေသာ သူသည္မွန္ကန္ေသာအျမင္ရွိ၏၊ မွန္ကန္ေသာအႀကံရွိ၏၊ မွန္ကန္ေသာ စကားရွိ၏၊ မွန္ကန္ေသာအလုပ္ရွိ၏၊ မွန္ကန္ေသာအသက္ေမြးမႈရွိ၏၊ မွန္ကန္ေသာအားထုတ္မႈရွိ၏၊ မွန္ကန္ေသာ ေအာက္ေမ့မႈရွိ၏၊ မွန္ကန္ ေသာ တည္ၾကည္မႈရွိ၏။ ရဟန္းတို႔ ဤသူမ်ိဳးကို သူေတာ္ေကာင္းဟု ဆိုအပ္၏ဟု (မိန႔္ေတာ္မူ၏)။
ပၪၥမသုတ္။
0 Comments