Advertisement

Responsive Advertisement

သင်္ဘောပျက်ပေါ်က ရတနာသိုက်

ကိုလံဘီယာမှာတွေ့ရှိရတဲ့ သင်္ဘောပျက်ပေါ်က ဒေါ်လာ ၁၇ ဘီလျံတန်ဖိုးရှိ ရတနာသိုက်

Galleon San Jose’s ရဲ့ရတနာသိုက်ဟာ ဒေါ်လာ ၄သန်းကနေ ၁၇ သန်းအထိ ရှိနိုင်ပါတယ် ။
ဒါပေမယ့် ဒါကိုတော့လွန်ခဲ့တဲ့ လေးနှစ်လောက်ကရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ် ။
ကိုလန်ဘီယာ သမ္မတဖြစ်တဲ့ Juan Manuel Santos ဟာ သောကြာနေ့မှာ သူ့ရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့်
“သတင်းကောင်းပဲ..Jose ရဲ့ရတနာသိုက်ကိုတွေ့ပြီ” လို့ကြေငြာခဲ့ပါတယ် ။
The Galleon San Jose ကတော့ စပိန်ရွက်သင်္ဘောကြီးတစ်စီးဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၇ နှစ်လောက် နစ်မြုပ်သွားခဲ့တဲ့ သင်္ဘောတစ်စီးဖြစ်တယ် ။
ဒီသင်္ဘောကြီးကိုတော့ ကိုလန်ဘီယာ ရေတပ်နဲ့ သမိုင်းပညာရှင်တွေအပါဝင် နိုင်ငံတကာပညာရှင်တွေပူးပေါင်းထားတဲ့အဖွဲ့အစည်းတစ်ခုကရှာဖွေတွေ့ရှိခဲ့တာပါ ။

ကိုလံဘီယာ ကမ်းခြေမှာ ရှိနေတဲ့ သင်္ဘောခွံကြီးထဲမှာ ဒေါ်လာ ၁၇ သန်းလောက်ရှိတဲ့အဖိုးတန်ရတနာတွေအပြင်
ရွှေ ငွေနဲ့ Potosi , Peru မှတစ်ဆင့် Cartegena ကိုသယ်သွားမယ့် အခြားအဖိုးတန်ရတနာတွေလည်းရှိမယ်လို့ခန့်မှန်းရပါတယ် ။
၁၇၀၈ ခုနှစ်ဂျူလိုင်လမှာတော့ စပိန်တွေစစ်နိုင်ပြီးပြန်လာခဲ့ကြပေမယ့်
စစ်ပွဲကာလအတွင်းဖြစ်နေတဲ့အတွက် ဗြိတိန်တွေက စပိန်တွေရဲ့ San Jose ကိုဗုံးကြဲပြီးတော့ရေထဲနှစ်ခဲ့ပါတယ် ။
လူပေါင်း ၆၀၀ လောက်သေဆုံးသွားခဲ့ပြီး သင်္ဘောကြီးလည်းနစ်မြှုပ်သွားခဲ့ပါတယ် ။
ရတနာတွေသယ်လာတဲ့ ကျန်တဲ့သင်္ဘောတွေကတော့ ဗြိတိန်တွေရန်ကနေလွတ်အောင်ပြေးနိုင်ခဲ့ပါတယ် ။
စနေနေ့မှာကျင်းပတဲ့ သတင်းစာဆွေးနွေးပွဲမှာတော့သမ္မတ Santos က Galleon San Jose ကရတဲ့ ရတနာတွေနဲ့ သမိုင်းဝင်ပစ္စည်းတွေကို
ပြတိုက်တစ်ခုဆောက်လုပ်ပြီး ပြသထားချင်ကြောင်းပြောကြားပါတယ် ။
ဆိုနာလှိုင်းတွေနဲ့စစ်ဆေးမှုတွေအရတော့ အမြှောက်တွေ သေနတ်ကြီးတွေ မြေအိုးတွေနဲ့ အခြားရိုးရာပစ္စည်းတွေကိုလည်းတွေ့ရကြောင်းသိရပါတယ် ။

CNN သတင်းဌာနကပြောကြားချက်အရ ကိုလန်ဘီယာနဲ့ အမေရိကန် ကုမ္ပဏ္ဍီတစ်ခုဖြစ်တဲ့Sea Search Armada တို့က ဒီသင်္ဘောပျက်ကို ပိုင်ဆိုင်ခွင့် ငြင်းခုန်နေကြောင်း နေကြောင်းသိရပါတယ် ။
ရတနာတွေကို ဝေခွဲဖို့ကိစ္စကို ငြင်းခုန်နေတယ်ဆိုတာအသိသာကြီးပါ ။
၁၉၈၂ ခုနှစ်မှာ SSA က ဒီသင်္ဘောရဲ့နေရာကိုရှာတွေ့ခဲ့တာဖြစ်ပြီးတော့ ကိုလန်ဘီယာတွေက SSA ရဲ့ရှာဖွေတွေ့ရှိမှုကို တရားမဝင်ယူဆောင်သွားတာဖြစ်တယ်လို့ စွပ်စွဲနေပါတယ် ။
၂၀၁၁ ခုနှစ်မှာတော့ တရားသူကြီး James E Boasberg က အခုလိုပဲ အမိန့်ထုတ်ခဲ့ပါတယ် ။
SSA က ကိုလန်ဘီယာအပေါ်ကိုအမှုပေါင်းများစွာနဲ့ စွဲဆိုထားခဲ့တဲ့အတွက် ကိုလန်ဘီယာ တရားရုံးက သူတို့နှစ်ဖွဲ့ကြားမှာ ပစ္စည်းတွေကို အညီမျှခွဲဝေဖို့ဆုံးဖြတ်ပေးလိုက်တယ် ။
အမေရိကန်တရားရုံးကတော့ 2011 မှ 2015 အတွင်းတင်ထားတဲ့စွဲချက်အကုန်ပယ်ချခဲ့တယ် ။
ကိုလန်ဘီယာရဲ့ ယဉ်ကျေးမှုဝန်ကြီးဖြစ်တဲ့ Maraina Garces Cordoa ကတော့ ရတနာတွေအားလုံးကို ကိုလံဘီယာတရားဝင်ပိုင်ဆိုင်ပြီဖြစ်ကြောင်း
စနေ့နေ့မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ် ။
ှSSA ရဲ့မန်နေဂျုာတစ်ယောက်ဖြစ်တဲ့ Jack Herbeston ကတော့ ကိုလံဘီယာအစိုးရဟာ လိမ်လည်ပြီးတော့ ရတနာတွေကိုယူသွားတယ်လို့ CNN ကိုပြောပါတယ် ။
ကိုလံဘီယာအစိုးရဟာ သူတို့ကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ခြိမ်းခြောက်တယ်လို့လည်းပြောကြားပါတယ် ။
SSA က သူတို့ဟာ ၁၉၈၄ ခုနှစ်မှာ ချုပ်ဆိုထားတဲ့ အမေရိကန်တွေရဲ့ ရပိုင်ခွင့် ၃၅ ရာခိုင်နှုန်းကို ချိုးဖောက်တယ်ဆိုပြီးတော့လည်းစွပ်စွဲထားပါသေးတယ် ။

ဒီ သင်္ဘောဟာ ဒေါ်လာ ၄ သန်းကနေ ၁၇ သန်းအထိတန်ကြေးရှိပါတယ် ။
SSA ရဲ့မှတ်တမ်းအရတော့ ဒီသင်္ဘောဟာ ဘဏ်တွေကိုသိမ်းလာတာဖြစ်ကြောင်းသိရပါတယ် ။
ပျော်ရွှင်နေတဲ့ အမည်မသိအဖွဲ့သားတွေရဲ့ဗီဒီယိုကိုတော့ သမ္မတ Santos က သူ့တွစ်တာအကောင့်မှာ တင်ထားခဲ့ပါတယ် ။
“နှစ်ပေါင်းများစွာကြိုးစားပြီးတဲ့နောက်မှာတော့ အလင်းရောင်ကိုမြင်လာခဲ့ပြီ ။
လုပ်စရာတွေအများကြီးရှိနေသေးတယ်ဆိုပေမယ့်လည်း ဒါဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဆိုတာတော့ ငြင်းမရပါဘူး”
“လွန်ခဲ့တဲ့ ၃၀၇ နှစ်က နစ်မြုပ်နေတဲံ Galleon San Jose ကိုရှာတွေ့ခဲ့ပါပြီ”
“လူသားတွေရဲ့သမိုင်းကြောင်းမှာတော့ ရေထဲကတွေ့ရှိရတဲ့အကြိးမားဆုံးရတနာသိုက်တစ်ခုပဲဖြစ်လိမ့်မယ်
“ကိုလံဘီယာအစိုးရဟာ လေ့လာမှုတွေ တူးဖော်မှုတွေနဲ့ ရေအောက်သယံဇာတ ထိန်းသိမ်းမှုတွေကို ကိုလံဘီယာဥပဒေအရလုပ်ဆောင်သွားမှာပါ”
” ကိုလံဘီယာရဲ့သမိုင်းကြောင်းကို ဖန်တီးပေးခဲ့တယ့် နိုင်ငံရဲ့ မှတ်ဥာဏ်ထဲကလူတွေကို ပြန်အမှတ်ရစေနိုင်မယ့် သိပ္ပံဆိုင်ရာတွေ့ရှိမှုတစ်ခုပါပဲ” လို့ပြောခဲ့ပါတယ်
သမ္မတ ရဲ့ တွစ်တာအကောင့်မှာတော့ GalleonSanJose ဆိုပြီးတော့ # (Sharb) နဲ့ ဗီဒီယိုကိုတင်ထားပါတယ် ။
Writer – Min Thu (Daily Hot News)

Post a Comment

0 Comments