အဘနှင့်လင်၊ တူပင်မကွာ၊ သေကြရာ၌၊ ဣန္ဒာနတ်ဆေး၊ တစ်လုံးပေးလည်း ၊ ကျေးဇူးထွတ်တင်၊ မွေးဖခင်ကို မရှင်စေရာ၊ လင်ကိုသာလျှင်၊ ရှင်ပါစေမှု၊ လျင်စွာကုလိမ့်။ (မဃဒေဝ)
အဓိပ္ပါယ်က ဖခင်ဖြစ်သူနဲ့ လင်ဖြစ်သူတို့နှစ်ဦး ပြိုင်တူ သေဆုံးတဲ့အခါ သိကြားမင်းကလည်း အသက်ရှင်ဆေး တစ်လုံးကို ပေးခဲ့မည်ဆိုပါက အနန္တဂိုဏ်းဝင် ကျွေးဖခင်ကို မတိုက်ပဲ လင်ဖြစ်သူကိုသာ တိုက်ရာ၏ တဲ့..။
အမျိုးသမီးတို့ရဲ့ ဖြစ်အင်ကို အပြစ်မြင်ခြင်းမဟုတ်ပဲ ဖြစ်တတ်တဲ့ သဘာဝကို ထောက်ပြခြင်းသာ ဖြစ်ပါတယ်..။
0 Comments