Home အမျိုးသားရေး စာစု သာသနာကို ဘယ်လို ကာကွယ်မလဲ..
သာသနာကို ဘယ်လို ကာကွယ်မလဲ..
အရင်ဦးဆုံး သာသနာပြုရမည့် အကြောင်းကို မပြောဘဲ လက်ရှိမှ လက်မဲ့ဖြစ်မသွားခင် သာသနာကို ကာကွယ်ရမည့် အပိုင်းလေးတွေ ပြောချင်ပါသည်..။
အခုတလော အွန်လိုင်းပေါ်တွင် မသမာသူများက မော်ဂန်ဖရီးမင်း၏ ဓါတ်ပုံကိုတင်ပြီး (ကိုဖီအာနန်အလိုမရှိ၊ သရုပ်ပျက်ကုလား အခုထွက်သွား = WE NO NEED COFFEE ANNAN HE GO AWAY) အစရှိသော စာသားများနှင့်အတူ အကောင့်တုတစ်ခုဖြစ်သော (မဘသ- မန္တလေးတိုင်း) ဟူသော ပေ့ခ်ျဖြင့် တင်၍ ထင်ရောင်ထင်မှားဖြစ်စေရန် ရည်ရွယ်တိုက်ခိုက်နေပါသည်..။ တိုက်ခိုက်မှု၏ ရလာဘ်ကလည်း ကမ္ဘာ့မီဒီယာများဖြစ်ကြသော The Washington Post, The New Youk Time စတဲ့ သတင်းစာကြီးများမှာ “ကိုဖီအာနန်အား ဆန်ကျင်ဆန္ဒပြရာတွင် မော်ဂန်ဖရီးမင်း၏ ပုံကြီးတင်ပြီး ဖော်ပြထား” ဆိုသည့် ခေါင်းစီးမည်းကြီးနှင့် ထွက်လာပါတယ်..။
ဒီလိုပြုမူမှုသည် ဗုဒ္ဓဘာသာတွေ သွေးဆာနေသော အရေးသားများဖြစ်အောင် လုပ်ခြင်းကတစ်ကြောင်း၊ တစ်ဖက်မှာလည်း ပုံမှားပြီးကန့်ကွက်ခြင်းအတွက် မြန်မာတွေ စာမတတ်ဘူးဆိုတာကို ကမ္ဘာ့အလည်မှာချပြီး အရှက်ခွဲခြင်း ခံလိုက်ရတာပါ..။ ဒီလို စော်ကားတိုက်ခိုက်မှုမျိုးကို သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများမှ English ဘာသာဖြင့် ကမ္ဘာသိအောင် ပြန်လည်ချေပသင့်ပါသည်..။
အလားတူ အီဂျစ်နိုင်ငံတွင် Buddha Bar ဖွင့်လှစ်ထားမှု၊ မလေးရှားနိုင်ငံတွင် ရွှေတိဂုံဘုရားပုံပါ အရက်ထုတ်လုပ်ရောင်းချနေမှု၊ အမျိုးသမီးဝတ် စကတ်နှင့် လုံချည်များတွင် ဗုဒ္ဓပုံများ ရိုက်နှိပ်ထားမှုကို ဗုဒ္ဓဘာသာ ကောင်စီ အနေနှင့် ကန့်ကွက်သင့်ပါသည်..။ ပယ်ဖျက်တာမဖျက်တာ သူ့အလုပ်ပါ..။ ကန့်ကွက်ရမည်က ဗုဒ္ဓဘာသာဝင်များ၏ အလုပ်ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံတော် သံဃမဟာနာယက (မဟန)မှာ တာဝန်ရှိပါသည်..။
၂၀၁၃ - ခုနှစ်ထုတ် Time မဂ္ဂဇင်းနှင့် Santa Barbara Indepindent မဂ္ဂဇင်းကြီးမှ မစိုးရိမ်နာယက ဆရာတော် ဦးဝီရသူပုံဖြင့် ဗုဒ္ဓဘာသာအား အကြမ်းဖတ်ဘာသာအဖြစ် ဝေဖန်ရေးသားမှုကို ဘာသာဝင်များနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့မှ မိမိတို့တာဝန်သိစိတ်ဖြင့် နည်းမှန်လမ်းမှန် ထိရောက်စွာ ကန့်ကွက်သင့်ပါသည်။
ထို့သို့ မပြုလုပ်သည့်အတွက် မှန်လို့ငြိမ်နေသည့် ပုံစံဖြစ်သွားသလို ဘာသာဟာလည်း ကာကွယ်မှု မဲ့သော ဘဝသို့ ရောက်နေကြောင်းကို ပေါ်လွင်စေပါသည်..။ ပြန်လည် ချေပရာတွင်လည်း ပညာသားပါရန် များစွာ လိုအပ်ပါသည်..။ ဆူပူမှုဖြစ်စေမည့် ရေးသားချက်များကို ရှောင်ရှားဖို့ရန်တော့ အရေးကြီးပါသည်။ ပြန်လည်ရေးသားရာတွင် ကမ္ဘာသုံး English အသုံးအနှုန်းဖြင့် ရေးသားမှသာ ရေးသားချက်များဟာ ကမ္ဘာကို ဖောက်ထွင်းမည်ဖြစ်ပါသည်။
၂၀၁၃ - ဇူလိုင် -၅ ရက်နေ့တွင် ဗုဒ္ဓဂယာအား ဗုံးခွဲမှု ပြုခြင်းများကိုလည်း ဘာသာဝင်များမှ ကန့်ကွက်ရန် လိုအပ်သလို နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ကြီးမှလည်း ဝမ်းနည်းကြောင်း၊ ၎င်းလုပ်ရပ်အား ကန့်ကွက်ကြောင်း၊ ရှုပ်ချကြောင်း စသည်ဖြင့် တရားဝင်ထုတ်ပြန် ကြေငြာသင့်ပါသည်။
အထက်ပါ အဖြစ်အပျက်များအား ရေငုံနှုတ်ပိတ် ပြောဆိုခြင်း မရှိသည့်အတွက်ကြောင့် စာမတတ်သည့် သဘော သက်ရောက်နေသလို ကာကွယ်မှု မဲ့နေသည့်ပုံလည်း ပေါက်နေပါသည်..။
ကမ္ဘာအနှံ့အပြား ဗုဒ္ဓဘာသာများကို ဖိအားပေးနှိပ်ကွတ်နေခြင်းကို တာဝန်ရှိ သံဃအဖွဲ့အစည်းကြီးတွေက မသိတာဘဲလား၊ ခန္တီတရား လက်ကိုင်ထားလေသလား။ မသိလိုက် မသိဖာသာ နေခြင်းကို အားမလိုအားမရ၍ ထောက်ပြခြင်း ဖြစ်ပါသည်။
ဒီလို စော်မကားမူများကို မတုန့်ပြန်ဘဲ နေခဲ့လျှင် အနိုင်ကျင့် စော်ကားမှုများ ဆိုးသထက် ဆိုးလာနိုင်သလို ဗုဒ္ဓသာသနာတော်ကြီးသည်လည်း ကမ္ဘာ့အလည်မှာ မှန်လျှက်နှင့် မှားဘဝသို့ ရောက်ရှိနိုင်မည်ဖြစ်ပါသောကြောင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ကြဖို့ သံဃအဖွဲ့အစည်းများအား တွန်းသမှုပြုလိုက်ရပါသည်…။
ယနေ့ဗုဒ္ဓဘာသာနှင့် ထွန်းတောက်ရေးအတွေး စာအုပ်ကို မှီငြမ်းရေးသားသည်..
အရှင်ဇောတိ (နံ့သာနီ) ထိုင်းနိုင်ငံ
0 Comments