Advertisement

Responsive Advertisement

မိမိဘာသာ အကိုက်အခဲပျောက်ဆေး မသောက်သင့်သည့် နာကျင်မှုဝေဒနာ ငါးမျိုး


...............................................................................................
ကျွန်မတို့အများစုဟာ နာကျင်ကိုက်ခဲလာရင် ဘာမှ များများစားစား မစဉ်းစားတော့ဘဲ ကိုယ့်ဘာသာကိုယ် အကိုက်အခဲပျောက်ဆေး သောက်လေ့ရှိကြပါတယ်။ ဒါပေမဲ့ နာကျင်မှုဝေဒနာအားလုံးကိုတော့ အိမ်မှာ မိမိသဘောနဲ့မိမိ မကုသသင့်ပါဘူး။ အောက်ပါ နာကျင်မှုအမျိုးအစားငါးမျိုးဟာ အိမ်မှာ အကိုက်အခဲပျောက်ဆေးအသုံးပြုပြီး မကုသသင့်တာတွေပါ။

...
၁) နာကျင်တာနဲ့အတူ အဖျားရှိတာ၊ မောပန်းတာ၊ နီရဲပြီး ရောင်ရမ်းနေတဲ့ အဆစ်ဖြစ်ကာ လေ့ကျင့်ခန်းလုပ်တာကြောင့် ပိုမိုဆိုးရွားတဲ့အခြေအနေတွေ အတူဖြစ်ခဲ့ရင် သွေးကြောင့်ဖြစ်တဲ့လေးဖက်နာရောဂါဖြစ်တာမို့ ဆရာဝန်နဲ့ ပြသကုသသင့်ပါတယ်။ ဒီရောဂါဟာ နာတာရှည်ရောင်ရမ်းတဲ့ရောဂါဖြစ်တာကြောင့် မကုသဘဲ အကြာကြီးထားခဲ့ရင် အဆစ်တွေ ပုံပျက်သွားပြီး အဆစ်ရဲ့ လုပ်ငန်းဆောင်တာတွေ ဆုံးရှုံးသွားနိုင်တာကြောင့်ပါ။
...
၂) ဘယ်ဘက်လက်မောင်းမှာ နာကျင်နေတဲ့ဝေဒနာနဲ့အတူ ရင်ဘတ်ထဲမှာ တင်းတင်းကျပ်ကျပ်ဖြစ်တာနဲ့ ရင်ဘတ်နဲ့ နောက်ကျောအပေါ်ပိုင်းမှာ ဆုပ်ဆွဲထားသလိုဖြစ်တာတွေက နှလုံးသွေးကြောရောဂါဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြသပါ။ ဒီဝေဒနာတွေက နှလုံးသွေးကြောရောဂါဖြစ်တဲ့အခါမှာ နှလုံးအတွင်း သွေးရောက်ရှိမှု နည်းသွားတာကြောင့်ပါ။
...
၃) နာကျင်တဲ့ဝေဒနာနဲ့အတူ ခြေသလုံးကြွက်သားမှာ ကြွက်တက်တာ(နားနေချိန်မှာ)၊ နာကျင်တဲ့အရေပြားပေါ်မှာ ဖြူဖပ်ဖြူရော်ဖြစ်တာ၊ အေးစက်နေတာနဲ့ သွေးခုန်နှုန်း စမ်းမရတာတွေဖြစ်ခဲ့ရင် ဆရာဝန်နဲ့ ပြပါ။ သွေးပြန်ကြောတွင်းသွေးခဲ ပိတ်ဆို့မှုဖြစ်နေတာကြောင့်ပါ။
...
၎) ခါးနာတဲ့ဝေဒနာနဲ့အတူ ခြေထောက် ထုံတာကျဉ်တာ ဒါမှမဟုတ် အားနည်းတာ ဒါမှမဟုတ် ဆီး ၀မ်း မထိန်းနိုင်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်နဲ့ပြပါ။ အာရုံကြောပေါ် ဖိအားသက်ရောက်မှုဖြစ်နိုင်တာကြောင့် အရေးပေါ် ဖြေရှင်းဖို့ လိုအပ်ပါတယ်။
...
၅) ခန္ဓာကိုယ်အတွင်း ဘယ်နေရာမှာမဆို အလွန်အမင်း ပြင်းပြင်းထန်ထန်နာကျင်တာ (အထူးသဖြင့် ညအချိန်မှာ ပိုဆိုးခဲ့ရင်)နဲ့အတူ သွေးအားနည်းတာ၊ အရိုးကျိုးတာ၊ မကြာခဏရောဂါပိုးဝင်တာတွေဖြစ်ခဲ့ရင် ဆရာဝန်နဲ့ပြပါ။ အရိုးကင်ဆာဖြစ်နိုင်တာကြောင့်ပါ။

‪#‎ဒေါက်တာခင်မိုးမိုး‬
(Good Health Journal)
‪#‎Good_Health_Journal_Facebook_Page‬ တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်းပါးများကို ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/Good-Health-Journal-3907742110236…/

Post a Comment

0 Comments