ကောဓဥပါယာသ -
ဆိုဆုံးမသည်ကို မခံယူလိုသောကြောင့် လည်းကောင်း။
သြဒရိကတ္တ -
စားသောက်ချင်တိုင်း မစားသောက်ရသောကြောင့် လည်းကောင်း။
ကာမဂုဏ -
သူတစ်ပါးတို့ ကာမဂုဏ်များ ခံစားနေသည်ကို အားကျ/ခံစားလို၍ လည်းကောင်း။
မာတုဂါမ -
မာတုဂါမတို့၏ မလုံမခြုံဝတ်သည်ကို မြင်ပြီး ရာဂသောင်းကျန်းသောကြောင့် လည်းကောင်း။
(မဇ္ဈိမပဏ္ဏာသ ပါ- ၁၂၂၊ ဌ-၁၂၃၊ စတုမသုတ်)
တနည်း…..
ဣန္ဒြိယေသု အဂုတ္တဒွါရတာ - ဣနြေ္ဒခြောက်ပါးကို မစောင်စည်းခြင်းကြောင့် လည်းကောင်း။
ဘောဇန အမတ္တညူ -
စားသောက်မှု၌ အတိုင်းအရှည်ကို မသိသောကြောင့် လည်းကောင်း။
ဇာဂရိယအနုယုတ္တ -
သတိပဋ္ဌာန်လေးပါးကို အားမထုတ်သောကြောင့် လည်းကောင်း။
(သဠာ- သံ- ပါ- ၃၂၃၊ ဌ-၃၆)
ဤအကြောင်းတရားများကြောင့် ရဟန်းတော်တို့ လူထွက်ကြခြင်းဖြစ်သည်….။
0 Comments