Advertisement

Responsive Advertisement

လူတို့၏ အသက် တိုရခြင်း အကြောင်း


*************************************
အခါတပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် နွားကျောင်းလမ်းကြောင်းအနီး သဇင်မြိုင်၌သီတင်းသုံးတော်မူနေစဉ်
ပုဏ္ဏား သူကြွယ်တစ်ယောက်မှ မြတ်စွာဘုရားထံ ချဉ်းကပ်လျှောက်ထားသည်မှာ -


" အရှင်ဂေါတမ - ယခု အကျွန်ုပ်တို့ မျက်မှောက်လောက၌ လူတို့ဧ။်သက်တမ်းသည် တို၍လာကြပြီး ဆင်းရဲဒုက္ခများဖြင့် ကြုံဆုံနေကြရသည်မှာ အဘယ်ကြောင့်ပါနည်း " ဟု မေးလျှောက်ထားခြင်းပြုလေဧ။် ။
" အို - ပုဏ္ဏား ၊ ယနေ့လူတို့သည် ရှေးကမ္ဘာဦးခေတ်က လူတို့နှင့် မတူကြကုန် ၊
အဓမ္မရာဂ ရတ္တာ = မသင့်သောအရာကို အာသာငမ်းငမ်း စွဲလမ်းမှု ပြင်းစွာဖြင့် တပ်မက်ခြင်း ဖြစ်လာကုန်ဧ။် ။
ဝိသမလောဘာ ဘိဘူတာ = လိုသည်ထက်ပို၍ အလွန်အကျွံ လောဘရမ္မက် ကြီးလာကုန်ကြသည် ။
မိစ္ဆာဓမ္မ ပရေတာ = မှားသောသဘော ၊ မမှန်သော အယူအဆ ၊ ဖောက်ပြန်သော သုံးသပ်ချက်တို့ဖြင့်
တစ်ကိုယ်လုံး ဖုံးလာဧ။် ။
ထိုလူတို့သည် ဇီဝိန်ကိုခြွေ သေစေနိုင်သော ၊ ထက်လှစွာသော လက်နက်တို့ကို
ကိုင်ကြကုန်ပြီးသော်အချင်းချင်းသတ်ဖြတ်နေကြကုန်ဧ။် ။ ယင်းသို့သတ်ဖြတ်နေခြင်းကြောင့် ကလေးသူငယ် ၊လူငယ်လူကြီး ၊ မိန်းမယောက်ျားတို့ သေကြေပျက်စီး ကုန်ကြရဧ။် ။
အို - ပုဏ္ဏား ၊ ဤသို့အချင်းချင်းသတ်၍
သတ္ထန္တရကပ်ကြီး ဆိုက်ခြင်းသည် ဆင်းရဲဒုက္ခများ ကြုံကြရပြီး အသက်တိုခြင်းဧ။် အကြောင်းရင်းတစ်ရပ်ပေတည်း "
" အို - ပုဏ္ဏား ၊ တစ်ပါးသော အကြောင်းကို ငါဆိုပေဦးအံ့ ၊
အဓမ္မရာဂ ၊ ဝိသမလောဘ ၊ မိစ္ဆာဓမ္မ တည်းဟူသောတရားကို
အကျင့်ဆိုး ၊ ဥာဉ်ဆိုး ၊ ဝသီဆိုးတို့ လွှမ်းမိုးလျက်ရှိသော ယနေ့ခေတ် ယနေ့အခါ၌ လူတို့စားသောက်လုပ်ကိုင်မှု ဖြစ်မြောက်ရန်အတွက် မိုးသည်ကောင်းစွာမရွာ ၊ ရွာသည့်အခါလည်း အန္တရာယ်ကိုဖြစ်စေပြန်သည် ၊ လွန်ကဲသောအပူကိုလည်း ဖြစ်စေပြန်သည် ။
ရာသီဥတုတို့ဖောက်ပြန် ပြောင်းလဲလာသည့်အတွက် စိုက်ပျိုးသောသီးနှံများ ညံ့ဖျင်းခြင်း ၊ ပိုးကျခြင်း ၊ ဖလံဖြူနာစွဲခြင်း ၊ စိုက်ပျိုးသမျှ ပင်တံချည်းသာ ကျန်ခြင်း စသော မလိုလားအပ်သော အရာတို့သည် ဖြစ်လာကြကုန်ဧ။် ။
ယင်းသို့ မိုးခေါင်ရေရှားငတ်မွတ်ခေါင်းပါး
ခြင်းကြောင့် လူတို့သေကြေပျက်စီးကြရဧ။် ။
အို - ပုဏ္ဏား ၊ ဤသို့ ဒုဗ္ဘိကန္ခန္တရကပ် အငတ်ဘေးဆိုးကြီး ဆိုက်၍ သေကြေပျက်စီးရခြင်းသည်လည်း ဆင်းရဲဒုက္ခများ ကြုံကြရပြီး အသက်တိုခြင်းဧ။် အကြောင်းရင်း တစ်ရပ်ပေတည်း "
" အိုပုဏ္ဏား ၊ တစ်ဖန်
တစ်ပါးသောအကြောင်းဖြစ်ရပ်ကို ငါဆိုဦးအံ့ ၊
ယခုအခါ၌ လူတို့သည်ကိုယ်ကျင့်တရားပျက်စီး
ကြလေသည် ၊ ငဲ့ညှာထောက်ထား ကိုယ်ချင်းစာတရားများ ဆိတ်သုဉ်းကုန်ကြပြီ ၊ ဓနအား , လက်နက်အား , အာဏာအားတို့ကို အသုံးပြုကြပြီး ကြီးနိုင် ငယ်ညှင်း နှိပ်စက်ခြင်းတို့ပြုကြကုန်ပြီ ၊
ထိုသို့ တရားလက်လွတ်ပြုမူနေကြသဖြင့် နတ်ဆိုး ၊ ဘီလူးဆိုး ၊ မကောင်းဆိုးယုတ် မြေဘုတ် ပြိတ္တာမှူးတို့ အခွင့်သာစွာ ချယ်လှယ်နေကြသဖြင့် မကြုံဘူးသော ရောဂါဆိုးရောဂါဆန်းများဖြစ်ထွန်း
ပေါ်ပေါက်လာကြပြီး လူပေါင်းများစွာ သေကြေပျက်စီးကြရ၏ ။
အို - ပုဏ္ဏား ၊ ဤသို့ ရောဂါထူပြော ကုသရခက်စေသောကြာင့် ရောဂန္တရကပ် ဆိုက်သဖြင့် သေကြေပျက်စီးရခြင်းသည်လည်း ဆင်းရဲဒုက္ခများ ကြုံကြရပြီး အသက်တိုခြင်း
အကြောင်းရင်းတစ်ရပ်ပေတည်း "
ဟူ၍ သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရား
သည် ဤသို့ပြန်လည်ဖြေကြားတော်မူလေသည် ။
( တိကနိပါတ် ၊ အဂုင်္တ္ထိုရ် ပါဠိတော် ၊ အဓမ္မရာဂသုတ် )
dhammaransi
တဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီးကုသိုလ်တရားပွားများနိုင်ကြ
ပါစေခင်ဗျာ)

Post a Comment

0 Comments