နဂါးတို့အကြောင်း
- ပုစ္ဆာ။ ။နဂါးဟူက ရေမျိုး ရေနတ်ဟူ၍ ဆိုရိုးရှိပါသည်။ သမုဒ္ဒရာထဲ တွင်သာ နေရပါမည်ကို မြေထဲတွင်လည်း မြေနဂါး၊ မြင်းမိုရ်တောင် ခြေရင်း တွင်လည်း တောင်နေနဂါး ရှိသည်ဆိုကြပြန်ပါသည်။ တောင်နေနဂါးမှာ ထင်ရှားသည် ဖြစ်ပါတော့သည်။ မြေထဲတွင်ဆိုသောအရာသည် သမုဒ္ဒရာ၌ နေသည့်သူတို့ကိုပင်ဆိုမည်လော။ အခြားအမျိုးပင် ရှိပြန်မည်လောဟု သံသယ ရှိပါသည်။
၃၁ - ဝိသဇ္ဇနာ။ ။ရေနေနဂါး၊ မြေနေနဂါး၊ တောင်နေနဂါးမျိုး တို့တွင်မြင်းမိုရ်တောင်နေ နဂါးတို့မှာ ထင်ရှားပါပြီ။ မြေထဲတွင် နေသည့်နဂါး ဆိုသည့်အရာသည် သမုဒ္ဒရာမှာနေသည် ကိုပင်ဆိုသလော၊ အခြားပင်ရှိသေး သလောဟူရာ၌_
နဂါးအမျိုးတို့သည် တထောင့်နှစ်ဆယ့်လေးပါးပြားသည်။
ဝိသာပန စတုဗ္ဗိဓာ ဟောတိ၊ ကဋ္ဌမုခေါ ပုတိမုခေါ အဂ္ဂိမုခေါ သတ္ထမုခေါတိ စသော သာရတ္ထသင်္ဂဟပါဌ်နှင့်အညီ ကဋ္ဌမုခ၊ ပုတိမုခ၊ အဂ္ဂိပုခ၊ သတ္ထမုခဟူ၍ လေးပါး။ ထိုလေးပါးကို ဒဋ္ဌဝိသ၊ ဒိဋ္ဌိဝိသ၊ ဖုဋ္ဌဝိသ၊ ဝါတဝိသ၊ ဤအဆိပ်လေးပါးနှင့် မြှောက်၊ တဆယ့်ခြောက်ပါးဖြစ်၏၊ ထိုတဆယ့်ခြောက် ပါးကို အာဂဒဝိသနောဃောရဝိသ၊ နောအာဂဒဝိသဿာရှိသည်။ အာဂဒဝိသ ရဝိသစ၊ နေဝအာဂဒဝိသန စသောရဝိသလေးပါးနှင့်မြှောက်သော်ခြောက်ဆယ့် လေးပါးဖြစ်၏။
ထိုခြောက်ဆယ့်လေးပါးကို အဏ္ဍဇ၊ ဇလာဗုဇ၊ သံသေဒe၊ သြပပါတိက ယောနိလေးပါးနှင့်မြှောက်၊ နှစ်ရာ့ငါးဆယ့်ခြောက်ဖြစ်၏။ ထိုနှစ်ရာ့ငါးဆယ် ခြောက် ကို ရေနေ၊ ကြည်းနေနှစ်ပါးနှင့်မြောက်၊ ငါး ဆယ်နှစ်ဖြစ်၏။ ထိုငါးရာ့ တဆယ့် နှစ်ကို၊ ကာမရူပီ၊ အကာမရူပီဟု ဆိုအပ်သော ) စည်းစိမ်ရှိမရှိ နှစ်ပါး နှင့်မြှောက်၊ တထောင့် နှစ်ဆယ့်လေးပါးဖြစ်၏။ ဤသို့ခွဲဝေရာ၌လည်း ရေနေ ကြည်းနေ နှစ်ပါးရှိသည်။
ဥရေန ဂစ္ဆတီတိ ဥရော၊ သဗ္ဗသောတံနာမံ၊ သော ဒုဝိဓော ကာမရူပီ အကာမရူပီ စာတိ။ ကမရူပီ ဒုဝိ ဇလဗထလော။ ဗလာ ဗလေဟေဝ ကာမရူပီ" လဗ္ဗတိ၊ န ထလေ။ သင်္ကပါလ ာတကေ သိပါလရာဇာဝိယ ထလာ ထလေယေဝ၊ န ဗလေ-ဟု လာသော ပါဌ်၌လည်း
ကာမရူပီ၊ အကာမရူပီ နှစ်ပါးတို့တွင် ကာမရူပီလည်း ရေနေ ကြည်းနေ ရှိသည်။ ရေနေ နဂါးသည် ရေ၌သာလျှင် စည်းစိမ်ချမ်းသာကို ရ၏၊ ကြည်း၌ မရ၊ သိပါလ နဂါးမင်းကဲ့သို့ ကြည်း၌ဖြစ်သော နဂါးသည် ကြည်း၌သာလျှင် စည်းစိမ်ချမ်းသာကို ရ၏၊ ရေ၌မရဆိုသည်။ ဤသို့ရေနေ ကြည်းနေ ကိုခွဲ၍ အခြားသန့်သန့်ပင် ဆိုချေသောကြောင့် သမုဒ္ဒရာနဂါးတို့သည် ရေနေမျိုး၊ သခံပါလ နဂါးမင်းကို ဥပမာပြု၍ ပြချေသောကြောင့် သင်္ခပါလနဂါးမင်း တို့ကဲ့သို့ မြေထဲဘွင် နေသည်ကို ကြည်းနေမျိုးဟု မှတ်ရမည်။ မြေထဲတွင် နေသော ဘူရိဒတ် နဂါးမင်း ကဲ့သို့သော နဂါးကိုယူရာ၏။ မြေထဲတွင် နဂါး ရှိနေကြောင်းလည်း ပါရာဇိကဏ် အဋ္ဌကထာ၊
စတုတ္ထပါရာဇိက တပေါဒါ ဝတ္ထုအဖွင့်တွင်ဝေဘာရပဗ္ဗဘ သက်ရ ဟော ဘူမဋ္ဌကနာဂါနံ ပဉ္စယောဇနသတိကံ နာဂဘဝနံ ဒေဝလောကသဒိသံ ရမဏီယေန တလေန အာရာမှာနေဟိ သမန္နာဂတံ
စသည်ဖြင့် ဝေဘာရ တောင်၏အောက်၌ မြေနေနဂါးတို့၏ ယူဇနာ ငါးရာရှိသော နဂါး ပြည် သည် နတ်ပြည်နှင့်တူ၏။ မွေ့လျော်ဖွယ်ရှိသော မြေအပြင်ဖြင့် လည်းကောင်း၊ အရံ ဥယျာဉ်ဘို့ဖြင့် လည်းကောင်း ပြည့်စုံ၏။ ထိုနဂါးပြည်၌ နဂါးတို့၏ ပျော်ပါးရာဖြစ်သော ရေအိုင်သည် ကြည်သောရေ၊ အေးသောရေ၊ မြိန်မြတ်သောရေ၊ စင်ကြယ်သောရေ ရှိ၏။ မှော်သေးမှော်ညှိ မရှိ။ ကောင်းမြတ်သော ရေဆိပ် ရှိ၏။ မွေ့လျော်ဖွယ်ကို ဖြစ်စေတတ်၏။ လှည်းဘီးဝန်း ပမာဏရှိသော ပဒုမ္မာကြာတို့သည် ပွင့်ကုန်၏။ များစွာသော ငါး လိပ်တို့ ရှိကုန်၏၊ ထို ကိုင်မှထွက်ခဲ့သော တပေါဒါမြစ်သည် နှစ်ခုသောငရဲကြီး တို့၏ အကြားမှ စီးခဲ့၍ ရာဇဂြိုဟ်ပြည်ကို လှည့်လည်၍ စီး၏။ နာသောပြိတ္တာ ဘို့သည် ရှိကုန်၏။ ထိုအရပ်၌ နှစ်ခု သော လောဟကုမ္ဘီ ငရဲကြီးတို့၏ အကြား ဖြင့် လာသောကြောင့် တပေါဒါမည်သောမြစ်သည် ကျိုက်ကျိုက်ဆူလျက်စီး ၏ဟုဆိုသည်။ ဤသို့ မြေတွင်း၌ နဂါးတို့ရှိကြောင်းကို လာသည်။
ဟိမဝန္တာတော ဒဒ္ဒရ တောင်ခြေရင်း၌လည်း နဂါးပြည်ရှိ၏။ ထိုနဂါး တို့ကိုလည်း မြေနေ နဂါးပင်ဆိုရမည်။ ထိုနဂါးတိုပြည် ရှိကြောင်းကိုလည်း စတုက္ကနိပါတ် ဒဒ္ဒရဇာတ်၌
ဟိမဝန္တပ္ပဒေသဒဒ္ဒရပဗ္ဗတပါဒေနာဂဘဝနံ နာမအတ္ထိ။ ဟူ၍လာသည်။
သနိပါတ် ပဏ္ဍရင်္ဂနာဂရာဇာတ်၌ လာသော ပဏ္ဍရင်္ဂနဂါးတို့ကဲ့သို့ အင်္ဂုတ္တိုရ် ဧက နိပါတ် အဋ္ဌကထာ၌လာသော အရှင်ရာဟုလာအလောင်း၊ ပထဝီသန္တရ နဂါးမင်းတို့ကဲ့သို့။ သမုဒ္ဒရာထဲတွင် နေသည်ကို ရေနေနဂါးဆိုလို သည်။ ထိုအကြောင်းကိုလည်း သာရတ္ထသင်္ဂဟ၌ ယောနာဂါ မဟာသမုဒ္ဒ ဒိုမိပိဋေပိ ပဋိဝသန္တိ- စသည်ဖြင့် ဆိုသည်။
အဓိပ္ပါယ်ကား။ ။အကြင်နဂါးတို့သည် မဟာသမုဒ္ဒရာ၏ တံပိုးအပြင်၌ နေကုန်၏။ ထိုနဂါးတို့တွင် နဂါးမတို့သည် ဥတုလာသောကာလ တည်သော ကိုယ်ဝန်ကို စောင့်အံ့သောငှါ အကယ်၍ငါတို့သည် ဤသမုဒ္ဒရာ၌ သားကို ဖွားမြင်ကုန်အံ့။ငါတို့၏သားငယ် သမီးငယ်တို့သည် လှိုင်းတံပိုး၏ အဟုန်ကို လည်းကောင်း၊ ပျံ၍လာသော ဂဠုန်တို့၏ အဟုန်ကိုလည်းကောင်း သည်းခံ ခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့ဟုကြံပြီး၍ ထိုနဂါးမတို့သည် သမုဒ္ဒရာ၌ငုပ်၍ သမုဒ္ဒရာ၏ ခံတွင်းဝသို့သက်၍ ငါးစင်းသော မြစ်ကြီးတို့သို့ ရောက်လျှင် ဟိမဝန္တာသို့ ဝင်ကြလေကုန်၏။ | ဟိမဝန္တာဝယ် ဂဠုန်တို့သည် မပျံမရောက် နိုင်သော ရွှေဂူ၊ ဂူ၊ ပတ္တမြားဂူတို့၌ နေကုန်လျက် ဖွားမြင်ကုန်၏။ နဂါးငယ် တို့သည် ရှေးဦးစွာ ဖမျက်စသော ပမာဏရှိသော ရေတို့၌သက်၍ ရေကူး သင်ကုန်၏။ ထို့နောက် အကြင်အခါ၌ အစဉ်သဖြင့် ထိုနဂါးငယ်တို့သည် ဂင်္ဂါ စသည် တို့၌ ဤမှာဘက်ကမ်းမှသည် ထိုမှာဘက်ကမ်းသို့၊ ထိုမှာဘက်ကမ်း မှသည် ဤမှာဘက်ကမ်း သို့ ကူးသန်းခြင်းကို ပြုခြင်းငှါ တတ်နိုင်ကုန်၏။ ထိုအခါ ငါတိုသားငယ်တို့သည် လှိုင်းတံပိုး ၏ အဟုန်ကိုလည်းကောင်း၊
ဂဠုန်တို့၏ အဟုန်ကိုလည်းကောင်း သည်းခံခြင်းငှါ တတ်နိုင် လတ္တံ့ ဟုသိ၍ မိမိတို့၏ အာနုဘေဖြင့် ကြီးသော မိုးကိုဖြစ်စေ၍ ဟိမဝန္တာကို တပြိုင်နက် ရေအိုင်ကြီးကဲ့သို့ပြု၍ မိုးကို ရွာစေလျက် ရွှေ၊ ငွေ စသည်ဖြင့်ပြီးသော လှေကို ဖန်ဆင်း၍ အထက်၌ ရွှေကြယ်ဖြင့် ဆန်းကြယ်သော တပေါင်းတည်းသော နံ့သာဆိုင်း ပန်းဆိုင်း ပုဆိုး ဗိတာန်တို့ကို ဖွဲ့၍ သေ၊ ထမင်း၊ စည် စောင်းငြင်း စသည်တို့ကိုယူ၍ ထိုတို့ဖြင့် ငါးစင်းသော မြစ်ကြီးတို့သို့ သက်၍မဟာသမုဒ္ဒရာ သို့ ရောက်လေကုန်၏။ ထိုလေးပါးကုန်သော နဂါးတို့သည်အလံတထုပမာဏ၊ အလံတထောင် ပမာဏကြီးခြင်း ပြန်ပြောခြင်းသို့ ရောက်လေကုန်၏ဟူ လိုသည်။ ဤသို့လျှင် သမုဒ္ဒရာ၌ နဂါးတိုနေကြောင်းကို လာသည်။ ဤသို့ စသည်ဖြင့် မြေထဲနေ နဂါး ရေထဲနေ နဂါးတို့ကို ခြားနားစွာ လာသောကြောင့် အသီးအခြားမှတ်ရာ၏။
ထိုသို့ အသီးအခြားဖြစ်လျက် နဂါးဟူက ရေချိုးဟူ၍ အဘယ့်ကြောင့် ဆိုကြသနည်းဟူမူ နဂါးတို့သည် ရေ၌ ပျော်ပါးတတ်သည်။ ရေ၌ကစား တတ်ကြသည်။
ဘူရိဒတ်ဇာတ်၌ နဂါးမသည် ဗြဟ္မဒတ်မင်းကို မှာရာ၌လည်း -
ဣမေသု၊ ဤသားငယ်တို့၌။ အပ္ပမတ္တာ၊ မမေ့မလျော့။ ဘဝ၊ ဖြစ်တော် မူလေလော့။ ခေါ ပန၊ စင်စစ်သဖြင့်၊ ဣမေ၊ ဤသားငယ်တို့ကား။ ဥဒက ဗီဇကာ၊ ရေ၌ဖြစ်သော အမျိုးတို့ တည်း။ သုခုမာလာ၊ သိမ်မွေ့ ကြကုန်၏။
အကျွန်ုပ်တို့ နဂါးမျိုးသည် ရေကိုသာ အလိုရှိပါသည်။ ပြည်တော်သို့ ပြန်သောကာလ ကြီးစွာသောလှေ၌ ရေကိုသွင်း၍ သာဂရမင်.သား သမီးတော် သမုဒ္ဒာတို့ကို ကစားစေ လျက် လိုက်တော်မူပါစေ။ နေပြည်တော်သို့ရောက် ကာလလည်း ရေကန်ကြီးစွာတူး၍ ရေ၌ ကားပါစေဟူ၍ မှာလိုက်ကြောင်းကို ဟောတော်မူသည်။
ဇိနာလင်္ကာရဋီကာ၊ လောကဒီပနီ ကျမ်းတို့၌လည်း-
သိနေရုပဗ္ဗတဿ ဟော တိကူဌာနံ မ ပံသုပထဝီ အတ္ထိယေဝ၊ ပံသုပထဝိယံ ရတန ဝါလိကပိဋေ ဒသယောဇနသဟဿ အသုရပုရံ အဟောသိ။ တိကူဠတော ဗဟိ ပံသုပထဝီ မတ္ထကေ ရတနာဝါလိက ပုစ္ဆာ။ တသို့"နာဂါ ဝသန္တိ။ အသုရာနဉ္စ နာဂါနဉ္စ ဂမနာ ဂမန ကာလေ တေသံ ဣ န ဥဒကေပိ မဂ္ဂ ပညာယတို့။ တတ္ထ ဥဒကံ စတုရာသီဘီ သဟဿဂမ္ဘီရ- ဟုလာသည်။
မြင်းမိုရ်တောင်၏ အောက်၌ သုံးခုသော အထွတ်တို့၏ အလယ်၌ ပံသုပထဝီရှိ၏။ပသုပထဝီ အထက်အပြင် ရတနာသဲစု၌ ယူဇနာတချောင်း ရှိသော အသုရာပြည်သည်ရှိ၏။ သုံး ခုသော အထုတ်မှပြင် ပံသုပထဝီထိပ်၌ ရတနာသဲစုဖြင့်ပြည့်၏၊ ထိုသဲစု၌ နဂါးတို့သည်နေကုန် ၏။အသုရာတို့သည် လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း သွားလာသော ကာလ၌ ထို အသုရာ နတ်နဂါးတို့၏အာနုဘော်ကြောင့်ရေ၌ခရီးလမ်းတို့သည် ထင်ကုန်၏၊ ထိုရေသည် ယူဇနာ ရှစ်သောင်းလေးထောင်နက်၏ဟုဆိုသည်။
ထိုကြောင့် မြင်းမိုရ်တောင်ခြေရင်း၌ နဂါး တို့သည် သီဒါရေထဲ၌နေသည်ဟု သိသာသည်။ သာရတ္ထသင်္ဂဟကျမ်းတွင်လည်း
တတ္ထ နာဂါ ဥဒကေ ဗလဝါတိ သိနေရုဿ ပဌမာလိန္ဒ ဧတေသံ အာရက္ခာ။ဟုလာသောပါဌ်နှင့်အညီ _
မြင်းမိုရ်တောင်၏ အာလိန် ငါးရပ်တွင်လည်း နဂါးတို့သည် ရေ၌ အားကြီးသောကြောင့် ပဌမအာလိန်၌ အစောင့်အရှောက် ထားကြောင်းကို ဆိုသည်။
ဓမ္မပဒကျမ်းတွင်လည်းအနဝတတ်အိုင်၌ ပဏ္ဏကနဂါးမင်းနေကြောင်း၊ မုစလိန္ဒအိုင်၌ မုစလိန္ဒနဂါးနေကြောင်း၊ ဥရုဝေလမြစ်၌ ဥရုဝေလနဂါး နေကြောင်း၊ ဂယာမြစ်၌ အဂ္ဂိဒဎု နဂါးနေကြောင်း၊ ဂင်္ဂါမြစ်၌ ဘုရားသခင် ကူးတော်မူသောအခါ နဂါးတို့လှေဖန်ဆင်း၍ ပိုလိုက်ကြောင်း၊ နဂါးပြည်သို့ ဘုရားသခင်ကို ပင့်၍သွားကြောင်း၊ နမ္မဒါမြစ်၌ နမ္မဒါ နဂါးနေကြောင်း၊ ဘုရားသခင်ကို နဂါးပြည်သို့ပင့်၍ သွားကြောင်း သင်္ဃမိတ္တာထေရီသည် ဗောဓိပင်ကိုဆောင်၍ သမုဒ္ဒရာကို ကူးသောအခါ နဂါးတို့ ရေကနေ၍ မိမိ တို့ပြည်သို့ ပင့်၍ သွားကြောင်း၊ ဧရာပထနဂါး ဂင်္ဂါမြစ်ထဲကပေါ်လာကြောင်း၊ မဏိကဏ္ဏနဂါး ရေထဲကပေါ် လာကြောင်းတို့ကိုဆိုသည်။ သို့ဖြစ်၍ နဂါးတို့ကို ရေနတ်ဟူ၍ ခေါ်ဝေါ်ကြလေသည်။
တိပိဋက (မြန်မာပြန်)
0 Comments